Wednesday, January 28, 2026

သျှမ်းပြည်တွင်း ညမထွက်ရ အချိန်အတိုးအလျော့ ပြုလုပ်ရန် ရှိ

သျှမ်းပြည်တွင်း ည မထွက်ရ အမိန့် သည် ရောဂါ အခြေနေပေါ် မူတည်ပြီး အချိန်အတိုးအလျော့ ပြုလုပ်သွားရန် ရှိကြောင်း သျှမ်းပြည် အစိုးရ က ပြောဆိုလိုက်သည်။

Photo by SHAN

အဆိုပါ အမိန့်သည် COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဧပြီ ၂၀ ရက်နေ့မှ စတင်ကာ ည ၁၀ နာရီမှ မနက် ၄ နာရီထိ ဖြစ်ပြီး ၎င်း ထုတ်ပြန်ချက်သည် မေလ ၁၉ ရက်နေ့ ထိ ဖြစ်ကြောင်း သိရသည်။

“အဓိက တော့ ရောဂါထပ်ဖြစ်ပွားမှုမရှိစေရန် နဲ့ ကာကွယ်ထိန်းချုပ် ကုသ တုံ့ပြန် ကုသနိုင်ရေးအတွက် အဓိက ရည်ရွယ်ပါတယ်။ တကယ်လို့ ရောဂါဖြစ်ပွားမှုများလာတယ်။ ရောဂါ ထိန်းချုပ်နိုင်မှုပေါ် မူတည်ပြီးတော့ အချိန် အတိုးအလျော့ လုပ်သွားဖို့ အစီစဉ်ရှိပါတယ်။” ဟု သျှမ်းပြည် အစိုးရ ပြောခွင့်ရ စီမံကိန်း နှင့် ဘဏ္ဍရေးဝန်ကြီး ဦးစိုးညွန့်လွင် ကပြောသည်။

သျှမ်းပြည်တွင်းရှိ မြို့နယ် ( ၅၅) မြို့နယ်အနက် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့နယ် (၂) မြို့နယ် နှင့် ဝင်မရမြို့နယ် ၅ မြို့နယ် မှ လွှဲပြီး ကျန် ၄၈ မြို့နယ် တွင် ည မထွက်ရ အမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။

သျှမ်းပြည် အစိုးရ အနေဖြင့် ညမထွက်ရ အမိန့်ကို ယနေ့ထုတ် ယနေ့အတည်ပြု ခြင်းသည် သျှမ်းပြည် လူထုများအတွက် အဆင်မပြေမှုများဖြစ်ကြောင်း လည်း သျှမ်းမြောက်ဒေသခံများက ပြောဆိုလိုက်သည်။

“ညမထွက်ရ အမိန့်သည် လုံခြုံရေးအတွက် ပိုကောင်းပေမယ့် ဒီလို ထုတ်ပြန်မယ်ဆိုတာ ပြည်သူကို ကြိုတင်အကြောင်းကြားရင် ပိုအဆင်ပြေတာပေါ့။ အခုထုတ် အခု အတည်ပြုပြီးတော့ တခါတည်း လုပ်လိုက်တော့ မဖြစ်သင့်ဘူးပေါ့ဗျာ။” ဟု မူဆယ်ဒေသခံ စိုင်းအောင် ကပြောသည်။

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင်လည်း COVID-19 ကာကွယ်နိုင်ရန်အတွက် ညမထွက်ရ အမိန့် ကို ဧပြီ ပထမ ပတ်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် COVID-19 လူနာ ( ၁၁၁)ဦးရှိပြီး၊ သျှမ်းပြည်တွင်း COVID-19 ရောဂါပိုး တွေ့ရှိသူ ၄ ဦး ရှိပြီ ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ကြောင့် သေဆုံးသူ ၅ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

ကျန်းမာရေး အကြောင်းပြ နေအိမ်များ လူတစ်စု ဆေးလိုက်လံဖြန်းနေ

0
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်းရှိ ပြည်သူနေအိမ်များကို ကျန်းမာရေးအရ ဟု အကြောင်းပြကာ နေအိမ်များထဲ ပိုးသတ်ဈေးဖြန်းခြင်း၊ နေအိမ်ကို ဆေးသုတ်ပေးခြင်းများ ပြုလုပ်လာနေကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ် တို့တွင် ကျန်းမာရေးအရ ဟုဆိုပြီး နေအိမ်များထဲ ပိုးသတ်ဆေး လိုက်လံဖြန်းပေးနေကြောင်း သိရသည်။ “...