Friday, April 26, 2024

သျှမ်းတောင် ကိုဗစ် သံသယလူနာ ၉ ဦး Negative ဖြစ်

Must read

သျှမ်းပြည်တောင်ပိုင်းတွင် ကိုဗစ် – ၁၉ သံသယလူနာ ၉ ဦး၏ ဓါတ်ခွဲနမူနာ Negative ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုဗစ် -၁၉ သံသယ ရှိသူများကို မေလ ၂၀ ရက်တွင် ရန်ကုန် အမျိုးသား ကျန်းမာရေး ဓါတ်ခွဲခန်းသို့ ဓာတ်ခွဲနမူနာ ပို့ပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။

Photo by NRC

“၉ ဦးစလုံးက လွိုင်လင်မြို့နယ် နဲ့ မောက်မယ်မြို့နယ် တို့ဖြစ်ပါတယ်။ ၉ ယောက်လုံးကလည်း ပိုးမတွေ့ဘူး”ဟု ပြည်နယ် အထူးရောဂါနိမ်နင်းရေး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ က ပြောသည်။

သျှမ်းပြည်တောင်ပိုင်း နှင့် သျှမ်းပြည်မြောက်ပိုင်းတွင် ကိုဗစ်-၁၉ ပိုးရှိလူနာ ကင်းစင်ပြီး သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံပြည်သူ့ဆေးရုံမှာ တက်ရောက်ဆေးကုသခံယူနေသည့် ကိုဗစ် – ၁၉ ပိုးရှိလူနာ ၂ ဦး သာ ကျန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကိုဗစ် – ၁၉ ပိုးရှိလူနာ ၁၉၉ ဦး ရှိပြီး ပြန်လည်သက်သာလာသူ ၁၀၈ ဦး နှင့် သေဆုံးသူ ၆ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article