Tuesday, January 27, 2026

ထိုင်းနိုင်ငံသား ငှားရမ်းသည့် ဈေးဆိုင် မူယစ်ဆေး ကျပ်သိန်း ၁၃၀၀၀ သိမ်းဆည်းရ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ် မြို့နယ် ထိုင်းနိုင်ငံသား တဦး ငှားရမ်းထားသည့် ဈေးဆိုင်အတွင်း မူးယစ်ဆေးဝါး ကျပ်သိန်း ၁၃၀၀၀ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

Photo by မူးယစ်ရဲတပ်ဖွဲ့

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၈ ရက် တွင် မိုင်းဆတ် မြို့နယ် မိုင်းထလမ်းကျေးရွာ အုပ်စု ယောင်ခ(နားယောင်း) ဈေး ၌ ထိုင်းနိုင်ငံသား ကျော့ချိုင်း ငှားရမ်းထားသည့် ဈေးဆိုင်ခန်း ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၁၃၀၀၀၀၀ပြား (ဒေသ ပေါက်ဈေး တန်ဖိုး ကျပ်သိန်း ၁၃၀၀၀) ကို သိမ်းဆည်းရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

ထို ဈေးဆိုင်ငှားရမ်းနေထိုင်သည့် ထိုင်းနိုင်ငံသား ကျော့ချိုင်း မှာ လွှတ်မြောက်နေကြောင်းလည်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး လွှတ်မြောက်နေသည့် မူးယစ်ဆေးဝါး ပိုင်ရှင် ထိုင်းနိုင်ငံသား ကျော့ချိုင်းကို မိုင်းတွမ်းနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေ ဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေး ကို စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း လည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ မူးယစ်ဆေး တန်ဖိုးများရင် တရားခံ က အလိုအလျောက်ပျောက်နေတယ်။ ဒါက စဉ်းစားစရာပဲ။ ကျနော်တို့ သျှမ်းရှေ့ မှာ မူးယစ်ဆေးဝါး တန်ဖိုးများရင် ပိုင်ရှင်မဲ့ ဖြစ်သွားတယ်” ဟု တာချီလိတ်မြို့ ဒေသခံ စိုင်းတစ် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သျှမ်းပြည် အရှေ့ပိုင်း တွင် တန်းဖိုးများသည့် စိတ်ကြွဆေးပြားများ၊ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရာတွင် ပိုင်ရှင်မဲ့များနေကြောင်း၊ မူးယစ်ဆေး လုပ်သည့် သူများစုသည် လက်နက်ကိုင် တပ်ဖွဲ့နှင့် ဆက်စပ်မှု ရှိနေသည် ဟုလည်း စိုင်းတစ်က ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံသား အမည်ခံထားသည့် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းများအား ထိုင်းရဲတပ်ဖွဲ့များမှ ဆက်တိုက်ဖမ်းဆီးနေ

0
ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားအမည်ခံထားသည့် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းများအား ထိုင်းရဲတပ်ဖွဲ့များမှ ဆက်တိုက်ဖမ်းဆီးနေကြောင်း ထိုင်းရောက်ရွှေ့ပြောင်းသမားအရေး ကူညီဆောင်ရွက်သူများထံမှ သိရသည်။ ဖေဖော်ဝါရီလမှစ၍ ထိုင်းနိုင်ငံ နေရာဒေသအသီးသီးရှိ နိုင်ငံခြားသားများ၏ ဥပဒေနှင့်မညီသော လှုပ်ရှားမှုကို စောင့်ကြည့်အရေးယူရန် ထိုင်းရဲချုပ် Kitrat Panphet က အမိန့်ထုတ်ပြန်ပြီးနောက် တရားမဝင်သော လုပ်ငန်းများ၊ နေထိုင်သူများ၊ ဝင်ရောက်လာသူများ၊...

မိုင်းတုံ တရားမဝင်ထိုင်းနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့မှ ငွေညှစ်ပြီးပြန်လွှတ်

0
သျှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့တွင် တရားမဝင် ထိုင်းနိုင်ငံသားတစ်ဦးကို ရဲများမှာ ငွေညှစ်ပြီး ပြန်လွှတ်လိုက်ကြောင်း ဒေသခံများထံမှသိရသည်။ မိုင်းတုံမြို့အနီးတဝိုက် နားကောင်းမူးနားတွင် တရားမဝင်လာရောက်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို ယမန်နေ့ (အောက်တိုဘာလ ၅ ရက်)တွင် ဖမ်းဆီးငွေညှစ်ခဲ့ပြီး အဆိုပါ ထိုင်းနိုင်ငံသားမှာ ထိုင်းနိုင်ငံသို့ ပြန်လို့မရသည့် မှောင်ခိုလုပ်သားတစ်ဦးဖြစ်ပြီး မြန်မာရဲများကို ဘတ်...

ပန်ဆိုင်း သူခိုးနှင့် မူးယစ်သုံးစွဲသူများကို ဖမ်းသည့် ပြည်သူများ ရဲက ပြန်လည်ခြိမ်းခြောက်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်(ခွဲ) အတွင်း လူဆိုး နှင့် မူးယစ်သုံးစွဲသူများကို ဖမ်းဆီးသည့် ပြည်သူများကို ရဲများက ပြန်လည် ခြိမ်းခြောက်နေကြောင်း သတင်းသိရသည်။ မြန်မာ-တရုတ် နယ်စပ် ပန်ဆိုင်းမြို့နယ်(ခွဲ) မှ ရဲစခန်းသည် အရပ်သား ပြည်သူများ ဖမ်းဆီးအရေးယူထားသည့် သူခိုးများနှင့် မူးယစ်သားကောင်များကို ပြန်လည်အပ်နှံရာတွင်...

လားရှိုးမြို့တွင် အမျိုးသား ၂ဦး သေနတ်ပစ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နောင်မွန်ကျေးရွာ အနီးတွင် အမျိုးသား ၂ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ လားရှိုးမြို့နယ် နောင်မွန်ကျေးရွာ အနီးတွင် ယမန်( ဇန်နဝါရီ ၁၄) ရက် ည ၇နာရီခွဲတွင် အမျိုးသား ၂ဦး ကို အမည်မသိ လက်နက်ကိုင်...

မူဆယ်မြို့နယ်တွင် ကျပ်သိန်း ၃၁၀၀ တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းဆီးရမိ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် အတွင်း ကျပ်သိန်း ၃၁၀၀ တန်ဖိုးရှိ ဘိန်းဖြူ နှင့် စိတ်ကြွဆေးများ ဖမ်းဆီးရမိ ကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည် ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက် ညနေ ၄နာရီ ဝန်းကျင်တွင် မူဆယ်မြို့နယ် လားရှိုး-မူဆယ်...