ပြည်ကြီးတရုတ်အမျိုးသမီး ချင်းမိုင်တွင် ပဟေဠိဆန်ဆန် သေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တရုတ်ပြည်မှလာသော ခရီးသွားဧည့်သည် အမျိုးသမီးတဦး ပဟေဠိဆန်ဆန်သေဆုံးမှုကြောင့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်မည်ကိုဒေသခံပြည်သူလူထု စိုးရိမ်ထိတ်လှန့် နေကြသည်။

Photo Credit to Angel-ချင်းမိုင်တွင် သေဆုံးသူ တရုတ်အမျိုးသမီး၏ ခရီးသွားပတ်စပို့

ဇန်နဝါရီလ ၂၉ ရက် ယနေ့မနက် ၈ နာရီခွဲခန့်က ချင်းမိုင်ခရိုင် မယ့်ရင်းမ်မြို့နယ်ရှိ ဆုကွန်ထာရာ ရီဆော့တ် တွင်တည်းခိုနေသော တရုတ်နိုင်ငံ ရှန်တုန်းမြို့သူ အသက် ၃၂ နှစ်အရွယ်  Wang Li Juan သည် တည်းခိုသည့်အခန်းအတွင်းသေဆုံးနေသဖြင့် လူမှုကူညီရေးအဖွဲ့မှ အလောင်းအားသွား ရောက်သယ်ဆောင်ကာ ချင်းမိုင်မြို့ နခွန်းဖင်း ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။

၎င်းအမျိုးသမီးအလောင်းအား သက်ဆိုင်ရာအာဏာပိုင်များသွားရောက်စစ်ဆေးရာတွင် လုပ်ကြံသတ်ဖြတ်ခံရခြင်းမျိုးမဟုတ်ကြောင်း ပြောဆိုခဲ့ပြီး သေဆုံးရခြင်းအကြောင်းရင်းကို စစ်ဆေးမှုပြုလုပ်နေဆဲဖြစ်ကြောင်းသာ သတင်းထောက်များအားပြောဆိုသည်။

Photo Credit to Angel-ချင်းမိုင်တွင် သေဆုံးသူ တရုတ်အမျိုးသမီး၏အလောင်းအား လူမှုကူညီရေးအဖွဲ့က သွားရောက်ယူဆောင်စဉ်

ချင်းမိုင်ခရိုင် ကျန်းမာရေးဌာနကမူ ၎င်းအမျိုးသမီးသည် ယမန်နေ့ညက အရက်အလွန်အကျွံသောက်ထားမှုကြောင့်သေဆုံးဖွယ်ဖြစ်ကြောင်းသာ ကနဦး ကြေငြာထားသည်။

သေဆုံးသူ တရုတ်အမျိုးသမီး၏ ခရီးသွားဖော်များက- “မနေ့ညကတောင်မှ ညစာအတူတူစားကြသေးတယ်။ သူသိပ်နေမကောင်းဘူးလို့ပြောတယ်။ ဒီမနက်အံ့ဩဖွယ် သေဆုံးနေတယ် ” – ဟုပြောဆိုကြောင်းလည်း  The One ထိုင်းသတင်းဌာနက ရေးသားဖော်ပြထားသည်။

အမျိုးသမီးအလောင်းသွားရောက်သယ်ဆောင်သူများမှာ ဗိုင်းရပ်စ်ကာကွယ်သည့်ဝတ်စုံများဖြင့် သွားရောက်သယ်ဆောင်ကြသဖြင့်  ချင်းမိုင်လူထုကြား စိုးရိမ်ထိတ်လှန့်မှုများဖြစ်ပွါးခဲ့ကြသည်။

ချင်းမိုင်မြို့နယ်အတွင်း သျှမ်းရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေးအတွက် ကူညီဆောင်ရွက်မှုပေးနေသော နန်းယိင်းက – “ချင်းမိုင်ရောက် ရွှေ့ပြောင်းအလုပ်သမားတွေက မြန်မာနိုင်ငံကလာတဲ့ သူတွေချည်းဘဲ။ အလုပ်သမားတွေက ကျန်းမာရေးစောင့်ရှောက်မှုအပေါ် သိပ်ပြီးအလေးမထားကြဘူး။ အထူးသဖြင့် ကျမတို့ သျှမ်းပြည်သားအလုပ်သမားတွေ ပေါ့။ အရမ်း စိုးရိမ်မိပါတယ်။ မတ်စ် တွေတပ်ထားစေချင်တယ်။ ” – ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

လက်ရှိတွင် ဇန်နဝါရီလ ၂၉ ရက် မွန်းတည့်ချိန်အထိ စာရင်းအရ တရုတ်နိုင်ငံအပါအဝင် တကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀၇၈ ဦးရှိပြီး သေဆုံးသူမှာ ၁၃၂ ဦးရှိပြီဖြစ်ကြောင်း  South China Morning Post သတင်းအရသိရသည်။ ဗိုင်းရပ်စ်ကူးစက်ခံရသူများမှာ တရုတ်နိုင်ငံတွင်အများဆုံးဖြစ်ပြီး တရုတ်ခရီးသွား အများဆုံးဝင်ရောက်လည်ပတ်သော ထိုင်းနိုင်ငံတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၄ ယောက်ဖြင့် ဒုတိယအများဆုံးဖြစ်နေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

ထိုင်းနိုင်ငံ နွန်ထဘူရီကျောင်းပစ်ခတ်ခံရ ကျောင်းသားအပါအဝင် (၅)ဉီးသေဆုံး

0
ထိုင်းနိုင်ငံ နွန်ထဘူရီခရိုင်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သော သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်းသားအပါအဝင် ၅ ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစိုးရဌာနပေါင်းစုံမှ ဝန်ကြီးများနှင့်...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...