Saturday, April 27, 2024

ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးများဆက်တိုက်ဖမ်းဆီးရမိ တရားခံများ လွှတ်မြောက်နေ

Must read

ကွတ်ခိုင်မြို့နယ် လွယ်ခမ်းကျေးရွာ အတွင်း မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများကို ရက်ဆက် သိမ်းဆည်းနေရမိပြီး လက်ရှိတွင် ဖမ်းဆီးရမိမှုမှာ တန်ဖိုး ၂၆၇ ဘီလီယံ အထိရှိပြီဖြစ်ကြောင်း တရားခံများ လွှတ်မြောက်နေကြောင်း သိရသည်။

 

Photo by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

ဖေဖော်ဝါရီ ၂၉ ရက်မှ စတင်ကာ မတ် ၉ ရက်ထိ ကွတ်ခိုင်မြို့နယ်အတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးနှင့် ဆက်စပ်သည့် ပစ္စည်း စုစုပေါင်း ကျပ်တန်ဖိုးငွေ ၂၆၇ ဘီလီယံရှိပြီဖြစ်ကာ တရားခံများ လွှတ်မြောက်နေဆဲ ဟု သိရသည်။

Photo by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

မတ် ၉ ရက်တွင် ကွတ်ခိုင်မြို့နယ် ရှောက်ဟော်ကျေးရွာ နေ ဦးလောက်စိမ်း ပိုင်သည့် နေအိမ်အတွင်း ဆေးပြားအိတ်ခွံ (အသေး)၊ ဒစ်ဂျစ်တယ်ဆေးပြားချိန်စက်၊ ဆေးပြားပါကင်ထုတ်စက်၊ ဆီဘောက်ဆာ နောက်တွဲပါယာဉ် တစီး၊ ပါကျဲရိုးမော်တော်ယာဉ် ၁စီး၊ TRANSPORTER တွဲကားတစီးနှင့် ဂါလန် ၁၀၀၀၀ ဆံ့ဆီ ဘောက်ဆာ နောက်တွဲ တခု တို့ကို သိမ်းဆည်းရမိကြောင်းသိရသည်။

Photo by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

ထိုနည်းတူ မနက် ၁၀နာရီတွင်လည်း ရှောက်ဟော်ကျေးရွာ နေ ဦးလောက်ဖေ ပိုင်သည့် နေအိမ်အတွင်း WY တံဆိပ်ပါ စိတ်ကြွဆေးပြား၊ 88/1 တံဆိပ်ပြား စိတ်ကြွဆေးပြား၊ မော်ဖိန်း အညိုရောင် အမှုန့်နှင့် မော်ဖိန်း အဖြူရောင် အမှုန့်တို့ သိမ်းဆည်းရမိသည်။

ရှောက်ဟော်ကျေးရွာအနီး ပတ်ဝန်းကျင်ကို ဆက်လက်ရှာဖွေ ရာ လျှိုအတွင်း တွင်လည်း စိတ်ကြွဆေးပြားများ၊ ICE ၆၀ ကီလိုဂရမ် ခန့် အနံ့ဆေးရည်၊ ဆာလာအိတ်ဖြင့် ထည့်ထားသည့် အဖြူရောင်အမှုန့် များကိုလည်း သိမ်းဆည်းရမိသည်။

Photo by တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး

ထိုမူးယစ်ဆေး နှင့် ဆက်စပ်သည့် ပစ္စည်းများ သိမ်းဆည်းရမိသည့် နေအိမ် ၂ လုံး ပိုင်ရှင်များမှ ထွက်ပြေး တိမ်းရှောင်နေကြောင်းသိရသည်။

အဆိုပါ မူးယစ်ဆေး နှင့် သိမ်းဆည်းရရှိမှု နှင့် ပတ်သက်ပြီး အဓိက တရားခံများနှင့် ပတ်သက်သူများကို ဖမ်းဆီးရမိရေး လုပ်ထုံးလုပ်နည်း နှင့် အညီ ဆောင်ရွက် သွားမည် ဟု သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article