Tuesday, January 27, 2026

မူဆယ်မြို့ နယ်တွင် ထိန်းချုပ်ဓာတုသိမ်းဆည်းရမိ ပိုင်ရှင်လွှတ်မြောက် ဟုဆို

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တွင် ထိန်းချုပ်ဓာတုပစ္စည်းများ သိမ်းဆည်းရမိကာ ပိုင်ရှင် လွှတ်မြောက်နေသည် ဟု သတင်းရရှိသည်။

Photo by ဒေသခံ တဦး

ယမန်နေ့ (ဇန်နဝါရီ ၁၃) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် နောင်မို ကျေးရွာ ရှိ ဂိုဒေါင်၌ မူးယစ်ဆေးဝါး ချက်လုပ်ရာ အသုံးပြုသည်ဟု ယူဆရသည့် ထိန်းချုပ်ဓာတုပစ္စည်းများကို သိမ်းဆည်းရမိကြောင်း နောင်မို ကျေးရွာ ဒေသခံ စိုင်းဌေး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ဓာတုပစ္စည်းပိုင်ရှင်ကတော့ ဖမ်းဆီးမရလိုက်ဘူး။ အဲ့ ဂိုဒေါင် အငှားစာချုပ်မှာတော့ တရုတ်လူမျိုးပါ။ ပိုင်ရှင်က တရုတ်ဖြစ်မယ်။ တန်ဖိုး ကတော့ ကျနော်လည်းမသိဘူး များတယ်” ဟု စိုင်းဌေး က ဆိုသည်။

အဆိုပါ ထိန်းချုပ် ဓာတု ကို သိမ်းဆည်း စဉ်တွင် မူဆယ်မြို့ရဲတပ်ဖွဲ့၊ မြန်မာ့တပ်မတော် နှင့် နောင်မို ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ပါဝင်ကြောင်းလည်း သိရသည်။

အဆိုပါ ထိန်းချုပ် ဓာတုပစ္စည်းသိမ်းဆည်းမှု အရေအတွက် တန်ဖိုးကို သက်ဆိုင်ရာ မူဆယ်မြို့ရဲစခန်းကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းရာ မသိရှိကြောင်း ပြောသည်။

ယခုလဆန်းပိုင်းတွင်လည်း မူဆယ်မြို့ နယ် ပန်ခမ်းကျေးရွာ အုပ်စု နောင်ရမ်းကျေးရွာ တွင်လည်း ကျပ်သိန်း ၂၂၅သိန်းကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါး ချက်ရာ ၌ အသုံးပြုသည့် ဓာတုပစ္စည်းများ သိမ်းဆည်းရမိကာ တရားခံလွှတ်မြောက်နေဆဲ ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...

UWSA က မူးယစ်မှောင်ခိုဂိုဏ်းကို နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ တရုတ်ထံ လွှဲပြောင်းပေးဟုဆို

0
တရုတ်နိုင်ငံထဲ မူးယစ်ဆေးဝါး ခိုးသွင်းရန် ကြိုးပမ်းခဲ့သည့် မူးယစ်မှောင်ခိုဂိုဏ်းကို ‘ဝ’တပ်ဖွဲ့ UWSA မှ နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများတွင် စိတ်ကြွဆေး၊ ဘိန်း၊ ဘိန်းဖြူ စသဖြင့် (၇၅၀) ကီလိုဂရမ်ကျော်၊...

မူးယစ်ဆေးဝါးကိစ္စ UWSA ကို စစ်ကောင်စီ မဖြေရှင်းနိုင်ပါက ထိုင်းကိုယ်တိုင်ဖြေရှင်းရန် တောင်းဆိုမည်ဟု သက်ဆင်ပြော

0
သျှမ်းပြည်တွင် အခြေစိုက်ပြီး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေသည့် ‘ဝ’တပ်ဖွဲ့ UWSA နှင့် ဆက်နွှယ်နေသော မူးယစ်ဂိုဏ်းများကို နှိမ်နှင်းရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်မှ တိုက်တွန်းတောင်းဆိုလိုက်သည်။ ယနေ့ (မေလ ၂၇ ရက်) တွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ချုပ် (ONCB) တွင် ပြုလုပ်သည့်...

မူဆယ်မြို့နယ် ပန်ဆိုင်းနယ်စပ်ဂိတ်တွင် MNDAA ထိန်းချုပ်ထားစဉ် မြန်မာအလံပြန်လွှင့်ထူ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၅ ဧပြီလ ၃၀ ရက် သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားစဉ် မြန်မာနိုင်ငံအလံကို ပြန်လည် လွှင့်ထူထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင်...