ကျောက်မဲမြို့သို့ စစ်ရှောင် ၂၀၀ ကျော်ရောက်ရှိ ၊ ရွာတွင် ၁၀၀၀ ခန့်ပိတ်မိနေ  

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း TNLA တအာင်းတပ်နှင့် RCSS/SSA တို့ကြားတိုက်ပွဲကြောင့် ဒေသခံလူထု ၂၀၀ ကျော်မှာ ကျောက်မဲမြို့ အောင်မင်္ဂလာကျောင်းတိုက်တွင်ခိုလှုံနေကြကြောင်းသိရသည်။

ကျောက်မဲမြို့ အောင်မင်္ဂလာကျောင်းတိုက် ရှိစစ်ရှောင်များ

ကျောက်မဲမြို့နယ် အုံးအွီးရွာသား ၂၃၃ ယောက်မှာ မတ်လ ၁၆ ရက်နေ့က ကျောက်မဲမြို့သို့ ရောက်ရှိ လာခြင်းဖြစ်ပြီး နေရပ်မပြန်နိုင်သေးသည့်အပြင် ကျေးလက် ၂ ရွာမှရွာသားများမှာ ၂ ဖက်တပ်လှုပ်ရှားမှုကြားမှ ထွက်ပြေးနိုင်ခြင်းမရှိသေးကြောင်း ကျောက်မဲဒေသခံများကပြောသည်။

“ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က – အခုရောက်လာတာက အုံးအွီးရွာသား ၂၀၀ ကျော်ဘဲ။ အောင်မင်္ဂလာကျောင်းတိုက်မှာ ခိုလှုံနေတယ်။ ကျောင်းရယ်၊ ရွာသားတွေရယ် ကူညီထောက်ပ့ံမှုပေးထားတယ်သူတို့ကို ။ ရွာဖက်မှာလည်း တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွါးနိုင်တယ်လေ။ ဒါကြောင့်သူတို့တွေနေရပ်မပြန်ရဲသေးကြဘူး”-ဟု ပြောသည်။

ကျောက်မဲမြို့ အရှေ့မြောက်ဘက် မိုင် ၄၀ ခန့်ဝေးသည့် တော့ဖယ်၊ ကွန်ကော်ရွာသား ၁၀၀၀ ခန့်မှာလည်း ၂ ဖက်တပ်ကြားပိတ်မိနေကြောင်း ကျောက်မဲမြို့ခံ စိုင်းလျံက ပြောသည်။

“TNLA တအာင်းတပ် က ကွန်ကော်နဲ့တော့ဖယ်ရွာထဲမှာလှုပ်ရှားတယ် RCSS/SSA က ရွာအပြင် ဘက် ကနေလှုပ်ရှားတယ်။ တိုက်ပွဲကအချိန်မရွေးဖြစ်ပွါးနိုင်တယ်။ ဒါပေမယ့်ရွာသားတွေက ထွက်ပြေးလို့မရဘဲ ညှပ်နေတယ်။ တရွာမှာလူဦးရေ ၅၀၀ လောက်ရှိတယ်။ ၂ ရွာဆိုတော့ ၁၀၀၀ လောက်ရှိနေတုန်းဘဲ။ ကျောက်မဲဘက်က ကူညီမှုအဖွဲ့တွေလည်း သွားမထုတ်လာနိုင်သေးဘူး။ လမ်းမှာ မြေမြုပ်မှိုင်းတွေ ဘာတွေရှိနိုင်တယ်လေ”- ဟု ဦးလုံးလျံက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင်လည်း TNLA တအာင်းတပ်နှင့် RCSS/SSA တောင်ပိုင်း သျှမ်းပြည် တပ်မတော်တို့ကြားတိုက်ပွဲများအပြင် အစိုးရတပ်မတော်နှင့်လည်းတိုက်ပွဲများဖြစ်ပွါးမှုကြောင့် နမ္မတူမြို့နယ် အတွင်း စစ်ဘေးရှောင် (ယခင်ရှိရင်းစွဲနှင့်ယခုအသစ်ထပ်မံရောက်ရှိလာသူများ) စုစုပေါင်း ၁၅၀၀ ခန့်ရှိကြောင်း စစ်ဘေးရှောင်များကူညီရေးကော်မတီမှ စိုင်းဘဉာဏ်ကပြောသည်။

၄င်းအပြင်စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်ခြင်းခံသွားရသည့်ရွာသားများလည်းရှိနေရာ မည်သည့် တပ်ဖွဲ့မဆို ဖမ်းဆီးခေါ်ဆောင်သွားပါက အမြန်ဆုံးပြန်လွှတ်ပေးသင့်ကြောင်း စစ်ဘေးရှောင်ကူညီရေး အဖွဲ့ကတောင်းဆိုလိုက်သည်။

 

 

 

 

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...