Tuesday, January 27, 2026

နိုင်ငံ့အကြီးအကဲ၊ ရှမ်းပြည်နယ်အကြီးအကဲများ သိရှိပြီး တာ၀န်ယူဖြေရှင်းပေးပါရန်

သို့

သျှမ်းသံတော်ဆင့်သတင်းဌာန မှ တဆင့်

နိုင်ငံ့အကြီးအကဲ၊ ရှမ်းပြည်နယ်အကြီးအကဲများ သိရှိပြီး တာ၀န်ယူဖြေရှင်းပေးပါရန်

ပြည်ထောင်စု သန္ဓေတည်ရာ ပင်လုံမြို့တွင် မြို့သူမြို့သားများကြောက်ရွံ့နေသည့် ပြည်သူ့စစ်တပ်ဖွဲ့များ မကြာခဏ ပြန်ပေးဆွဲနေမှုများအား နိုင်ငံ့အကြီးအကဲ၊ ရှမ်းပြည်နယ်အကြီးအကဲများ တာ၀န်ယူဖြေရှင်းပေးပါရ န်။

သမိုင်းဝင်မြို့ ပြည်ထောင်စုမြို့လေးဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့မှာ မကြာခဏဆိုသလို ပြန်ပေးဆွဲတာတွေကို ကြားနေရပါတယ်။ ဘယ်သူကပြန်ပေးဆွဲတာလဲဆိုတာ နားစွင့်ကြည့်လိုက်တော့ ပြည်သူ့စစ်ပါတဲ့။

ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ရက် နေ့လည် ၁၁ နာရီလောက်မှာ ပင်လုံနယ်မြေရှိ PNO/PNA တပ်ဖွဲ့ဝင်လို့ အမည်ခံသူ ၄ ဦးက စစ်ဝတ်စုံ၊ လက်နက်အပြည့်အစုံနဲ့ ပင်လုံမြို့ ရပ်ကွက် ၄ ပိဋိကတ်ကျောင်းလမ်းမှာ နေထိုင်တဲ့ ဖြားကုမ္မာကျော်ရဲ့သမီး အိမ်ခြံမြေရောင်းဝယ်ရေးပွဲစားလုပ်သူ အသက် ၆၀ နှစ်ရှိ  ဒေါ်ပါဒိုက်(ခေါ်)မွိုဒိုက် နဲ့ တူဖြစ်သူ အသက် ၂၆ နှစ်ရှိ ခွန်ခမ်းဟတ် ကို ပင်လုံမြို့ ရပ်ကွက် ၄ ပိဋိကတ်ကျောင်းလမ်းနေ PNO/PNA တပ်ဖွဲ့ဝင် ဦးထွက်ချန်းရဲ့တူတွေက လိုင်စင်မဲ့ကားအဖြူရောင်နဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ညနေ ၃ နာရီမှာ ဒေါ်ပါဒိုက်  ပြန်လွှတ်လာပေမဲ့ တူဖြစ်သူ စိုင်းခမ်းဟတ် ကို တောတွင်းရှိ PNA စခန်းတစ်နေရာမှာ ချုပ်နှောင်ဖမ်းဆီးထားပါတယ်။ ဒီကိစ္စကို ဘယ်သူ့ကိုမှ တိုင်ကြားတာ ပြောကြားတာ မပြုလုပ်ဖို့နဲ့ သတင်းပေါက်ကြားပြဿနာဖြစ်ရင် သူတို့ရဲ့တစ်မိသားစုလုံးကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ပြောကြားပြီး ဒေါ်ပါဒိုက် ကို ပြန်လွှတ်လာပါတယ်။

ဒီကိစ္စဟာ ပင်လုံမြို့ပေါ်နေပြည်သူတွေကို ထိတ်လန့်တုန်လှုပ်စေတဲ့အပြင် ပြည်သူတွေရဲ့ဘ၀ လုံခြံမှု မရှိဘူးလို့ ခံစားမိပါတယ်။ မြို့ပေါ်မှာ ပြည်သူ့စစ်အမည်ခံသူတွေဟာ အစိုးရရဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာကို ဝင်ရောက်စွက်ဖက်တယ်လို့လည်း ယူဆမိပါတယ်။ အလားတူဖြစ်စဉ်တွေ လူမသိရှင်မသိဘဲ ပြောင်ပြောင်တင်းတင်း အတင့်ရဲကာ မိမိတို့နဲ့ သဘောထားခြင်းမတူတဲ့သူတွေကို လာရောက်ဖမ်းဆီး ပြန်ပေးဆွဲတာကို မကြာခဏ ကြားနေရပါတယ်။ ဒီလိုလာရောက်ဖမ်းဆီး ပြန်ပေးဆွဲတာဟာ ၄ ကြိမ်လောက်ရှိသွားပြီလို့ ကြားသိရပါတယ်။

ပြည်သူတွေဟာ လုံလုံခြုံခြုံ အေးအေးချမ်းချမ်း နေထိုင်လိုကြပါတယ်။ ဒီတစ်ခေါက် ပြန်ပေးဆွဲတာ အကြွေးရလိုမှုကြောင့်လို့ သိရပါတယ်။ ဒီနေရာမှာ မေးစရာရှိတာက ပြည်သူ့စစ်ကို အကြွေးဆပ်စရာ ရှိလို့လားပေါ့။ အကြွေးနဲ့ မဆိုင်တဲ့သူကို ဖမ်းဆီးချုပ်နှောင် ပြန်ပေးဆွဲတာ မဖြစ်သင့်ပါဘူး။ အကြွေးရှင်နဲ့ အကြွေးပေးစရာရှိတဲ့သူတို့နဲ့သာ သက်ဆိုင်ပြီး ညှိနှိုင်းဖြေရှင်းဖို့ လိုအပ်ပါတယ်။

ဒီလို ပြည်သူတွေကို ပြည်သူ့စစ်က ပြန်ပေးဆွဲတဲ့ကိစ္စတွေကို နိုင်ငံသူရဲကောင်းအမေစု ၊ နိုင်ငံတော် သမ္မတ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ သိရှိပြီး ပြည်သူတွေရဲ့ အသက်အိုး အိမ်စည်းစိမ်ကို စောင့်ရှောက်ကာကွယ်ပေးဖို့  ၂၀၂၀ နှစ်သစ်ကာလမှာအလေးအနက် တောင်းဆိုလိုက်ရပါတယ်။

ဒီပြသနာတွေကို အမြန်ဆုံး ကူညီဖြေရှင်းပေးနိုင်လိမ့်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်။

လုံခြုံငြိမ်းချမ်းစွာ နေထိုင်လိုတဲ့ ပြည်ထောင်စုကျောက်တိုင်မြို့က
ခွန်ငြိမ်းချမ်း

 

 

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...
Pindaya_Polling_Station

ပင်းတယ မဲရုံများမှာ ပြည့်သူ့စစ် လုံခြုံရေးယူပေး၊ ပြည်သူများ စိုးရိမ်မှုဖြင့် မဲထည့်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က လုံခြုံရေးယူပေးနေပြီး ပြည်သူများက မဲမထည့်လျှင် ဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် မဲထည့်နေရကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို ပင်းတယမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ်...
Namsang_Polling_Station

နမ့်စန်နှင့် လင်း‌ခေးမြို့နယ်တို့တွင် ရွေးကောက်ပွဲနေ့ စစ်တပ် လုံခြုံရေးတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင်...

ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။