Wednesday, January 28, 2026

RCSS/SSAအဖွဲ့ဝင် ၄ဦး၊ မြန်မာ့တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အတွင်း RCSS တပ်ဖွဲ့ဝင် ၄ ဦးကို ဆက်ကြေးကောက် သံသယရှိသည်ဟု စွပ်စွဲကာ အစိုးရ တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု စုံစမ်းသိရှိရသည်။

Photo by Tai Freedom/ facebook

အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားသည့် တပ်ဖွဲ့မှာ ကျိုင်းတုံအခြေစိုက် ရွှေတြိဂံတိုင်း စစ်ဌာနချုပ် တပ်ရင်း ၂၄၅ နှင့် စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ တို့ဖြစ်ကြောင်း ကျိုင်းတုံမြို့ရှိ RCSS/SSA ၏ ဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းစောမိဏ်း က ပြောသည်။

“သူတို့ စွပ်စွဲတာပါ။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေဟာ RCSS ရဲ့ မူဘောင်အရ အကူညီတောင်းတယ်ဆိုတာ တစ်မျိုးလေ အတင်းအဓမ္မ မဟုတ်ပါဘူး။ ပြည်သူလူထုကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ဆိုတာ ကျနော်တို့လည်း နားလည်သဘောပေါက်ပါတယ်” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းစောမိဏ်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မေလ ၁၈ ရက်က ဖမ်းဆီးခေါ်ဆောင်သွားသည့် RCSS တပ်ဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသမီး တစ်ဦး တို့ကို ကျိုင်းတုံမြို့မ ရဲစခန်းတွင် ပုဒ်မ ၃၆၈/၁၁၄ ဖြင့် အမှုဖြင့် အရေးယူထားကြောင်း သိရသည်။

“ လက်ရှိမှာသူတို့ ၄ဦးကို ဆက်ကြေး ကောက်တယ်ဆိုတဲ့ ကိစ္စနဲ့ အမှုဖွင့်ထားတာ ဟုတ်ပါတယ်။ ဒါပေမယ့် စိစစ်ဖို့ ရှိသေးတယ်။ ကျနော်တို့ သွားတွေ့ဖို့ အစီအစဉ်ရှိပါတယ်” ဟု ဒုဗိုလ်မှူးကြီး စိုင်းစောမိဏ်း ကဆိုသည်။

RCSS/SSA တပ်ဖွဲ့ဝင် ၄ဦးကို လာရောက် ဖမ်းဆီးသည့် အချိန်တွင် စရဖ အရာရှိ ၈ဦး နှင့် ရွှေတြိဂံတိုင်း စစ်ဌာနချုပ် တပ်ရင်း ၂၄၅ မှ တပ်သား ၁၁ ဦး တို့လာရောက်ဖမ်းဆီးကြောင်း၊ ယခုကဲ့သို့ဖမ်းဆီးမှုပုံစံလည်း မှားယွင်းနေကြောင်း ဒုဗိုလ်မှူးကြီး စိုင်းစောမိဏ်း က ထပ်လောင်း ပြောသည်။

RCSS/SSA သည် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီစာချုပ် (NCA )လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ဆက်ကြေးကောက်ခြင်း နှင့် အကူအညီ သွားရောက်တောင်းခံခြင်း သည် မတူညီကြောင်း RCSS ဘက်မှ ပြောကြားသည်။

“အကူညီတောင်းတယ်ဆိုတာ ကျနော်တို့ အဖွဲ့က ရှိတော့ရှိတယ်။ ဆက်ကြေးကောက်တယ်ဆိုတာက သူတို့ အမြင်သဘောဖြစ်သွားပြီ။ သူတို့ အမြင် နဲ့ ကျနော်တို့ အမြင် မတူဘူးလေ။ ဆက်ကြေးဆိုတာက အတင်းအဓမ္မသွားကောက်တာတွေ သွားတောင်း တာနဲ့ သွားကောက်တာ မတူဘူးလေ အမြင်ကွဲသွားတာပေါ့နော်”ဟု ဒုတိယ ဗိုလ်မှူးကြီး စိုင်းစောမိဏ်း ကပြောသည်။

RCSS/SSA တပ်ဖွဲ့ဝင် ၄ဦးကို ဖမ်းဆီးပြီး ကျိုင်းတုံရဲစခန်းတွင် ထားရှိထားသည် ဟု သိရှိရသည့်အတွက် သျှမ်းသံတော်ဆင့် မှ ကျိုင်းတုံ ရဲစခန်းကို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်သော်လည်း ဆက်သွယ်မရရှိခဲ့ပေ။

ထို့အပြင် တပ်ပိုင်းဆိုင်ရာ ကိစ္စဖြစ်သည့် အတွက် မြန်မာ့တပ်မတော် သတင်းမှန်ပြန်ကြားရေးကို လည်း သျှမ်းသံတေ်ဆင့် က ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခြင်း မရှိပေ။

ထိုအမှု နှင့် ပတ်သက်ပြီး RCSS/SSA ဘက်မှ ရင်ဆိုင်ဖြေရှင်းသွားမည် ဟု လည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

နိုင်ငံရေး ပြဿနာနှင့် အမြင်မတူခြင်းကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲခဲ့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

0
သျှမ်းပြည်တော်လှန်ရေး (၆၇) နှစ်ကာလအတွင်း နိုင်ငံရေး ပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။ ယနေ့ မေလ ၂၁ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာထဲတွင်...