Tuesday, January 27, 2026

မိုင်းရယ်-သီပေါလူငယ်များ လူငယ့်အရည်အချင်းမြှင့်တင်ရေးသင်တန်း စုပေါင်းကျင်းပ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်နှင့် သီပေါမြို့နယ်မှ လူငယ်များ အရည်အချင်းမြှင့်တင်ရေး သင်တန်းတရပ်စုပေါင်းကျင်းပရာ ဒေသတွင်းလူငယ် ၂၀၀ နီးပါးတက်ရောက်ကြောင်းသိရသည်။

သီပေါမြို့နယ် စိန်ကျော့အုပ်စု နွံတိုင်းစက် လူငယ်အဖွဲ့က မိုင်းရယ်မြို့နယ်နှင့် သီပေါမြို့နယ်အတွင်း ၆ အုပ်စုမှ လူငယ် ၁၇၀ အတွက် အရည်အချင်းမြှင့်တင်ရေး ၅ ရက်သင်တန်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

မိုင်းရယ်မြို့နယ် ပါကန်းအုပ်စု ပါကန်းရွာရှိ ၀ပ်ငေါ၀်းလျန်းဘုန်းကြီးကျောင်းတွင် ပြုလုပ်သော လူငယ်များ အရည်အချင်းမြှင့်တင်ရေး သင်တန်း

အဆိုပါသင်တန်း ကို မိုင်းရယ်မြို့နယ် ပါကန်းအုပ်စု ပါကန်းရွာရှိ ၀ပ်ငေါ၀်းလျန်းဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည်။

လူနေမှုစရိုက်နှင့် ယဉ်ကျေးမှု၊ လူငယ့်လုပ်ငန်း၊ ဦးဆောင်မှုကဏ္ဍ၊ မူးယစ်ဆေးဝါးအန္တရာယ် သိစရာမှတ်စရာများ၊ လူ့အရည်အချင်း၊လူ့တန်ဖိုးနှင့်စကားပြောနည်းအစရှိခေါင်းစဉ်များအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း၊ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း လူငယ်ခေါင်းဆောင်များဖြစ်ကြသော စိုင်းလှကျော်၊ စိုင်းဟိန်းဆိုင်၊ စိုင်းဟန်ခေး တို့က ဦးဆောင်ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းကို မတ်လ ၃ ရက်နေ့မှ ရ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး မတ်လ ၈ ရက်နေ့တွင်သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရယ်မြို့နယ် စစ်ကောင်စီဂိတ် စစ်ဆေးမှုကြမ်းပြီး ငွေညှစ်တောင်းခံနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် လားရှိုး-မိုင်းရှူးလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ ယာယီစစ်ဆေးရေး ဂိတ်တွင် ကြမ်းတမ်းစွာ စစ်‌ဆေးမှုများ ပြုလုပ်နေပြီး ငွေညှစ်တောင်းခံနေကြောင်း သတင်းရရှိသည်။ မိုင်းရယ်မြို့နယ်အတွင်း မန်ပုံရွာအနီးရှိ ကျေးသီးလမ်းခွဲ စစ်ဆေးရေးဂိတ်နှင့် နမ့်ဟ တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (၂) ခုတို့သည် မေလ နောက်ဆုံးပတ်မှ စတင်၍ ကြမ်းတမ်းစွာ...

မိုင်းရယ်မြို့နယ် မိုင်းဟ/မိုင်းဟိုင်း ပြည်သူ့စစ် ဆက်ဆံရေး ရုံးခန်းအသစ် ဖွင့်ပွဲပြုလုပ်

0
သျှမ်းပြည် လားရှိုးခရိုင် မိုင်းရယ်မြို့နယ် မိုင်းဟ/မိုင်းဟိုင်း ပြည့်သူ့စစ်တပ်ဖွဲ့၏ ဆက်ဆံရေး ရုံးခန်းအသစ် ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက် မိုင်းရယ်မြို့ နှင့် မိုင် ၃၀ ဝန်းကျင် ကွာဝေးသည့် မိုင်းဟပြည့်သူ့စစ် ဌာနေ မိုင်းဟ/မိုင်းဟိုင်းမှ မန်မုံကျေးရွာတွင် ဆက်ဆံရေးရုံး...

မိုင်းရယ်မြို့နယ်မှ သတ္တုတူးဖော်သည့် နေရာတွင် စစ်ကောင်စီမှ လုံခြုံရေး ယူထားပေး

0
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် ဟိုယကျးရွာအုပ်စုတွင် တူးဖော်နေသည့် ခဲ နှင့် ငွေ သတ္တုတွင်း အနီးတွင် စစ်ကောင်စီတပ်ဖွဲ့မှ လုံခြုံရေးယူထားပေးနေကြောင်း သတင်းရရှိသည်။ အဆိုပါ ငွေ၊ သတ္တုတွင်းတူးဖော်နေသည့် နေရာသည် တန့်ယန်းမြို့နယ် နှင့် မိုင်းရယ်မြို့ နယ်စပ်ရှိ မိုင်းရယ် ဘက်ခြမ်း လွိုင်လိန်းတောင်ခြေ ဟိုယကျေးရွာအုပ်စု၏...

PDF ဟု အမည်ခံပြီး မိုင်းရယ်မြို့ နှင့် လဲချားမြို့ တို့တွင် ငွေကြေးတောင်းဆိုမှုရှိနေ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့နယ် နှင့် သျှမ်းပြည်တောင်ပိုင်းမှ လဲချားမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF ဟု အမည်ခံပြီး ငွေကြေးခြိမ်းခြောက်တောင်းဆိုမှုများ ရှိနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ် ၃၀) ရက်တွင် မိုင်းရယ် PDF အမည်ခံအဖွဲ့သည် မိုင်းရယ်မြို့နယ် အတွင်းရှိ ရေသန့်စက်ရုံတခုကို...

မိုင်းရယ်မြို့ TA/LT အဖြစ် သျှမ်းစာသင် ဆရာ၊ ဆရာမများ လစာမရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့နယ် သျှမ်းစာသင်ကြားပေးနေသည့် (Teacher Assistance -TA) နှင့် တိုင်းရင်းသားစာပေသင်ဆရာ၊ ဆရာမများ (Language Teacher -LT) တို့သည် လစာ မရရှိကြကြောင်း သတင်းသိရသည်။ ၂၀၂၂ - ၂၃ ပညာသင်နှစ် ပထမလ ဇွန်လ ၏...