Tuesday, January 27, 2026

မူဆယ်ဒေသခံများသာ တရုတ်ပြည်သို့ဝင်ခွင့်ပေး

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့အတွင်းရှိ နယ်စပ်ဂိတ်များတွင် မူဆယ်မြို့ခံများကိုသာ ဝင်၊ထွက်ခွင့်ပေးကြောင်း သတင်းရရှိသည်။

 

Photo by ထုန့်ဟွေ့လီ၊ ယနေ့ တရုတ်ပြည်ဘက်သို့ဝင်ရန် စောင့်ဆိုင်းနေသည့် သူများ

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မြန်ရောဂါဖြစ်ပွားနေသည့် အတွက် မူဆယ်မြို့ မှတ်ပုံတင်ကိုင်ဆောင်သူများကိုသာ တရုတ်ပြည်ဘက်ခြမ်းသို့ဝင်ခွင့်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

“ အခုက တခြားဒေသ ကလာတဲ့သူတွေကို ပေးမဝင်တော့ဘူး။ ၁၃/ မဆတ မှတ်ပုံတင် ကိုင်တဲ့သူပဲ ပေးဝင်တယ်။ တရုတ်က ပိတ်လိုက်တာပါ” ဟု မူဆယ် ဒေသခံ စိုင်းအောင် က ပြောသည်။

ယနေ့တွင်လည်း တခြားဒေသမှ လာသူများအား တရုတ်ဘက်ခြမ်းသို့ပေးမဝင်သည့်အတွက် မူဆယ် မြို့ ဆင်ဖြူဂိတ်တွင် ရုန်ရင်းဆန်ခတ်မှုခေတ္တ ဖြစ်ပွားခဲ့ကြောင်း မူဆယ်ဒေသခံ စိုင်းအောင် က ပြောသည်။


Photo by ထုန့်ဟွေ့လီ၊ ယနေ့ တရုတ်ပြည်ဘက်သို့ဝင်ရန် စောင့်ဆိုင်းနေသည့် သူများ

တရုတ်ပြည် ကျယ်ဂေါင်တွင် အလုပ်လုပ်သည့် ကိုကျော်ရဲအောင် က “ ၁၃/ မဆတ ကိုင်တဲ့ မူဆယ်နေသူပဲ ဝင်လို့ရတယ်။ ကျနော်တို့ ဝင်လို့မရဘူး။ ဒါမမျှတဘူး။ အခုက တရုတ်က ပိတ်တာပါ။ နေ့ခင်းပိုင်းလောက်ဖြစ်တာ။ အခုက ဘာကြောင့် ပိတ်တယ်ဆိုတာ မသိဘူး။ ကျန်းမာရေး ဌာန က ပိတ်တယ်ပဲပြောတယ်” ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

လက်ရှိ တရုတ်ပြည်သို့ ဝင်ရန် အတွက် မူဆယ်မြို့ဆင်ဖြူဂိတ်တွင် စောင့်ဆိုင်းနေသည့် လူဦးရေ ၁၀၀၀ နီးပါး ရှိသည် ဟု သိရသည်။

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါရောက်ရှိနေပြီး ကူးစက်သူ ၊ သံသယရှိသူများ ရှိနေပြီဆိုသည့် သတင်းကြောင့် မူဆယ် မှတ်ပုံတင် မှ အပ ကျန်ဒေသမှ ပြည်သူများ အားပေးမဝင်တော့ကြောင်း တရုတ်ပြည် တွင် တာဝန်ကျနေ သူ တဦးက ပြောပြသည်။

တရုတ်ပြည် အတွင်းသို့ကုန်တင်ယာဉ်များ ယမန်နေ့( မတ် ၂၈) ရက်မှ စတင်ကာ ပေးမဝင်တော့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်ဒေသခံများ စမတ်ကတ် ပြုလုပ်ရန် တုံကင်ထောင်နှင့်ချီ ထပ်မံစောင့်ဆိုင်းနေရ

0
သျှမ်းပြည် မူဆယ်မြို့တွင် UID ခေါ် စမတ်ကတ်များ ပြုလုပ်ရန် ဒေသခံပြည်သူ ထောင်နှင့်ချီ တုံကင်အလုအယက် စောင့်ဆိုင်း၍ ပြုလုပ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝက မှ အိမ်နီးချင်းနိုင်ငံ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...