Tuesday, January 27, 2026

သင်္ကြန် နေရပ်ပြန် အလုပ်သမားများ ထိုင်းပြန်ဝင်ပါက ၁၄ ရက်စောင့်ကြည့်သွားမည်

သင်္ကြန်ကာလအတွင်း နေရပ်ပြန်မည့် ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်မည်ဆိုပါက (၁၄)ရက် စောင့်ကြည့် စစ်ဆေးသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ မြန်မာသံရုံး ထုတ်ပြန်ချက် အရသိရသည်။

Photo by U Htun Maesai – တာချီလိတ်-မယ်ဆိုင်ဂိတ်တွင် သျှမ်းပြည်ပြန်ရန်တန်းစီနေသော ထိုင်းနိုင်ငံရောက်သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမားများ

 

တရုတ်နိုင်ငံ ဝူဟန်ပြည်နယ် မှ စတင်ဖြစ်ပွားသည့် Novel Corona Virus (ခိုရိုနာဗိုင်းရပ်စ်) VOVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို တကမ္ဘာလုံး အတိုင်းအတာဖြင့် ကူးစက်ပျံ့နှံ့နေသည့် ကပ်ရောဂါ (Pandamic) အဖြစ် ကမ္ဘာ့ ကျန်းမာရေး (WHO) က မတ် ၁၂ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုင်းနိုင်ငံ အစိုးရ အနေဖြင့် လည်း COVID-19 ကို အန္တရာယ် ရှိသည့် ကူးစက်မြန် ရောဂါ အဖြစ် သတ်မှတ်ထုတ်ပြန်ကြေညာခဲ့သည်။

COVID- 19 ကူးစက်ပြန့်ပွားမှု ထိန်းချုပ် ကာကွယ်နိုင်ရေး အတွက် အပြည်ပြည် ဆိုင်ရာ ဝင်၊ထွက် ပေါက်များဖြစ်သည့် လေဆိပ်၊ ရေဆိပ်၊ နယ်စပ်ဂိတ်များမှ တဆင့် ဝင်ရောက်လာသည့် ခရီးသည်များကို ကျန်းမာရေး စစ်ဆေးမှု များ အထူး ကြပ်မတ်ဆောင်ရွက်နေကြောင်းလည်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ထို့ပြင် ထိုင်းနိုင်ငံ အဝန်းရှိ စက်ရုံ အလုပ်ရုံများ၌ လည်း COVID- 19 ကာကွယ်ရေး စီမံချက် များချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အလုပ်သမားများ ရောဂါဖြစ်ပွားသည့် နိုင်ငံ (သို့မဟုတ်) မိမိနေရပ်သို့ပြန်သွားပြီး ထိုင်းသို့ပြန်လည်ရောက်ရှိလာပါက သက်ဆိုင်ရာထံ အလုပ်ရှင်များမှ အကြောင်းရမည်ဟု ဆိုပါသည်။

သင်္ကြန်ကာလ နေရပ်ပြန် အလုပ်သမားများအား ထိုင်း Re-entry Visa ကြေး ဘတ် ၁၀၀၀ ကောက်ခံသွားမည် ဟု လည်း ထုတ်ပြန်စာတွင်ရေးသားထားသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် ယမန်နေ့ ညအထိ COVID-19 ကူးစက်ခံရသူ ဦးရေ ၁၁၄ ဦးရှိကြောင်း ဘန်ကောက်ပိုစ့်တွင် ရေးသားထားသည်။

ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်သူ ဆက်လက်တိုးလာနိုင်ကြောင်း လည်း ထိုင်းနိုင်ငံ အစိုးရ က ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘတ်ရိုက်ပွဲစားထံ ငွေလိမ်မခံရအောင် ရွှေ့ပြောင်းအလုပ်သမားများ သတိပြု

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအာဏာပိုင်များက တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် (Work Permit) လုပ်ပေးနေသည်။ အဆိုပါအလုပ်လုပ်ခွင့်လက်မှတ် ဝေါ့ခ်ပါမစ် ပြုလုပ်ရန် ပထမအဆင့်ဖြစ်သော Name List ဟုခေါ်သည့် အမည်စာရင်း တင်သွင်းခြင်းကို ဒီဇင်ဘာလ ၁၂ ရက်မှ ၂၆ ရက်အထိ...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

တရားမဝင် အလုပ်လုပ်ကိုင်သူများ နှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် ကုမ္ပဏီများကို ထိုင်းအစိုးရ အရေးယူဆောင်ရွက်မည်

0
ထိုင်းနိုင်ငံ အလုပ်သမားရေးရာဝန်ကြီးဌာန မှ ထိုင်းနိုင်ငံတွင်း တရားမဝင် အလုပ်လုပ်ကိုင်သူများ နှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် ကုမ္ပဏီများကိုပါ အရေးယူဆောင်ရွက်သွားမည်ဟု Asia News သတင်းက ရေးသားဖော်ပြထားသည်။ ဆောက်လုပ်ရေး ကုမ္ပဏီ၊ စိုက်ပျိုးရေး ကုမ္ပဏီ နှင့် ရေးလုပ်ငန်းစသည့်တို့ကို ထိုင်းနိုင်ငံ ဥပဒေ နှင့် အညီ လိုက်နာမှုမရှိလျှင်...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...