အားလုံးပါမယ်ဆိုရင် NCA ထိုးဖို့ SSPP/SSA အသင့်ရှိကြောင်းထုတ်ပြန်

သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်( NCA) ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောဆိုလိုက်သည်။

 

Photo by SSPP/SSA

ဖေဖော်ဝါရီ ၄ ရက်မှ ၁၈ ရက်ထိ SSPP/SSA ဗဟို ကော်မတီ အစည်းအဝေးတရပ်ကျင်းပရာ NCA လက်မှတ်ရေးထိုးမည့် ကိစ္စပါ ဆွေးနွေးဆုံးဖြတ်ချက် ချခဲ့သည် ဟု သိရသည်။

အစည်းအဝေးအပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော SSPP/SSA ၏ ကြေညာချက်တွင်လည်း SSPP/SSA အနေဖြင့် NCA ဖြစ်ပေါ်လာရေး ကြိုးပမ်းမှု ဖြစ်စဉ်တွင် အစ မှ အဆုံးထိ ပူးပေါင်း ပါဝင်ခဲ့သည် ဟု ဖော်ပြထားသည်။

သျှမ်းပြည် တပ်မတော်သည် FPNCC အဖွဲ့ဝင် အားလုံး နှင့် အတူ NCA ဖြစ်စဉ် နှင့် နိုင်ငံရေး ဖြစ်စဉ် များတွင် ပူးပေါင်းပါဝင်နိုင်ရန် အတွက် အစိုးရ၊ တပ်မတော် တို့နှင့် ဆွေးနွေးပြီး ဘဝတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများတို့ နှင့် ဆွေးနွေးဆောင်ရွက်သွားမည် ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်

“ NCA လက်မှတ်ထိုးဖိုးက ကျနော်တို့ အဖွဲ့တွေ NCA စပြီးလုပ်ကတည်း က ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အားလုံး မပါရင် ကျနော်တို့ အဖွဲ့က မထိုးသေးတာပါ။ ထိုးဖို့ က ရှိပါတယ်။ NCA ထိုးဖို့လည်း ပြင်ဆင်ထားပြီးပါပြီ” ဟု SSPP/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းသန်းအောင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo by SSPP/SSA

NCA လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အားလုံးပါဝင်လာရန်အတွက် အဓိက မြောက်ပိုင်း မဟာမိတ် အဖွဲ့ နှင့် တွေ့ဆုံညှိနှိုင်း အဖြေရှာသွားမည် ဟု လည်း ဗိုလ်မှူး စိုင်းသန်းအောင် က ပြောသည်။

“ ကျနော်တို့မြောက်ပိုင်း အဖွဲ့ တွေနဲ့ တွေ့ပြီး ညှိဖို့ လုပ်ပါမယ်။ ဘယ်အချိန်လုပ်မယ်တွေ့မယ်ဆိုတော့ မသိသေးဘူး။ ကျနော်တို့ တွေ့ဆုံခဲ့ရင် NCA ကိစ္စ အကြောင်းတွေပြောမယ်” ဟု ဗိုလ်မှူး စိုင်းသန်းအောင် က ထပ်လောင်း ပြောသည်။

FPNCC သည် NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များ ဖွဲ့ထားသည့် မဟာမိတ် အဖွဲ့ဖြစ်သည်။

ထိုထဲတွင် SSPP/SSA ၊ ကချင် တပ်ဖွဲ့ (KIA) ၊မိုင်းလား အဖွဲ့ (NDAA) ၊ “ ဝ” တပ်ဖွဲ့ (UWSA)၊ တအာင်း (ပလောင်) တပ်ဖွဲ့( TNLA) ၊ကိုးကန့် တပ်ဖွဲ့ (MNDAA ) နှင့် ရခိုင် တပ်ဖွဲ့ (AA) တို့ ပါဝင်သည်။

ဆက်လက်ပြီး SSPP/SSA အနေဖြင့် နိုင်ငံရေး ပြဿနာ များကို နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်ရန် အတွက် ပြည်တွင်း ငြိမ်းချမ်းရး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး နယ်မြေ တည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်းကာ ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်သွားမည် ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...