မူဆယ်တွင် ပစ်ခတ်မှုဖြစ် တဦးသေ ၂ဦးဒဏ်ရာရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်တွင် ပစ်ခတ်မှု ဖြစ်ပွားကာ တဦးသေဆုံး ၂ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

Photo by Taung Tun/ facebook

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၃ရက် ည ၈နာရီဝန်းကျင်တွင် မူဆယ်မြို့ တော်ရွက်ကျေးရွာ အနီးတွင် ပြန်ပေးဆွဲရန် ကြိုးစားရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး တဦးပွဲချင်းပြီး သေဆုံးကာ၊ ၂ဦး ဒဏ်ရာရခဲ့ကြောင်း မူဆယ်မြို့ ဂရုဏာလူမှုကယ်ဆယ်ရေး အသင်းမှ ဦးသောင်းထွန်း က ပြောသည်။

“ ပြန်ပေးဆွဲ ရာကနေ ပစ်ခတ်မှု ဖြစ်တယ်လို့ကြားရတယ်။ ပြန်ပေးဆွဲ ဘက်ကတော့ တယောက်သေတယ်၊ တယောက် ဒဏ်ရာရတယ်။ ဒေသခံ တဦးကိုလည်းထိတယ်” ဟု ဦးသောင်းထွန်း က ပြောသည်။

ပစ်ခတ်မှု ကြောင့် ဒဏ်ရာရသည့် တဦးသည် စိုးရိမ်စရာရှိပြီး၊ တဦးမှာ စိုးရိမ်စရာမရှိသော်လည်း ဒဏ်ရာရသူ များကို လားရှိုးဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဦးသောင်းထွန်း က ဆိုသည်။

ထိုပြန်ပေးဆွဲရန် ကြိုးစားပြီး ပစ်ခတ်မှုသည် မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို မသိရှိသေးကြောင်းလည်း မူဆယ်မြို့မ ရဲစခန်းမှ တာဝန်ကျသည့် ရဲ တဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ပစ်ခတ်မှု က ဘယ်အဖွဲ့ဆိုတာ စုံစမ်းနေပါတယ်။ တယောက်သေပြီး ၂ဦးဒဏ်ရာရတယ်” ဟု ၎င်း တာဝန်ကျ ရဲ တဦးက ပြောသည်။

ထို့ ပြင် မူဆယ်မြို့ မင်္ဂလာမူဆယ် နှင့် တော်ရွက် ကျေးရွာ အနီး ပစ်ခတ်မှုသည် စီးပွားရေး ပြဿနာကြောင့် ပစ်ခတ်မှု ဖြစ်ကြောင်း နှင့် ထိုပစ်ခတ်မှုတွင် ပြည်သူ့စစ် အဖွဲ့ တဖွဲ့ နှင့် အမည်မသိ အဖွဲ့ က ပစ်ခတ်မှုသည် ဟု မျက်မြင်သည့် ဒေသခံ စိုင်းဆမ် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အစက ယာဉ်တိုက်မှု ဖြစ်တာ။ နောက် ကားပေါ် ကနေ ဗျောက်ဖောက်တယ်ပဲထင်တာ။ ကျနော် ကားရှေ့ ရောက်မှ သူတို့ပစ်နေတာ သိတာ။ ကျနော်ကို မထိတာကံကောင်းတယ်။ ဘေးပတ်ဝန်းကျင် က အိမ်တွေတော့ ကျည်ထိတယ်” ဟု စိုင်းဆမ် က ဆိုသည်။

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့သည် တရုတ်နယ်စပ် စီးပွားရေး မြို့ဖြစ်ပြီး၊ လက်နက်ကိုင် ပြည်သူ့စစ်များ သွားလာ လှုပ်ရှားသည့် နေရာဖြစ်ပြီ၊ မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...