တောင်ကြီးတွင် ညမထွက်ရအမိန့်ကို ၂ နာရီ ဖြေလျော့ပေး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ထုတ်ပြန်ထားသည့် ည မထွက် ရအမိန့်ကို ယနေ့ မှ စပြီး ၂ နာရီ ဖြေလျော့ ပေးမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ မေလ ၁၅ ရက်နေ့မှ စတင်ပြီး ည မထွက်ရ အမိန့်ကို ည ၁၂ နာရီ မှ မနက် ၄ နာရီ ထိ ၂ နာရီ ဖြေလျှော့ ပေးထားပြီ ဖြစ်ကြောင်း တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဟုတ်တယ် ဒီနေ့က စပြီး ၂ နာရီ ဖြေလျှော့ပေးထားတယ်။ ခရီးသွားလာမှုတော့ ရှိတယ်။ ကျန်းမာရေး ထောက်ခံစာတွေ နဲ့ သွားလာရတာပေါ့။ ရပ်ကွက်မှာ နေထိုင်ကြောင်း ထောက်ခံစာတွေ ပါရမယ်။”ဟု ဦးဖြိုးမင်းထိုက် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

Covid 19 ကူးစက်ပျံ့ပွါးမှုထိန်းချုပ်နိုင်ရေးအတွက် ညမထွက်ရအမိန့်ကို ဧပြီလ ၂၂ ရက်နေ့က အစိုးရက စတင်ထုတ်ပြန်ရာ မေလ ၁၅ ရက်နေ့အထိ ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်းအချိန် အိမ်ပြင်မထွက်ရ ဟုဖော်ပြထားပါသည်။

အလားတူ ည မထွက် ရ အမိန့် အား တခြား မြို့နယ်များတွင်လည်း ဖြေလျော့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ မှ မေလ ၁၅ ရက်နေ့ အထိ ရောဂါပိုး ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး ကာလ အဖြစ် သတ်မှတ်ထားပေမယ့် မေလ ၃၁ ရက်နေ့ အထိ ရက် တိုးသတ်မှတ် ထားကြောင်း ထုတ်ပြန်ထားသည်။


eastern_breeze
SHARE