သျှမ်း/မြောက်တိုက်ပွဲကြောင့် နမ္မတူဒေသခံလူထု လားရှိုးမြို့အထိ စစ်ဘေးရှောင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တအာင်း TNLA နှင့်အစိုးရတပ်မတော်တို့အကြား တိုက်ပွဲ များကြောင့် လားရှိုးမြို့ပေါ်တို့ စစ်ဘေးရှောင် ၂၀၀ ကျော်ထပ်မံရောက်ရှိလာကြောင်းသိရသည်။

လားရှိုးမြို့ အီနိုင်းအုပ်စု စစ်ဘေးရှောင်များအား နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကသွားရောက်တွေ့ဆုံစဉ်

မတ်လ ၁၇ ရက်နေ့က နမ္မတူမြို့အရှေ့မြောက်ဘက်ရှိ နားဆိုင်းအုပ်စု မှ စစ်ဘေးရှောင် ၂၀၀ ကျော်မှာ လားရှိုးမြို့ အီနိုင်းအုပ်စုဘုန်းကြီးကျောင်းသို့လည်းကောင်း ရပ်ကွက် ၉ ရှိ ခရိယာန်ဘုန်းကြီး ကျောင်းသို့ လည်းကောင်း ရောက်ရှိခိုလှုံနေကြကြောင်း နမ္မတူမြို့ ပြည်နယ်လွှတ်တော်အမတ် နန်းစံဟွမ်က သျှမ်းသံတော်ဆင့်အားပြောသည်။

“နားဆိုင်းရွာနဲ့လွယ်ပေးရွာသားတွေပါ။ ဆွတ်မွန်းရွာနားမှာတိုက်ပွဲဖြစ်လို့လေ စစ်ဘေးရှောင်လာကြတာ။ အီနိုင်းဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင် ၄၅ အိမ်ထောင်စုရှိတယ်။ လူဦးရေ ၁၅၀ နီးပါး။ သူတို့တွေအိမ်ပြန်ချင်တယ် ။ အခြေအနေမတည်ငြိမ်သေးလို့ သူတို့မပြန်ရဲသေးတာ”- ဟု ၄င်းကပြောသည်။

၄င်းဘုန်းကြီးကျောင်းအပြင် လားရှိုးမြို့ ရပ်ကွက် ၉ ရှိ ကချင်နှစ်ခြင်းခရိယာန်ကျောင်းတွင်လည်း ၉၀ ခန့်ရှိနေကြောင်း – စစ်ဘေးရှောင်များအား အကူအညီပေးနေသည့်လားရှိုးဒေသခံတဦးကပြောသည်။

“၁၇ ရက်နေ့က နားဆိုင်းရွာထဲကိုလက်နက်ကြီးတလုံးကျတာ လူတယောက်ထိမိတယ်လို့ကြားရပါတယ်။ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်။ ပြင်းထန်တာနဲ့မပြင်းထန်တာဘဲ”-ဟု နမ္မတူမြို့မန်စံဘုန်းကြီးကျောင်း စစ်ရှောင်စခန်းရှိစစ်ရှောင်များအားကူညီမှုပေးနေသည့် လားရှိုးမှ နန်းဟိန်း ကပြောသည်။

နမ္မတူမြို့နယ် နားဆိုင်းအုပ်စု ဆွတ်မွန်းရွာအနီးတွင် ပြီးခဲ့သည့် အပတ်ကတည်းက TNLA နှင့် RCSS/SSA တို့အကြား တိုက်ပွဲများဖြစ်ပွါးခဲ့ပြီး ရွာသား ၁၀၀၀ ခန့်မှာ နမ္မတူမြို့သို့လည်းကောင်း လားရှိုးမြို့သို့လည်းကောင်းထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ တဖက်တွင်လည်း အစိုးရတပ်မတော်သည် နမ္မတူ – မန်စံလမ်းဘက်သို့ တက်သွားသဖြင့် လက်ရှိအဆိုပါဒေသတွင် လက်နက်ကိုင်တပ်ဖွဲ့ ၃ ခုလှုပ်ရှားကာ တိုက်ပွဲများဖြစ်ပွါးနေကြောင်းနမ္မတူဒေသခံများပြောပြချက်အရသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...