Tuesday, January 27, 2026

လားရှိုး-သီပေါ ကားလမ်းပေါ် တပ်မတော်မှ ခရီးသွား ကားများ တင်းကြပ်စွာ စစ်ဆေးနေ

သျှမ်းပြည် မြောက်ပိုင်း လားရှိုး -သီပေါ ကားလမ်းပေါ် တွင် အစိုးရတပ်မတော် မှ ခရီးသွားပြည်သူများကို တင်းကြပ်စွာ စစ်ဆေးနေကြောင်း သတင်းရရှိသည်။

 


တပ်မတော်မှ ခရီးသွားကားများကို တင်းကြပ်စွာ စစ်ဆေးနေသည့်နေရာ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု အတွင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး၊ သျှမ်းပြည်တပ်မတော် ( RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့ ဖေဖော်ဝါရီ ၂၇ ရက်မှ စတင် တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်ဆေးရေး တင်းကြပ်လာခြင်းဖြစ်သည် ဟု သျှမ်းလူငယ်အဖွဲ့မှ စိုင်းဟန် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဒီနေ့ လားရှိုး အဝင်မှာ စစ်တယ်။ အရင်က အဲ့နေရာမှာ ရဲနဲ့ မူးယစ်စစ်တာ။ အခု စစ်သားတွေ ပဲ စောင်စစ်တယ်။ ကားတွေ လက်နက်တွေ ပါမှာ စိုးရိမ်လို့ စစ်တာနေမယ်” ဟု စိုင်းဟန် ကပြောသည်။

အစိုးရ တပ်မတော် ၏ စစ်သားများသည် ကားများတွင် လက်နက်များ ပါလာမည်ကို ကြောက်သဖြင့် တင်းကြပ်စွာ စစ်ဆေးခြင်းဖြစ်ကြောင်း၊ ထို စစ်ဆေးမှုသည် ယခင်တွင် မရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ဆေးလာခြင်းဖြစ်ကြောင်း စိုင်းဟန် က ပြောပြသည်။

လားရှိုးသို့ဝင်မည့် ကားတိုင်း စစ်ဆေးခံရကြောင်း သိရသည်။

သီပေါမြို့ သို့ သွားမည် ခရီးသည် အမျိုးသမီး ပြောပြချက် အရ “ စစ်တာတော်တော်စိုးတယ်။ ယောင်္ကျားလေးဆိုရင် ပိုစစ်တယ်။ သျှမ်းဖြစ်ရင် ပိုစစ်တယ်။ ဖုန်းတွေ၊ အိတ်တွေ စစ်တယ်” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သျှမ်း အမျိုးသားများကို ပိုပြီးစစ်ဆေးနေကြောင်း၊ ထို သျှမ်းမြောက်သွားလာမည့် ပြည်သူများအနေဖြင့် သတိထား ကြရန် နှင့် ဖုန်းထဲလည်း စစ်ဆေးသည့် အတွက် မဖြစ်သင့်သည်ကို မဖြစ်လာရန် အတွက် အထူး သတိပြုကြရန် ယနေ့ စစ်ဆေးခံရသည့် ခရီးသွား အမျိုးသမီးက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကိုဗစ် ကာလ သျှမ်းနီတပ်နှင့် တပ်မတော် စစ်ရေးတင်းမာနေဆဲ

0
စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ် အထက်ပိုင်း ဟုမ္မလင်းမြို့နယ် အတွင်း သျှမ်းနီ အမျိုးသား တပ်မတော် (SNA) နှင့် အစိုးရ တပ်မတော်တို့ စစ်ရေး တင်းမာမှု ကြား ရှိနေသေးသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း သတင်းရရှိသည်။   လက်ရှိ အချိန်ကာလတွင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာ ဦးရေ...

RCSS/SSA ကိုဗစ် တိုက်ဖျက်ရေး ဆေးတပ်အား အစိုးရတပ် လိုက်လံတိုက်ခိုက်

0
သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့နယ် အတွင်း ကိုဗစ် ၁၉ နှင့်ပတ်သက်ပြီးကျေးလက်အတွင်း ကွင်းဆင်းဆေးစစ်မှု ပေးနေသော RCSS/SSA တပ်နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။   ဧပြီလ ၁၂ ရက် ညနေ ၃ နာရီဝန်းကျင်က မိုင်းပန်မြို့နယ် နားဝန် ကျေးရွာ အနီးတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေး...

လွိုင်တောင်းတွင် တပ်စခန်းဆောက်ရန် အစိုးရ တပ်ထံ ဝါးတချို့တဝက် ပို့ဆောင်ပြီး

0
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ လွိုင်တောင်းတောင်ပေါ်တွင် အစိုးရ တပ်စခန်း တည်ဆောက် ရန် အတွက် သစ်၊ ဝါး အလုံးရေ ၁၀၀၀ ဆင့်ဆိုထားရာ တချို့တဝက်အားပို့ပေးထားပြီးဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၇ မှ စတင်ကာ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်...

နမ့်ခမ်းမြို့နယ် အတွင်း တိုက်ပွဲပြင်းထန် ၂ ဦးသေဆုံး

0
သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း တိုက်ပွဲ နေရာ ၅ နေရာဖြစ်ပွားကာ ၂ ဦးကျဆုံးကြောင်း သတင်းရရှိသည်။ ့မတ်လ ၁၅ ရက် မနက် ၅ နာရီ အချိန်ကစတင်သည့်တိုက်ပွဲသည် ညနေပိုင်းထိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ...

လွိုင်တောင်းတွင် စခန်းဆောက်ရန် တပ်မှ လူထုအား သစ်၊ ဝါးပို့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်ရှိ လွိုင်တောင်းတောင်ကြောတွင် တပ်စခန်းဆောက်လုပ်ရန်အတွက် သစ်များဝါးများပို့ပေးရန် အစိုးရ တပ်မတော်မှ ဒေသခံရွာသားများထံ ဆင့်ဆိုထားကြောင်း သတင်းရရှိသည်။   ဖေဖော်ဝါရီ ၂၇ မှ စတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်းရှိ RCSS/SSA...