Tuesday, January 27, 2026

သီပေါမြို့နယ်တွင် မိသားစုဝင် ၅ ဦး ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါ မြို့နယ် ကုံးမုံ ကျေးရွာ အနီးတွင် မိသားစုဝင် ၅ ဦး သေနတ်ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

Photo by ကိုမျိုး/ နယ်စည်းမခြား ပရဟိတ (သီပေါ)

ဧပြီလ ၉ ရက်ယနေ့မနက်ပိုင်းက အဆိုပါ မိသားစု ၅ ဦး ပစ်သတ်ခံရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့ မှ လာရောက် ပစ်ခတ်သွားသည်ကို မသိရှိကြောင်း၊ ပစ်သတ်ခံရသူများမှာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး နှင့် အသက် ၁၂ နှစ် အရွယ် ယောင်္ကျားလေး တဦး ပါဝင်ကြောင်း အလောင်းသွားသယ်သည့် နယ်စည်းမခြား ပရဟိတ (သီပေါ) မှ ကိုမျိုး က သျှမ်းသံတော်ဆင် သို့ပြောသည်။

“ မနက် ၉ နာရီက ရဲ က ကျနော်တို့ကို အလောင်းလာသယ်ဖို့ ဖုန်းဆက်လာတယ်။ မိသားစုဝင်တွေ လို့ယူဆရတယ်။ သေနတ်ပစ်သတ်ခံရတဲ့ဒဏ်ရာတွေပါ” ဟု ကိုမျိုး က ဆိုသည်။

Photo by ကိုမျိုး/ နယ်စည်းမခြား ပရဟိတ (သီပေါ)

သေနတ်ပစ်ခံရသည့် မိသားစု ဝင် ၅ ဦးသည် မည်သည့်အချိန်တွင် ပစ်ခံထားရ မှန်းမသိ ရှိကြောင်း၊ သေ နတ်ပစ်ခံရသည့်နေရာသည် သီပေါမြို့ ကုံးမုံကျေးရွာ အတွင်း တောထဲ တွင် ဖြစ်ကြောင်း ကိုမျိုးက ထပ်လောင်းပြောသည်။

“ ကုံးမုံကျေးရွာ မှာ ကျနော်တို့ အလောင်းသယ်တာ ဒါနဲ့ဆို ၁၈လောင်းရှိပြီ” ဟု ကိုမျိုးက ဆိုသည်။

သီပေါမြို့နယ် ကုံမုံကျေးွရာ ပတ်ဝန်းကျင်ဒေသတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူများ၊ သုံးစွဲသူများ ကျင်လည်လှုပ်ရှားသည့် နေရာ ဖြစ်ကြောင်း သီပေါမြို့ခံ အမျိုးသား စိုင်းစိုင်း က ပြောသည်။

Photo by ကိုမျိုး/ နယ်စည်းမခြား ပရဟိတ (သီပေါ)

“ အဲ့နေရာက မူးယစ်ဆေးတွေ လုပ်တဲ့သူများတယ်။သာမာန် ဘယ်သူမှ မသွားကြဘူး။ အဲ့နေရာကို သက်ဆိုင်ရာ ရှင်းလင်းပေးဖို့ဒေသခံတွေ မကြာခဏ ပြောပါတယ်” ဟု စိုင်းစိုင်း ကဆိုသည်

ထိုနေရာသည် မကြာခဏ သေနတ်ပစ်သတ်ခံရသော်လည်း တရားခံ တကြိမ် တခါမျှ ဖမ်းဆီးခံရခြင်းမရှိကြောင်း သီပေါမြို့ဒေသခံများက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သီပေါမြို့နယ် ရဲစခန်းကို သျှမ်းသံတော်ဆင့်က ကြိုးစားပြီး ဆက်သွယ် မေးမြန်းရာ ပြန်လည် ဖြေကြားခြင်းမရှိပေ။

