ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးများဆက်တိုက်ဖမ်းဆီးရမိ တရားခံများ လွှတ်မြောက်နေ

ကွတ်ခိုင်မြို့နယ် လွယ်ခမ်းကျေးရွာ အတွင်း မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများကို ရက်ဆက် သိမ်းဆည်းနေရမိပြီး လက်ရှိတွင် ဖမ်းဆီးရမိမှုမှာ တန်ဖိုး ၂၆၇ ဘီလီယံ အထိရှိပြီဖြစ်ကြောင်း တရားခံများ လွှတ်မြောက်နေကြောင်း သိရသည်။

 

Photo by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

ဖေဖော်ဝါရီ ၂၉ ရက်မှ စတင်ကာ မတ် ၉ ရက်ထိ ကွတ်ခိုင်မြို့နယ်အတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးနှင့် ဆက်စပ်သည့် ပစ္စည်း စုစုပေါင်း ကျပ်တန်ဖိုးငွေ ၂၆၇ ဘီလီယံရှိပြီဖြစ်ကာ တရားခံများ လွှတ်မြောက်နေဆဲ ဟု သိရသည်။

Photo by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

မတ် ၉ ရက်တွင် ကွတ်ခိုင်မြို့နယ် ရှောက်ဟော်ကျေးရွာ နေ ဦးလောက်စိမ်း ပိုင်သည့် နေအိမ်အတွင်း ဆေးပြားအိတ်ခွံ (အသေး)၊ ဒစ်ဂျစ်တယ်ဆေးပြားချိန်စက်၊ ဆေးပြားပါကင်ထုတ်စက်၊ ဆီဘောက်ဆာ နောက်တွဲပါယာဉ် တစီး၊ ပါကျဲရိုးမော်တော်ယာဉ် ၁စီး၊ TRANSPORTER တွဲကားတစီးနှင့် ဂါလန် ၁၀၀၀၀ ဆံ့ဆီ ဘောက်ဆာ နောက်တွဲ တခု တို့ကို သိမ်းဆည်းရမိကြောင်းသိရသည်။

Photo by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

ထိုနည်းတူ မနက် ၁၀နာရီတွင်လည်း ရှောက်ဟော်ကျေးရွာ နေ ဦးလောက်ဖေ ပိုင်သည့် နေအိမ်အတွင်း WY တံဆိပ်ပါ စိတ်ကြွဆေးပြား၊ 88/1 တံဆိပ်ပြား စိတ်ကြွဆေးပြား၊ မော်ဖိန်း အညိုရောင် အမှုန့်နှင့် မော်ဖိန်း အဖြူရောင် အမှုန့်တို့ သိမ်းဆည်းရမိသည်။

ရှောက်ဟော်ကျေးရွာအနီး ပတ်ဝန်းကျင်ကို ဆက်လက်ရှာဖွေ ရာ လျှိုအတွင်း တွင်လည်း စိတ်ကြွဆေးပြားများ၊ ICE ၆၀ ကီလိုဂရမ် ခန့် အနံ့ဆေးရည်၊ ဆာလာအိတ်ဖြင့် ထည့်ထားသည့် အဖြူရောင်အမှုန့် များကိုလည်း သိမ်းဆည်းရမိသည်။

Photo by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

ထိုမူးယစ်ဆေး နှင့် ဆက်စပ်သည့် ပစ္စည်းများ သိမ်းဆည်းရမိသည့် နေအိမ် ၂ လုံး ပိုင်ရှင်များမှ ထွက်ပြေး တိမ်းရှောင်နေကြောင်းသိရသည်။

အဆိုပါ မူးယစ်ဆေး နှင့် သိမ်းဆည်းရရှိမှု နှင့် ပတ်သက်ပြီး အဓိက တရားခံများနှင့် ပတ်သက်သူများကို ဖမ်းဆီးရမိရေး လုပ်ထုံးလုပ်နည်း နှင့် အညီ ဆောင်ရွက် သွားမည် ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...