ကွတ်ခိုင်မြို့နယ် မူးယစ်ဆေး ကျပ်သိန်း ၁၁၃ ဘီလီယံ ထပ်မိ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ခမ်းကျေးရွာ အနီး ကျပ်သိန်း ၁၁၃ ဘီလီယံ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

 

Photo by တပ်မတော် ကာကွယ်ရေးဦးစီးရုံးချုပ်

မတ်လ် ၉ ရက် မနက် ၈ နာရီ ကျော် က ကွတ်ခိုင်မြို့နယ် လွယ်ခမ်းကျေးရွာ အနီး ရှိ ဦးချမ်းဘောမ် ပိုင်ဆိုင်သည့်နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွဆေးပြားများ၊ အက်ဖီအမှုန့် စုပေါင်း ခန့်မှန်းငွေ ၁၁၀ ဘီလီယံကျော် သိမ်းဆည်းရမိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရသိရသည်။

ထိုနည်းတူ နေ့လည် ၁နာရီတွင်လည်း ဦးလျှိုပါ့ ပိုင်ဆိုင်သည့်နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ ဘိန်းဖြူများ၊ စိတ်ကြွဆေးပြားများ နှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆိုဒီယမ် ကာဗွန်နိတ်၊ ဆိုဒီယမ်ဟိုက်ဒရောဆိုဒ်၊ ပိုတက်ဆီယမ်ကလိုရိုဒ်အမှုန့်၊ အက်ဆစ်များ၊ ဂက်စ်အိုးအကြီး၊ ဂက်စ်မီးဖိုနှင့် စတီးပေါင်းအိုး တို့တွင် သိမ်းဆည်းရမိသည်။

Photo by တပ်မတော် ကာကွယ်ရေးဦးစီးရုံးချုပ်

အဆိုပါ ဦးလျှိုပါ့ နေအိမ်တွင် မူးယစ်ဆေးဝါး ကျပ်ငွေ ၃ ဒသမ ၉ ဘီလီယံကျော် သိမ်းဆည်းရမိပြီး၊ မူးယစ်ဆေးဝါး နှင့်ဆက်စပ်သည့် ပစ္စည်းများ တန်ဖိုးငွေ ၆၉ သိန်း ကျော်တို့ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထိုနေအိမ် ၂ အိမ်၏ ပိုင်ရှင် နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ကွတ်ခိုင်မြို့နယ် အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ရှာဖွေ ဖော်ထုတ် သိမ်းဆည်းရရှိမှု အနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၉ ရက် အထိ ကျပ်သိန်း ပေါင်း ၂၄၄ ဘီလီယံကျော်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

Photo by တပ်မတော် ကာကွယ်ရေးဦးစီးရုံးချုပ်

ကွတ်ခိုင်မြို့ နယ် အတွင်းကျပ်သိန်း ၂၄၄ ဘီလီယံ ကျော် ဖမ်းဆီးရမိသော်လည်း တရားခံ ကို တဦးတယောက်မျှ မဖမ်းဆီးရမိသည့် အပေါ် ပြည်သူများ အနေဖြင့် သံသယ ရှိနေကြသည်။

“ မူးယစ်ဆေးဝါး သေးသေးမွှားမွှားဆိုရင် တရားခံတွေ သယ်ယူသူတွေ ဖမ်းဆီးရမိတယ်။ ဒီလို ဘီလီယံကျော်ရင် တခါမှ တရားခံမမိဘူး။ ထွက်ပြေး လွှတ်မြောက်နေတာပဲ။ သိရက်နဲ့ မဖမ်းတာလား။ လူတွေ မရှိဘဲ မူးယစ်ဆေးတွေက ဘီလီယံ ထုတ်နိုင်တာ ထူးဆန်းတယ်” ဟု ကွတ်ခိုင်မြို့ အသက် ၄၀ကျော် စိုင်းဘ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာ နှင့် လွယ်ခမ်းကျေးရွာ ရှိနေအိမ် အများစုသည် တရုတ်လူမျိုး များဖြစ်ကြပြီး မူးယစ်ဆေးနှင့်ပတ်သက်ဆက်နွယ်နေကြကြောင်းလည်း ကွတ်ခိုင်ဒေသခံများ က ပြောဆိုသည်။

“ အိမ်တိုင်းက မူးယစ်ဆေးတွေရှိနေတယ်။ ထပ်မိအုံးမှာ။ တရားခံ မိဖို့ လိုအပ်တယ်” ဟု လည်း စိုင်းဘ က ဆိုသည်။

အဆိုပါ အဓိက တရားခံ များနှင့် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးရမိရေး အတွက် လုပ်ထုံးလုပ်နည်း နှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

၎င်းနယ်မြေ တဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ်ငန်းများနှင့် ရှာဖွေ စစ်ဆေးမှုများဆက်လက်ဆောင်ရွက်သွားမည် ဟုလည်း သတင်းရရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...