၅၃ ဘီလီယံ ကျော်တန်ဖိုးရှိ မူးယစ်ဆေးနှင့်ဆက်စပ်ပစ္စည်း လူမနေသည့်အိမ်တွင်း ဖမ်းမိ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ငွေကျပ် ၅၃ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများနှင့် ဆက်စပ်သည့် ပစ္စည်းများထပ်မံ ဖမ်းဆီး ရမိကြောင်း သတင်းရရှိသည်။

 

Photo by ပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သတင်းပြန်ကြားရေး ဝက်ဆိုဒ်

ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာ အနီး ရှိ လူမနေသည့် နေအိမ်အတွင်း မတ် ၂ ရက် မနက် ၉ နာရီခွဲက သက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ ဆေးပြားရိုက်သည့် စက်များ၊ အက်စစ်ပုံးများ၊ စိတ်ကြွဆေးပြား များနှင့် မော်တော်ယာဉ်များကို သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သတင်းပြန်ကြားရေး ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

Photo by ပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သတင်းပြန်ကြားရေး ဝက်ဆိုဒ်

ဖေဖော်ဝါရီ ၂၉ ရက် မှစတင် ဖမ်းဆီးလိုက်သည့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်သည့် ပစ္စည်းများသည် တန်ဖိုးငွေ ၉၁ ဘီလီယံကျော်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါး ဖမ်းဆီးမှု နှင့် ပတ်သက်ပြီး ဒေသခံ တဦး ၏ အမြင်မှာ “ ကောင်းခါးဘက်မှာ အိမ်တိုင်းနီးပါး မူးယစ်ဆေးဝါး လုပ်တယ်။ အိမ်တိုင်းလိုလို ရှိတယ်။ နောက် လူမရှိတဲ့ အိမ်မှာ ဖမ်းမိတာ ကတော့ ထူးဆန်းတယ်” ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo by ပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သတင်းပြန်ကြားရေး ဝက်ဆိုဒ်

လူမနေသည့် အဆောက်အဦး အတွင်း မူးယစ်ဆေး နှင့် ဆက်စပ်သည့် ပစ္စည်းများ ၅၃ ဘီလီယံ ဖမ်းဆီးသည့် အပေါ် စဉ်းစားစရာများရှိနေကြောင်း၊ မူးယစ်ဆေး လုပ်သည့်သူနှင့် ဖမ်းဆီးသည့် အဖွဲ့အစည်းကြား သတင်းပေးမှုမျိုးများ ရှိနေကြောင်း ဟု လည်း ၎င်း ဒေသခံ က သုံးသပ်ပြောသည်။

“ ၂၀၂၀ ရွေးကောက်ပွဲ ရောက်တော့မှာဆိုတော့ တပ်ကလည်း လုပ်ပြတဲ့ သဘောလား။ မူးယစ်ဆေး များရင် တရားခံ တခါမှ မမိတာတော့ စဉ်းစားစရာတွေပဲ” ဟု ကွတ်ခိုင်မြို့ ဒေသခံ စိုင်းလုံ က ပြောသည်။

Photo by ပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သတင်းပြန်ကြားရေး ဝက်ဆိုဒ်

ကွတ်ခိုင်မြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့စစ်များ နှင့် အစိုးရတပ်မတော် တို့လှုပ်ရှားသည်။

ပြည်ထဲရေး ဝန်ကြီး အသစ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် တက်လာပြီးနောက် သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း မူးယစ်ဆေးနှင့် ဆက်စပ်သည့် ပစ္စည်းအများဆုံးဖမ်းဆီးရမိမှု ဖြစ်ပါသည်။

ဖေဖော်ဝါရီ ၂၆ ရက်ကလည်း တရုတ်နယ်စပ် မူဆယ် မြို့ နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့စစ်များ မိမိနေရပ် ဌာနေကို ပြန်ရန် တပ်မတော် က အမိန့့်ပေးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...