Tuesday, January 27, 2026

ပြည်နယ်အခြေစိုက် သတင်းဝက်ပ်ဆိုဒ်အချို့ နေပြည်တော် ပိတ်

တိုင်းရင်းသား နယ်မြေ အခြေစိုက် သတင်းဌာန မှ အွန်လိုင်း သတင်းစာမျက်နှာ အပိတ်ခံထားရကြောင်း သတင်းရရှိသည်။

Photo BNI အဖွဲ့ဝင် များထဲမှ တချို့ ဝက်ပ်ဆိုဒ် ပိတ်ခံထိ

ယခု မတ် ၂၃ရက်နှင့် ၂၄ရက် မှစတင်ကာ ရခိုင်ပြည်နယ် အခြေစိုက် နိရဉ္ဇရာ သတင်း ဌာန နှင့် Development Media Group (DMG) တို့၏ အင်တာနက် စာမျက်နှာ ပိတ်ခံခဲ့ရသည်။

ထို အင်တာနက် စာမျက်နှာ ၂ခု ကို ဆက်သွယ်ရေး အော်ပရေတာ နှစ်ခု ဖြစ်သည့် မြန်မာ့ ဆက်သွယ်ရေး (MPT) နှင့် Mytel ဖုန်း အင်တာနက် လိုင်းမှ ဝင်ရောက်ဖတ်ရှု၍ မရကြောင်း သိရသည်။

ထိုနည်းတူ ကရင်ပြည်နယ် အခြေစိုက် ကရင်သတင်းဌာန၏ Karen News အင်္ဂလိပ်ပိုင်းသတင်းစာမျက်နှာကို မတ် ၂၆ရက်မှ စကာ MPT ဖုန်းအင်တာနက်ဖြင့် ကြည့်ရှု၍ မရတော့ပေ။

တိုင်းရင်းသား သတင်းဌာန များ၏ အွန်လိုင်း သတင်းစာမျက်နှာ များ အပိတ်ခံထားရခြင်း၊ ဖတ်ရှုမရတော့ခြင်း ကို တိုင်းရင်းသား မီဒီယာ အဖွဲ့ ဖြစ်သည့် ( BNI) မှ မတ် ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

BNI ၏ မူဝါဒရေးရာကော်မတီ ဥက္ကဌ တဦးလည်း ဖြစ် ကရင်သတင်းဌာန၏ အယ်ဒီတာချုပ် နန်းဖော့ကေ က “ သတင်းထွက် တာဖြစ်တော့ တယ်လီနော အော်ရီဒူး တို့ နဲ့ ဝင်ကြည့်လိုရပေမယ့် MPT ဖုန်းအင်တာနက်နဲ့ ဆို မရဘူး။ ရုံးမှာ တပ်ဆင်ထားတဲ့ MPT ဝိုင်ဖိုင်နဲ့ လည်း မရဘူး။ ဘာကြောင့် ဒီလိုဖြစ်တာလဲမသိဘူး” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ထို ပိတ်ခံရသည့် အတွက် စာဖတ် ပရိသတ် အနေဖြင့် ဝင်ရောက် ဖတ်ရှု မရနိုင်သေးကြောင်း၊ သတင်းရေး သားသူများအတွေကလည်း စိတ်ကသိကအောင့် ဖြစ်ကြောင်း နန်းဖော့ကေ က ဆိုသည်။

ဆက်လက်ပြီး နန်းဖော့ကေ က “ ဒီလို နိုင်ငံအသွင်ကူးပြောင်းရေး ကာလ လည်းဖြစ် ကမ္ဘာ့ ကူးစက်ရောဂါ အတွက် အန္တရာယ် ရှိနေချိန် လည်းဖြစ်တဲ့အပေါ် သတင်းမီဒီယာရဲ့ တိကျ မှန်ကန်မြန်ဆန် စွာ သတင်းထုတ်လုပ်မှု က အရေးကြီးပါတယ်။ ဒါ့ကြောင့် ဆက်သွယ်ရေး အခန်းကဏ္ဍ ကို အားကောင်းအောင် လုပ်ဆောင်နေဖို့ လိုပါတယ်” ဟု လည်း ပြောလိုက်သည်။

ကမ္ဘာ့ကပ်ရောဂါ ဖြစ်သည့် COVID-19 အတွက် အရေးပေါ် ကာကွယ် စောင့်ကြည့် ကုသမှု များကို နိုင်ငံအသီးသီး တွင် စီမံချက် ဖြင့် အထူး သတိပြု ဆောင်ရွက်နေကြရာ မြန်မာနိုင်ငံ ၏ တိုင်းရင်းသား သတင်းဌာန များ၏ ပြည်သူ့များအသံ သတင်း အချက်အလက် မှန်များ အချိန်မှီ ရေးသားပေးပို့ ဖော်ပြမှု များမှာ အလွန် အရေးကြီး ကြောင်း BNI ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အရပ်သား အစိုးရ တရပ် ဖြစ်သည့် NLD အစိုးရ အနေဖြင့် လက်ရှိ ဖြစ်ပျက်နေသည့် သတင်းဌာနများ အပေါ် ဆက်သွယ်ရေး အော်ပရေတာ များက ဝက်ဆိုဒ် စာမျက်နှာ များကို ပိတ်ပင်မှု နှင့် ရခိုင် ၊ချင်းပြည်နယ်များတွင် အင်တာနက် လိုင်းများ ဖြတ်တောက်မှု ပြန်လည်ဖွင့်ပေးစေချင်ကြောင်း BNI က တိုက်တွန်းလိုက်သည်။

