TNLA နှင့် RCSS ကြားစစ်ရေးပဋိပက္ခကြောင့်ဒေသခံထောင်ဂဏန်းစစ်ဒဏ်သင့်ပြီး အချို့ဖမ်းဆီးခံရ  

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင် TNLA တပ်နှင့် RCSS/SSA တပ်တို့ကြားတိုက်ပွဲ များဆက်လက်ဖြစ်ပွါးနေရာ ရွာသားတဦးအဖမ်းခံထားရပြီး စစ်ဘေးရှောင်များ အုပ်စုဘုန်းကြီးကျောင်း သို့ ထောင်ဂဏန်းထပ်မံရောက်ရှိကာ ကူညီထောက်ပ့ံမှုအထူးအလိုရှိနေကြောင်းသိရသည်။

TNLA နှင့် RCSS ကြားစစ်ရေးပဋိပက္ခကြောင့်ဒေသခံစစ်ဒဏ်သင့်

“တိုက်ပွဲတွေဖြစ်နေတုန်းဘဲ ။ နမ့်ပိုင်ရွာထဲကိုလက်နက်ကြီးတလုံးကျတယ်။ ရွာသားတွေက စစ်ဘေး ရှောင် ကုန်လို့ လူကိုတော့မထိဘူး။ အဲ့ကြောင့် သူတို့တွေရွာမပြန်ရဲသေးတာ။ နမ့်ပိုင်နဲ့ပိန်းထွမ်ကရွာသား မန်စံဘုန်းကြီးကျောင်းမှာရှိနေတယ်အခု။ အိပ်ရာတွေနဲ့ အစားအသောက်တွေသူတို့လိုအပ်နေပါတယ်”- ဟု စစ်ဘေးရှောင်များအား သွားရောက်ကူညီပေးသည့် နန်းဟိန်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

စစ်ဒဏ်သင့် ရွာသားများ တိမ်းရှောင်ပြီဖြစ်သော နမ့်ပိုင်ရွာအခြေအနေ

လက်ရှိတွင် ပိန်းထွမ်ရွာသား အိုက်ထွေးဆိုသူမှာ ၄င်းတို့ရွာအနီးလှုပ်ရှားနေသော လက်နက်ကိုင်တပ်ဖွဲ့ ကဖမ်းဆီးခေါ်ဆောင်သွားရာ ပြန်မလွှတ်လာသေးကြောင်း ရွာသူသားသည်မိခင်တဦးက ပြောပါသည်။

အဆိုပါရွာဘက်တွင် RCSS တပ်၊ TNLA တပ် ၊ အစိုးရတပ် တို့ မကြာခဏ ဖြတ်သန်းသွားလာကြောင်း မန်စံဒေသခံ တဦး ကပြောသည်။

ပိန်းထွမ်ရွာသည် နားဆိုင်းအုပ်စု ၀င်ရွာတရွာဖြစ်ပြီး ယခင်နှစ်များက အိမ်ခြေ ၅၀ ခန့်ရှိပါသည်။ သို့သော် ၂ နှစ် ၃ နှစ်အတွင်း ၄င်းတို့ရွာအနီးတိုက်ပွဲများ မကြာခဏ ဖြစ်ပွါးရာ ရွာသားများမှာ တခြားသို့ ထွက်ပြေးတိမ်း ရှောင်သွားကြသဖြင့် ယခုနှစ်တွင် အိမ်ခြေ ရ အိမ်သာရှိပါသည်။

ပိန်းထွမ်ရွာသည် မန်စံအုပ်စုနှင့် ၄ မိုင်ခန့်အကွာတွင်တည်ရှိပါသည်။ မတ်လ ဆန်းပိုင်းမှစ၍ ဖြစ်ပွားလာသော စစ်ရေးပဋိပက္ခကြောင့် ရွာသားများ မန်စံဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြခြင်းဖြစ်သည်။

နမ္မတူမြို့ ဗုပ္ပါရုံဘုန်းကြီးကျောင်းသို့ ၈ ရက်အကြာ ခိုလှုံနေသည့် ပန်ကွတ်ရွာမှ ရွာသား များလည်း နေရပ် မပြန်နိုင် သေးသည့်အပြင် တိုက်ပွဲစတင်ဖြစ်ပွါးသည့် မတ်လ ၁၀ နေ့က ပျောက်ဆုံးနေသော ရွာသား ၅ ဦးမှာလည်း ပြန်လည်လွှတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

“ဒီစစ်ပွဲရပ်လိုက်ပါတော့။ အကျိုးမရှိဘူး။ လူထုဘဲနှစ်နာတယ်။ ဘယ်တပ် လာလာ လူထု က ထမင်းကျွေး ရတာဘဲ။ လူထု မျက်ရည်ကျတော့ သူတို့လဲ ၀တ်လည်ပြီး ဒုက္ခရောက်မှာဘဲ”- ဟု စစ်ဘေးရှောင် ဒေါ်နန်းတင့် ကပြောသည်။
နှစ်ဘက်ဖြစ်ပွားသောတိုက်ပွဲများကြောင့် နမ္မတူတွင်သာမက ကျောက်မဲမြို့နယ် တော့ဖယ်ရွာဘက်တွင်လည်း ကျေးရွာမီးလောင်မှု၊ ရွာသားသေဆုံးမှုများရှိနေသည်ဟုဆိုသည်။

လက်ရှိတွင် တိုက်ပွဲကြောင့် မန်စံအုပ်စု ဘုန်းကြီးကျောင်း၊ ကုန်းဖလားကျောင်း၊ မိန်းမုအုပ်စုဘုန်းကြီးကျောင်း၊ နမ္မတူမြို့ ဗုပ္ပါရုံဘုန်းကြီးကျောင်း အစရှိ ကျောင်း ၄ ကျောင်းသို့ ထွက်ပြေးတိမ်ရှောင်လာသည့် ပန်ကွတ် ၊ပန်ဆော့၊မန်ဝါ ကျေးရွာသား ၃၄၀ ခန့်၊ နားဆိုင်း၊ပန်ချမ်၊ ကွန်းမောင်း ရွာသား ၅၀၀ ကျော် ၊ ပိန်းထွမ် ၊နမ့်ပိုင်ရွာသား ၁၀၀ ကျော် ရှိကြောင်း နမ္မတူမြို့ စစ်ဘေးရှောင် ကူညီရေးကော်မတီမှ ပြောပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...