Wednesday, January 28, 2026

ကျေးသီး- မိုင်းနောင် ကားလမ်း ပိတ်မှုကြောင့် ခရီးသည်များသွားလာဖို့ခက်ခဲ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင် -ကျေးသီး ဘက်တွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ကျေးသီး-မိုင်းနောင် ကားလမ်းကို အစိုးရတပ်မတော်က ယနေ့အထိ ပိတ်ထားသဖြင့် ခရီးသွား ပြည်သူများ အတွက် အခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

 

အဆိုပါ လမ်းပိုင်းကို မတ်လ ၂ ရက် မွန်းလွဲ ၁ နာရီ မှ စပိတ်လိုက်ခြင်းဖြစ်ပြီး၊ ယနေ့ မတ်လ ၃ ရက်ထိ ပြန် မဖွင့်သေးသဖြင့် ခရီးသည်များ လမ်းတွင် ပိတ်မိနေကြကြောင်း ကျေးသီးမြို့နယ် ပြည်နယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် စိုင်းစံမိဏ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်ကာ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော်( RCSS/SSA) နှင့် အစိုးရ တပ်မတော် တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို ဖြစ်ပွားခဲ့သည် တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ် အရှေ့ဘက် ကျေးသီးမြို့နယ် အထိ ပြန့်နှံ့လာခဲ့သည်။

ထို့ကြောင့် အစိုးရ တပ်မတော် က ကျေးသီး- မိုင်းနောင် ကြား တိုက်ပွဲထိတွေ့မှုများဖြစ်မည်ကို စိုးရိမ်သဖြင့် ကားများ၊ ပြည်သူများ ဖြတ်သန်းသွားလာခြင်းကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း စိုင်းစံမိဏ်း က ပြောသည်။

“ အခုက ကျေးသီးဘက်ကနေ သွားရင် ရပေမယ့် မိုင်းနောင်က နေ ကျေးသီးကိုလာမယ်ဆိုရင် ပိတ်ထားတယ်။ ဆိုတော့ ဒီနေ့ ခရီးသွားတွေက ပြန်ပြန်လှည့်သွားနေရတယ် ” ဟု စိုင်းစံမိဏ်း က ဆိုသည်။

ထိုလမ်းပိုင်းသည် ကျေးသီး နှင့် မိုင်းနောင် မြို့နယ် အတွင်းနေထိုင်သည့် ဒေသခံ ပြည်သူများ သီးသန့် အသုံးပြုသည့် လမ်းမဟုတ်ကြောင်း၊ သျှမ်းပြည် တောင်ပိုင်း နမ့်စန်၊ လွိုင်လင်၊ ပင်လုံ၊ လဲချား ကွန်ဟိန်း မှ သျှမ်းမြောက် လားရှိုးကို ဆက်သွယ်ထားသည့် ကားလမ်း လည်းဖြစ်ကြောင်း စိုင်းစံမိဏ်း က ပြောသည်။

“ အခု လမ်းပိတ်တော့ သျှမ်းတောင် ကနေ သျှမ်းမြောက်ကို သွားတဲ့ ခရီးသည်တွေ အတွက် အခက်အခဲဖြစ်တာပေါ့” ဟု စိုင်းစံမိဏ်း က ထပ်လောင်း ပြောသည်။

လက်ရှိ ကျေးသီး နှင့် မိုင်းနောင်မြို့နယ်သို့ အစိုးရ တပ်မတော် မှ အင်အားထပ်မံတိုးဖြည့်နေကြောင်း ဒေသခံများ ပြောပြချက် အရ သိရသည်။

“ တပ်ဘက်က စစ်အင်အားတွေ အများကြီး ထပ်လာတယ်။ ဘာဆက်ဖြစ်မယ်ဆိုတာတော့ မသိဘူး။ လောဆယ် ကားလမ်းတွေလည်း ပိတ်ထားတယ်” ဟု မိုင်းနောင် မြို့နယ် အတွင်းနေထိုင်သည့် အသက် ၃၅နှစ် ကျော် အမျိုးသားတဦး က ပြောသည်။

RCSS/SSA နှင့် အစိုးရ တပ်မတော်သည် ယနေ့အချိန်ထိ စစ်ရေး တင်းမာမှု ဆက်ဖြစ်နေပြီး လွိုင်တွန်းတိုက်ပွဲကြောင့် ကျေးသီးမြို့နယ် တွင်လည်း စစ်ရှောင် ၁၆၀ ကျော် ရှိနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

နိုင်ငံရေး ပြဿနာနှင့် အမြင်မတူခြင်းကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲခဲ့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

0
သျှမ်းပြည်တော်လှန်ရေး (၆၇) နှစ်ကာလအတွင်း နိုင်ငံရေး ပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။ ယနေ့ မေလ ၂၁ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာထဲတွင်...

“တော်လှန်ရေးဝိညာဉ်” မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

0
မြန်မာပြည် မြေပုံရဲ့ ၄ ပုံ ၁ ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အရှုပ်အထွေးပေါင်းများစွာ စစ်ရေးယမ်းငွေ့တွေနဲ့ ပြည့်နှက်လာခဲ့တာ နှစ်ပေါင်း (၇၀) နီးပါးရောက် ရှိခဲ့ပါပြီ။ သျှမ်းပြည်မှာ သယံဇာတတွေ ပေါကြွယ်ဝပြီး တိုင်းရင်းသားလူမျိုးစုံ နေထိုင်တဲ့ဒေသဖြစ်သလို စစ်လက်နက်ကိုင်တွေလည်း ပေါများတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ စစ်လက်နက်ကိုင်တွေရဲ့ ရည်မှန်းချက်တွေက...