Tuesday, January 27, 2026

၅၃ ဘီလီယံ ကျော်တန်ဖိုးရှိ မူးယစ်ဆေးနှင့်ဆက်စပ်ပစ္စည်း လူမနေသည့်အိမ်တွင်း ဖမ်းမိ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ငွေကျပ် ၅၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများနှင့် ဆက်စပ်သည့် ပစ္စည်းများထပ်မံ ဖမ်းဆီး ရမိကြောင်း သတင်းရရှိသည်။

 

Photo by ပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သတင်းပြန်ကြားရေး ဝက်ဆိုဒ်

ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာ အနီး ရှိ လူမနေသည့် နေအိမ်အတွင်း မတ် ၂ ရက် မနက် ၉ နာရီခွဲက သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ ဆေးပြားရိုက်သည့် စက်များ၊ အက်စစ်ပုံးများ၊ စိတ်ကြွဆေးပြား များနှင့် မော်တော်ယာဉ်များကို သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သတင်းပြန်ကြားရေး ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

Photo by ပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သတင်းပြန်ကြားရေး ဝက်ဆိုဒ်

ဖေဖော်ဝါရီ ၂၉ ရက် မှစတင် ဖမ်းဆီးလိုက်သည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်သည့် ပစ္စည်းများသည် တန်ဖိုးငွေ ၉၁ ဘီလီယံကျော်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါး ဖမ်းဆီးမှု နှင့် ပတ်သက်ပြီး ဒေသခံ တဦး ၏ အမြင်မှာ “ ကောင်းခါးဘက်မှာ အိမ်တိုင်းနီးပါး မူးယစ်ဆေးဝါး လုပ်တယ်။ အိမ်တိုင်းလိုလို ရှိတယ်။ နောက် လူမရှိတဲ့ အိမ်မှာ ဖမ်းမိတာ ကတော့ ထူးဆန်းတယ်” ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo by ပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သတင်းပြန်ကြားရေး ဝက်ဆိုဒ်

လူမနေသည့် အဆောက်အဦး အတွင်း မူးယစ်ဆေး နှင့် ဆက်စပ်သည့် ပစ္စည်းများ ၅၃ ဘီလီယံ ဖမ်းဆီးသည့် အပေါ် စဉ်းစားစရာများရှိနေကြောင်း၊ မူးယစ်ဆေး လုပ်သည့်သူနှင့် ဖမ်းဆီးသည့် အဖွဲ့အစည်းကြား သတင်းပေးမှုမျိုးများ ရှိနေကြောင်း ဟု လည်း ၎င်း ဒေသခံ က သုံးသပ်ပြောသည်။

“ ၂၀၂၀ ရွေးကောက်ပွဲ ရောက်တော့မှာဆိုတော့ တပ်ကလည်း လုပ်ပြတဲ့ သဘောလား။ မူးယစ်ဆေး များရင် တရားခံ တခါမှ မမိတာတော့ စဉ်းစားစရာတွေပဲ” ဟု ကွတ်ခိုင်မြို့ ဒေသခံ စိုင်းလုံ က ပြောသည်။

Photo by ပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သတင်းပြန်ကြားရေး ဝက်ဆိုဒ်

ကွတ်ခိုင်မြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့စစ်များ နှင့် အစိုးရတပ်မတော် တို့လှုပ်ရှားသည်။

ပြည်ထဲရေး ဝန်ကြီး အသစ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် တက်လာပြီးနောက် သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း မူးယစ်ဆေးနှင့် ဆက်စပ်သည့် ပစ္စည်းအများဆုံးဖမ်းဆီးရမိမှု ဖြစ်ပါသည်။

ဖေဖော်ဝါရီ ၂၆ ရက်ကလည်း တရုတ်နယ်စပ် မူဆယ် မြို့ နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့စစ်များ မိမိနေရပ် ဌာနေကို ပြန်ရန် တပ်မတော် က အမိန့့်ပေးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင်...

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်မှောင်ခိုများနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်၊ မူးယစ်ဆေး တစ်သန်းကျော် သိမ်းဆည်းရမိ

0
ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင် ဖန်မြို့နယ်တွင် မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးသယ်ဆောင်လာသည်ဟု ယူဆရသည့်အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့် စစ်တပ်တို့ ယမန်နေ့ (အောက်တိုဘာလ ၂၇) ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၆ ဦးအသေဖမ်းမိကြောင်း သတင်းသိရသည်။ တောင်တက်ကျောပိုးအိတ်ရှစ်လုံး ထဲတွင် မက်သာဖက်တမင်းဆေးပြား စုစုပေါင်း ၁,၂၀၀,၀၀၀ ခန့်နှင့် သေနတ်နှစ်လက်ကိုလည်း ထိုင်းအာဏာပိုင်များက...