ထို့ပြင် လွတ်လပ်စွာ သတင်း ရယူခွင့်၊ ထုတ်ဖော်ရေးသားခွင့် အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ MPCအနေဖြင့် ကူညီဆောင်ရွက်ပေး သွားစေလိုကြောင်းလည်း BNI က ထပ်လောင်း တိုက်တွန်း ပြောဆို လိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းသံတော်ဆင့် (SHAN) ပါဝင်သည့် BNI အဖွဲ့ ဟီရိုရှီးမားဆုရရှိ

0
သျှမ်းသံတော်ဆင့် (SHAN) သတင်းဌာန မှ အဖွဲ့ဝင် အဖြစ် ပါဝင်ထားသည့် Burma News International (BNI ) အဖွဲ့သည် ၂၀၂၃ ခုနှစ်အတွက် ဟီရိုရှီးမားဆုကို ဆွတ်ခူးရရှိကြောင်း သတင်းသိရသည်။ အဆိုပါ ဆုသည် BNI ၏ နှစ်အတော်ကြာအောင် ငြိမ်းချမ်းရေး တည်ဆောက်မှု...

ထိုင်းအစိုးရကို NUG ချဉ်းကပ်ဖို့ လိုပြီ

0
နိဒါန်း တစ်ချိန်က ယိုးဒယားခေါ် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ရှည်လျားသော နယ်မြေထိစပ်မှုရှိသည့်အလျောက် မြန်မာနိုင်ငံသားများအတွက် အားကိုးအားထားရာ ရွှေ့ပြောင်းနိုင်ငံတစ်ခုဟုလည်း ဆိုနိုင်ပါသည်။ သို့သော် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအတွက်မူ လုံလောက် သည့် လုံခြုံမှုနှင့် အကာအကွယ်ပေးမှုများ ရရှိနေသလားဆိုသည်က မေးခွန်းထုတ်ဖွယ်ဖြစ်နေပါသည်။ အထူးသဖြင့် စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းနေသည့် ကာလတစ်လျှောက်လုံးတွင်...

မိုင်းစစ်ဆင်ရေး သို့မဟုတ် စစ်အုပ်စု အကြောက်ဆုံးအရာ

0
နိဒါန်း ၂၀၁၃ ခုနှစ်မှသည် ယနေ့အချိန် မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်စဉ်ဖြစ်ရပ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရွေ့အပြောင်းများအား အစဉ်တစိုက်လေ့လာစောင့်ကြည့်လာခဲ့သည့် BNI-Myanmar Peace Monitor အနေ ဖြင့် စစ်အာဏာသိမ်းကာလအတွင်း ခုခံတော်လှန်စစ်အခြေအနေနှင့် အလားအလာဦးတည်ရာများ၊ စစ်ကောင် စီ၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများ၊ ယင်းသို့ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ အပေါ် သက်ရောက်မှုများ၊ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲခုခံတော်လှန်စစ်ကြောင့်...

စကစ မှ ဦးဆောင်ပြုလုပ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အမှန်တကယ် ငြိမ်းချမ်းရေး လိုလားမှုမရှိ

0
စစ်ကောင်စီ ဦးဆောင် ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားမှု မရှိကြောင်း Myanmar Peace Monitor မှ ပြုလုပ်သည့် သုတေသီ စာတမ်းမှာ ဖော်ပြထားသည်။ စစ်အစိုးရ ခေတ်အဆက်ဆက်သည် ငြိမ်းချမ်းရေး ဆွေးနွေးမှု ခေါ်ယူသည့်အချိန်တိုင်း မြေပြင်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့်...

စစ်အာဏာသိမ်းပြီးနောက် ပိတ်သိမ်းရသည့် တိုင်းရင်းသားမီဒီယာ ၁၀ ခု နီးပါးရှိနေ

0
စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် ပိတ်သိမ်းလိုက်ရသည့် တိုင်းရင်းသား မီဒီယာများ ၁၀ ခု နီးပါး ရှိနေကြောင်း နိုင်ငံတကာ မြန်မာသတင်းများ အဖွဲ့ (BNI) မြန်မာ့ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က သုတေသန စာတမ်း မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဒီဇင်ဘာ ၃၀...