ကိုဗစ်ကာလ Home Garden အတွက် သျှမ်းပြည် အစိုးရ မျိုးစေ့ပေးမည်

ကိုဗစ်-၁၉ ကာလတွင် မိမိအိမ်တွင်း Home Garden စိုက်ပျိုးနိုင်ရန်အတွက် သျှမ်းပြည် အစိုးရ က မျိုးစေ့များ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

 

Photo by SHAN

အဆိုပါ Home Garden စိုက်ပျိုးနိုင်ရန်အတွက် သျှမ်းပြည်နယ်တွင်း ၁၂ ခရိုင်ရှိ မြို့နယ် ၁၂ မြို့ တွင် မျိုးစေ့ ၅ မျိုး ပါသော မျိုးစေ့ထုတ် သုံးသိန်းခုနှစ်သောင်းကျော် ဖြန့်ဝေ သွားမည် ဖြစ်သည်။

“ခရိုင် ၁၂ ခရိုင်မှာ ရှိတဲ့ မြို့တွေကို အရင်စပြီးတော့ လုပ်မယ်။ အဓိက stay home တွေ ရဲ့ ရပ်ကွက်နေ ပြည်သူတွေ ဈေးတွေ မသွားရတော့ဘူး။ လူစည်ကားတဲ့ နေရာမှာ ဈေးမဝယ်ရတော့ဘူးဆိုတော့ ဒီဟာလေးကို ဆောင်ရွက်တာပါ။”ဟု သျှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှပြည်နယ်ဦးစီးမှူး ဦးတင်ဦး က ပြောသည်။

Photo by SHAN

သျှမ်းပြည်တွင်းရှိ ခရိုင် ၁၂ ခရိုင်တွင် တောင်ကြီး၊ လွိုင်လင်၊ လင်းခေး၊ လားရှိုး၊ ကျောက်မဲ၊ မူဆယ်၊ မိုးမိတ်၊ လောက်ကိုင်၊ ဟိုပန်၊ ကျိုင်းတုံ၊ မိုင်းဆတ် နှင့် တာချီလိတ် အိမ်ထောင်စုပေါင်း (၁၅၀၅၁) ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သိရသည်။

“ကိုဗစ်ကာလမှာ ရပ်ကွက်နေပြည်သူအားလုံး မိမိအိမ်ခြံဝန်းထဲမှာ တစ်နိုင်တစ်ပိုင် စားသောက်စိုက်ပျိုးနိုင်အောင်ဆိုပြီးတော့ ကျနော်တို့ စီစဉ်ဆောင်ရွက်တာပါ” ဟု ဦးတင်ဦး က ပြောသည်။

ဧပြီ ၄ ရက်နေ့မှ စပြီး ဂျွန်လ ၆ ရက်နေ့ထိ ဆောင်ရွက်သွားမည့် Pilot Project ဖြစ်သည်။ အိမ်ထောင်စု တစ်စုကို အနည်းဆုံး မျိုးစေ့ ၅ မျိုး ပေးမည်ဖြစ်ပြီး ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မုန်ညှင်း၊ ဥစားပြောင်း နဲ့ ဗူး တွေဖြစ်ကြောင်း သိရသည်။

Leave a Comments

SHARE