ကုံးမုံ ကျေးရွာ အနီးတွင် ယခုနှစ် ဇန်နဝါရီ ၁၁ ရက်က အမျိုးသား ၂ဦးသေနတ်ပစ်သတ်ခံပြီး၊ ဇန်နဝါရီ ၂၄ ရက်ကလည်း အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁ ဦး သေနတ်ပစ်သတ်ခံရသည်။

ထိုနည်းတူ ယမန်နှစ် ဒီဇင်ဘာ ၂၈ ရက်တွင်လည်း အမျိုးသား ၃ဦး သေနတ်ပစ်သတ်ခံရသည်။

သီပေါမြို့နယ် အတွင်း တိုင်းရင်းသား လက်နက်ကိုင် ပေါင်းစုံ၊ အစိုးရ တပ်မတော်နှင့် ပြည်သူ့စစ်များ လှုပ်ရှားသည့်နေရာတခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် မန်ဝိန်းပြည်သူတစ်ဦးကို ပစ်သတ်ခဲ့သည့် SSPP တပ်ရင်းမှူးဆိုသူကို အရေးယူရန် ဒေသခံတောင်းဆို

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာရှိ ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် SSPP တပ်ရင်းမှူးဆိုသူကို အပြစ်ပေး အရေးယူရန် ဒေသခံများက တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ (၁၈) ရက် ညနေပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာသို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

အင်းလေးဒေသတွင် ပျူစောထီးနှစ်ဦး ပစ်သတ်ခံရ

0
သျှမ်းပြည် အင်းလေးဒေသတွင် ဆက်ကြေးလိုက်ကောက်နေသည့် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် နှစ်ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် အင်းလေးဒေသ မင်းချောင်းနောက်ကျေးရွာ ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်) ည ၆ နာရီဝန်းကျင်တွင် ဆက်ကြေးလိုက်ကောက်သည့် စစ်တပ်လက်အောက်ခံပျူစောထီးအဖွဲ့ ခေါင်းဆောင်နှင့် နောက်လိုက်တစ်ဦးကို...

နမ့်ခမ်းမြို့နယ် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း (၃) ဦး ပစ်သတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ငွန်အင်ကျေးရွာတွင် အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့က စစ်ဆေးရေးဂိတ်တွင် စောင့်နေသည့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း (၃) ဦး ကို လာရောက်ပစ်ခတ်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ မေလ (၃) ရက် ငွန်အင်ကျေးရွာ အနီးတွင် ည (၈) နာရီကျော်တွင်...

ရွာငံမြို့ စစ်ကောင်စီ မှ လူငယ်တစ်ဦး အကြောင်းမဲ့ပစ်သတ်ပြီး လူငယ်သုံးဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း နေထိုင်သည့် လူငယ်တစ်ဦးကို စစ်ကောင်စီမှ အကြောင်းမဲ့ ပစ်သတ်ပြီးနောက် လူငယ် (၃)ဦးကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၄)ရက်တွင် ရွာငံမြို့ နွားဘန်းကြီးကျေးရွာ၌ ခြံမှ အိမ်သို့ ပြန်လာသည့် အသက် ၂၀ ဝန်းကျင်အရွယ် မောင်ဇင်မင်းခိုင်ကို စစ်ကောင်စီတပ်သားတို့မှ သေနတ်ဖြင့်...

မိုင်းရယ်မြို့နယ် ရွာသားတစ်ဦး ပစ်သတ်ခံရ

0
သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ် အတွင်းရှိ နားငူးကျေးရွာမှ ရွာသားတစ်ဦး ကို SSPP/SSA မှ မှားယွင်းပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ သြဂုတ်လ ၂၇ ရက်နေ့ ည ၉ နာရီ ဝန်းကျင်ခန့်တွင် ကင်းစောင့်ရန်အတွက် သွားသည့် နားငူးရွာသား စိုင်းစံအွန် ဆိုသူသည် သျှမ်းပြည်တိုးတက်ရေးပါတီ...