Tuesday, January 27, 2026

COVID-19 ကြောင့် အမျိုးသားလုံခြုံရေး ထိခိုက်မည်ကို RCSS စိုးရိမ်

COVID-19 ကြောင့် အမျိုးသားလုံခြုံရေး ထိခိုက်မည်ကို စိုးရိမ်သဖြင့် သျှမ်းပြည်အတွင်း ရှိမြို့နယ် ၂၀ ကျော် ကို ကာကွယ်ရေး ပစ္စည်းများထောက်ပံ့လှူဒါန်းသွားမည် ဟု RCSS/SSA က ပြောသည်။

ထို သျှမ်းပြည် အတွင်းရှိ မြို့နယ် ၂၀ ကို COVID-19 တားဆီးကာကွယ်ရေး လှူဒါန်းရန် အတွက် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (PMC) အဖွဲ့မှ ဦးဆောင် သွားမည် ဟု PMC မှ ကိုယ်စားလှယ် ဗိုလ်ကြီး စိုင်းခမ်းဆေး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ဒီရောဂါ ဖြစ်လာရင် တမျိုးသားလုံး ထိခိုက်နိုင်တယ်။ ဒါတွေက အမျိုးသားလုံခြုံရေး အောက်မှာရှိတော့ အမျိုးသားလုံခြုံရေးကို လည်း ထိခိုက်လာနိုင်တယ်” ဟု ဗိုလ်ကြီး စိုင်းခမ်းဆေး က ဆို သည်။

RCSS/SSA အနေဖြင့် လူထုနှင့်လက်တွဲပြီး အတတ်နိုင်ဆုံး ကူညီသွားမည် ဟု လည်း ဆိုပါသည်။

RCSS/SSA) ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (PMC) အဖွဲ့

RCSS ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ နှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး COVID-19 ကာကွယ်ရေးဖြစ်သည့် PPE ဝတ်စုံ ၊ Mask ၊ Hand Gel ၊ ပိုးသတ်ဆေး နှင့် လိုအပ်သော ပစ္စည်းများကို ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ဗိုလ်ကြီး စိုင်းခမ်းဆေး က ပြောသည်။

“သျှမ်းပြည်တွင်းရှိမြို့နယ် ၂၀ အ တွက် လှူဖို့ စီစဉ်ထားတယ်၊ မြို့နယ်အားလုံးကူညီချင်ပေမယ့် ပစ္စည်းတွေက မပြည့်စုံသေးဘူး” ဟု ဗိုလ်ကြီး စိုင်းခမ်းဆေး ကပြောသည်။

RCSS ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ မှသွားရောက်လှူဒါန်းမည့် မြို့များမှာ မိုင်းပွန်၊ လွိုင်လင်၊ ပင်လုံ၊ နမ့်စန်၊ ခိုလမ်၊ မိုင်းနောင်၊ ဝမ်စိမ်း၊ မိုင်းရှုး၊ ကျေးသီး၊ မိုင်းကိုင်၊ လဲချား၊ လင်းခေး၊ မိုင်းပန်၊ မောက်မယ်၊ ကျိုင်းတုံ နှင့် တာချီလိတ် စသည့်မြို့နယ်များ ဖြစ်ကြောင်း သိရသည်။

COVID-19 ကြောင့် လက်ရှိ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအားလုံး ရပ်ဆိုင်းထားရပြီး၊ ဧပြီလ အတွင်း ကျင်းပမည့် သျှမ်း အမျိုးသားအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲလည်း ရပ်ဆိုင်းထားရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

နိုင်ငံရေး ပြဿနာနှင့် အမြင်မတူခြင်းကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲခဲ့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

0
သျှမ်းပြည်တော်လှန်ရေး (၆၇) နှစ်ကာလအတွင်း နိုင်ငံရေး ပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။ ယနေ့ မေလ ၂၁ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာထဲတွင်...

“တော်လှန်ရေးဝိညာဉ်” မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

0
မြန်မာပြည် မြေပုံရဲ့ ၄ ပုံ ၁ ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အရှုပ်အထွေးပေါင်းများစွာ စစ်ရေးယမ်းငွေ့တွေနဲ့ ပြည့်နှက်လာခဲ့တာ နှစ်ပေါင်း (၇၀) နီးပါးရောက် ရှိခဲ့ပါပြီ။ သျှမ်းပြည်မှာ သယံဇာတတွေ ပေါကြွယ်ဝပြီး တိုင်းရင်းသားလူမျိုးစုံ နေထိုင်တဲ့ဒေသဖြစ်သလို စစ်လက်နက်ကိုင်တွေလည်း ပေါများတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ စစ်လက်နက်ကိုင်တွေရဲ့ ရည်မှန်းချက်တွေက...