Tuesday, January 27, 2026

အားလုံးပါမယ်ဆိုရင် NCA ထိုးဖို့ SSPP/SSA အသင့်ရှိကြောင်းထုတ်ပြန်

သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်( NCA) ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောဆိုလိုက်သည်။

 

Photo by SSPP/SSA

ဖေဖော်ဝါရီ ၄ ရက်မှ ၁၈ ရက်ထိ SSPP/SSA ဗဟို ကော်မတီ အစည်းအဝေးတရပ်ကျင်းပရာ NCA လက်မှတ်ရေးထိုးမည့် ကိစ္စပါ ဆွေးနွေးဆုံးဖြတ်ချက် ချခဲ့သည် ဟု သိရသည်။

အစည်းအဝေးအပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော SSPP/SSA ၏ ကြေညာချက်တွင်လည်း SSPP/SSA အနေဖြင့် NCA ဖြစ်ပေါ်လာရေး ကြိုးပမ်းမှု ဖြစ်စဉ်တွင် အစ မှ အဆုံးထိ ပူးပေါင်း ပါဝင်ခဲ့သည် ဟု ဖော်ပြထားသည်။

သျှမ်းပြည် တပ်မတော်သည် FPNCC အဖွဲ့ဝင် အားလုံး နှင့် အတူ NCA ဖြစ်စဉ် နှင့် နိုင်ငံရေး ဖြစ်စဉ် များတွင် ပူးပေါင်းပါဝင်နိုင်ရန် အတွက် အစိုးရ၊ တပ်မတော် တို့နှင့် ဆွေးနွေးပြီး ဘဝတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများတို့ နှင့် ဆွေးနွေးဆောင်ရွက်သွားမည် ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်

“ NCA လက်မှတ်ထိုးဖိုးက ကျနော်တို့ အဖွဲ့တွေ NCA စပြီးလုပ်ကတည်း က ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အားလုံး မပါရင် ကျနော်တို့ အဖွဲ့က မထိုးသေးတာပါ။ ထိုးဖို့ က ရှိပါတယ်။ NCA ထိုးဖို့လည်း ပြင်ဆင်ထားပြီးပါပြီ” ဟု SSPP/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းသန်းအောင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo by SSPP/SSA

NCA လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အားလုံးပါဝင်လာရန်အတွက် အဓိက မြောက်ပိုင်း မဟာမိတ် အဖွဲ့ နှင့် တွေ့ဆုံညှိနှိုင်း အဖြေရှာသွားမည် ဟု လည်း ဗိုလ်မှူး စိုင်းသန်းအောင် က ပြောသည်။

“ ကျနော်တို့မြောက်ပိုင်း အဖွဲ့ တွေနဲ့ တွေ့ပြီး ညှိဖို့ လုပ်ပါမယ်။ ဘယ်အချိန်လုပ်မယ်တွေ့မယ်ဆိုတော့ မသိသေးဘူး။ ကျနော်တို့ တွေ့ဆုံခဲ့ရင် NCA ကိစ္စ အကြောင်းတွေပြောမယ်” ဟု ဗိုလ်မှူး စိုင်းသန်းအောင် က ထပ်လောင်း ပြောသည်။

FPNCC သည် NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များ ဖွဲ့ထားသည့် မဟာမိတ် အဖွဲ့ဖြစ်သည်။

ထိုထဲတွင် SSPP/SSA ၊ ကချင် တပ်ဖွဲ့ (KIA) ၊မိုင်းလား အဖွဲ့ (NDAA) ၊ “ ဝ” တပ်ဖွဲ့ (UWSA)၊ တအာင်း (ပလောင်) တပ်ဖွဲ့( TNLA) ၊ကိုးကန့် တပ်ဖွဲ့ (MNDAA ) နှင့် ရခိုင် တပ်ဖွဲ့ (AA) တို့ ပါဝင်သည်။

ဆက်လက်ပြီး SSPP/SSA အနေဖြင့် နိုင်ငံရေး ပြဿနာ များကို နိုင်ငံရေး နည်းလမ်းဖြင့် တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်ရန် အတွက် ပြည်တွင်း ငြိမ်းချမ်းရး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး နယ်မြေ တည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်းကာ ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်သွားမည် ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။