Tuesday, October 8, 2024

မူဆယ်မြို့နယ်တွင် ကျပ်သိန်း ၃၁၀၀ တန်ဖိုးရှိ မူးယစ်ဆေး ဖမ်းဆီးရမိ

Must read

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် အတွင်း ကျပ်သိန်း ၃၁၀၀ တန်ဖိုးရှိ ဘိန်းဖြူ နှင့် စိတ်ကြွဆေးများ ဖမ်းဆီးရမိ ကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်

Photo by မူးယစ်ရဲတပ်ဖွဲ့

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက် ညနေ ၄နာရီ ဝန်းကျင်တွင် မူဆယ်မြို့နယ် လားရှိုး-မူဆယ် သွားကားလမ်း အိုရီယမ်တယ် တိုးဂိတ်အနီးတွင် အသက် ၃၀ အရွယ် ရှိ လိကြားကျန် မောင်းလာသည့် ကားကို စစ်ဆေးရာ ဘိန်းဖြူ အလေးချိန် ၆.၆ကီလို (ဒေသပေါက်ဈေး ကျပ်သိန်း ၁၃၂၀ ) နှင့် စိတ်ကြွဆေးပြား ၁၂၀၀၀၀ပြား (ဒေသပေါက်ဈေး ကျပ်ငွေ ၁၈၀၀) တို့ကို သိမ်းဆည်းရမိကြောင်း မူးယစ်ရဲ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို့ကြောင့် မူးယစ်ဆေးကို သယ်ဆောင်လာသည့် လိကြားကျန် အား မူဆယ်မြို့မ ရဲစခန်း တွင် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူ ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးနေကြောင်း သိရသ်။

 

Leave a Comments

- Advertisement -spot_img

Latest article