Tuesday, January 27, 2026

ကိုဗစ်-၁၉ လူနာအမှတ် ၁၄ လားရှိုးဆေးရုံမှ ဆင်းခွင့်ရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုး ပြည်သူ့ဆေးရုံ တွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်-၁၉ အမှတ် (၁၄) သည် ယနေ့ ဆေးရုံမှ ဆင်းခွင့်ရကြောင်း လားရှိုးပြည်သူ့ဆေးရုံ မှ စုံစမ်းသိရှိရသည်။

 

Photo by Khun Zaw Oo Vj/ Facebook

ယနေ့ မေလ ၂ ရက် လူနာ အမှတ် (၁၄) လားရှိုးပြည်သူ့ဆေးရုံမှ ဆင်းခွင့်ရပြီး ကျောက်မဲဆေးရုံတွင် ၁ ပတ်စောင့်ကြည့်သွားမည်ဖြစ် ဖြစ်ကြောင်း သိရသည်။

“ပြောရရင်တော့ ကျောက်မဲ လူနာ အမှတ် ၁၄ က လားရှိုး ဆေးရုံကို စရောက် ကတည်းက ၁ ရက် ၂ ရက်လောက်က သူ လုံးဝ နေကောင်းသွားတာပါ။ နမူနာယူပြီး ပြန်စစ်တဲ့ချိန်မှာ ပိုးက မကုန်လို့ ဆေးရုံမှာ ဆက်ထားပြီး ကုနေရတာ။ နောက်ဆုံး ၂ ကြိမ် စစ်တဲ့ခါမှာတော့ ပိုးမတွေ့တဲ့အတွက် ဒီနေ့ပဲ ဆေးရုံက ဆင်းခွင့်ပေးလိုက်တာ ဖြစ်ပါတယ်”ဟု လားရှိုးပြည်သူ့ဆေးရုံ မှဒေါက်တာဉာဏ်မြင့် ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

သို့သော် လားရှိုးပြည်သူ့ဆေးရုံ မှ ဆင်းခွင့်ပေး သော်လည်း ကျာက်မဲဆေးရုံတွင် ၁ ပတ်စောင့်ကြည့်ထားပြီး၊ လူနာကျန်းမာရေးကောင်းပါက ကျောက်မဲဆေးရုံ မှ ဆင်းခွင့်ထပ်ပေးကာ လူနာ အိမ်တွင် ၂ ပတ် ဆက်နေထိုင်ပြီး မည်သူနှင့်မျှ ထိတွေ့ခွင့် ပေးမည်မဟုတ်ဘဲ ဆက် စောင့်ကြည့် သွားမည်ဖြစ်ကြောင်း သိရသည်။

“နောက် ၂ ပတ်နေပြီးရင် ပြန်လည် စစ်ဆေးသွားမယ်။ လားရှိုးဆေးရုံမှာ ပိုးတွေ့လူနာ က တစ်ယောက်ပဲ ရှိပါတယ်” ဟု ဒေါက်တာဉာဏ်မြင့် ကပြောသည်။

ပိုးတွေ့ လူနာ အမှတ် ၁၄ သည် လားရှိုးဆေးရုံသို့ မတ်လ ၃၁ ရက်နေ့ မှ မေလ ၂ ရက်နေ့ထိ ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာ ၁၄ သည် ကျောက်မဲမြို့ တွင်နေထိုင်သူ ဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် အမျိုးသားဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့ သို့ မတ် ၂၅ရက် တွင် ရောက်ရှိလာခဲ့ကာ တာချီလိတ်မြို့တွင် ၂ ည တည်းခိုခဲ့ပြီး မတ်လ ၂၈ ရက်နေ့မှာ မန္တလေးမြို့သို့ လေယာဉ်ဖြင့် လာကြောင်း ထိုမှ တဆင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ သို့ ကိုယ်ပိုင် ကားဖြင့် ပြန်ခဲ့ကြောင်းသိရသည်။

သျှမ်းပြည်နယ်တွင် Covid-19 ပိုး ရှိသူ ၇ ဦး အနက် ၂ ဦးသည် ပိုးကင်းစင် သူ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးပြည်သူ့ဆေးရုံနှင့် စစ်ကောင်စီ ဌာနဆိုင်ရာများ ရုံးလုပ်ငန်းစတင်လည်ပတ်

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ရုံးများနှင့် ပြည်သူ့ဆေးရုံကြီးတို့ လုပ်ငန်းစတင်လည်ပတ်နေကြောင်း စုံစမ်းသိရသည်။ တရုတ်အကူအညီဖြင့် စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်တွင် ယမန်နေ့ (မေလ ၁ ရက်) မှ စတင်ပြီး စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာန၊ လူဝင်မှုကြီးကြပ်ရေး လဝက၊ မြို့နယ်ပညာရေးမှူးရုံးနှင့် ပြည့်သူ့ဆေးရုံကြီးတို့ စတင်ဖွင့်လှစ်ပြီး...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...