Wednesday, January 28, 2026

နမ့်ဆန်မြို့ အနီး တိုက်ပွဲများဖြစ်ပွား ဒေသခံများ ရွာပြင်တွင် ပုန်းရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ် အတွင်း ယနေ့မနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

Photo by Namhsen News/ နမ့်ဆန်မြို့ အဝင် ဆိုင်းဘုတ်ပုံ

ယနေ့( ဒီဇင်ဘာ ၁၃) ရက် မနက် ၆နာရီခွဲ မှစတင်ကာ နမ့်ဆန်မြို့နယ် ကယားလမ်းရွာ အနီးပတ်ဝန်းကျင်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် မြန်မာ့တပ်မတော်တို့တိုက်ပွဲဖြစ်ပွား ကြောင်း ကယားလမ်းရွာ ဒေသခံများ ပြောပြချက် အရသိရသည်။

“ မနက်က ၆နာရီခွဲကနေ ၁၀နာရီထိ ဖြစ်တယ်။ ရွာ အောက်ဘက်နားမှာပါ။ မနက်စာတောင် မစားရသေးဘဲ ကျမတို့ ထွက်ပြေးရတယ်။ အခုထိ ရွာထဲ ပြန်မဝင်ရဲသေးဘူး” ဟု တိမ်းရှောင်နေရသည့် ကယားလမ်းရွာ ဒေသခံ လွေးခမ်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိ အချိန်တွင် တိုက်ပွဲများ ရပ်သွားသော်လည်း ကယားလမ်းရွာ ဒေသခံ များသည် တိုက်ပွဲများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ရွာပြင် တွင် ပုန်းရှောင်နေရသေးကြောင်း လည်း လွေးခမ်း က ပြောသည်။

“ ကျမတို့ ရွာထဲမှာ မြန်မာတပ်တွေ ရှိနေတယ်။ ဒါကြောင့်ကျမတို့ မဝင်ရဲသေးဘူး။ နည်းနည်းဝေးတဲ့ချောင်းဘက်မှာ ပုန်းနေတုန်းပဲ” ဟု လွေးခမ်းက ဆိုသည်။

ယနေ့ ဖြစ်ပွားသည့် နမ့်ဆန်မြို့နယ် ကယားလမ်း ကျေးရွာ ပတ်ဝန်းကျင် သည် လွန်ခဲ့သည့် ၂လ ကျော်တွင် တိုက်ပွဲများဖြစ်ပွားပြီး လက်နက်ကြီးများ ကျသည့်နေရာဖြစ်ကာ ဒေသခံများ နမ့်ဆန်မြို့ ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် နေရာ လည်း ဖြစ်သည်။

“ မနက်က ကျမတို့ နမ့်ဆန် နားထိ လက်နက်ကြီးသံတွေ ကြားရတယ်။ တိုက်ပွဲက ကယားလမ်းရွာမှာဖြစ်တာ။ စစ်ရှောင်တွေကတော့ ထွက်မလာသေးဘူး” ဟု နမ့်ဆန်မြို့ တအာင်းအမျိုးသမီး အဖွဲ့အစည်း မှ လွေးအေးမိုင် က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

တိုက်ပွဲဖြစ်သည့် နေရာသည် နမ်ဆန်မြို့ နှင့် ၃မိုင်သာ ကွာဝေးသည့်နေရာဖြစ်ကြောင်း လည်း လွေးအေးမိုင် က ပြောသည်။

“ ဒီတခါ ဖြစ်တဲ့တိုက်ပွဲက အရင် ၂လကျော်လောက်တော့မပြင်းဘူး။ လက်နက်ကြီးသံတွေတော့ ကြားရတယ်။ ဒေသခံတွေကတော့ ကြောက်လို့ရွာထဲ ကို မပြန်ရဲသေးဘူး” ဟု လွေးအေးမိုင် က ဆိုသည်။

နမ့်ဆန်မြို့နယ် အတွင်း TNLA နှင့် မြန်မာ့တပ်မတော်သည် မကြာခဏ တိုက်ပွဲများဖြစ်ပွားကာ ဒေသခံများအနေဖြင့် စားဝတ်နေရေး ရှာဖွေရခက်ကြောင်း၊ လုံခြုံစိတ်ချစွာ နေထိုင်မှု မရကြောင်းလည်း နမ့်ဆန်ဒေသခံများက ပြောဆိုလိုက်သည်။

သျှမ်းပြည် မြောက်ပိုင်းအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများ အမြန်ရပ်တန့်ပေးရန် လည်းနမ့်ဆန်ဒေသခံများက တောင်းဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ် ယခုရက်ပိုင်း တိုက်ပွဲပြန်လည်ဖြစ်ပွားနေ

0
သျှမ်းပြည် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာ နှင့် စက်တော်ရွာတွင် ယခု ရက်ပိုင်း၌ စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြန်လည် ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်မှစ၍ ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာ နှင့် စက်တော်ရွာတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့...

စစ်ကောင်စီ နှင့် TNLA တိုက်ပွဲကြောင့် ပြည်သူ ၆၀၀ နီးပါး နမ့်ဆန်မြို့ပေါ် ထွက်ပြေးတိမ်းရှောင်လာ

0
သျှမ်းပြည်မြောက်ပိုင်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲကြောင့် ယနေ့ (ဒီဇင်ဘာ ၉) ရက်တွင် ပြည်သူ ၆၀၀ နီးပါး နမ့်ဆန်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင် လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် မန်လုံ၊ ပိန်းလုံ စသည့်...

ရပ်စောက်မြို့နယ် တိုက်ပွဲဖြစ်ပွားမည်ကို ပြည်သူများ စိုးရိမ်နေ

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်များက သျှမ်းတပ် (၂) တပ် တို့ တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး ထွက်ပြေးရန် အဝတ်ထုတ်ပြင်ဆင်နေရကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လမှ စတင်ပြီး ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာအုပ်စု၊ နောင်လုံကျေးရွာအုပ်စု နှင့် ကျောက်ဂူကျေးရွာအုပ်စုတို့တွင် စစ်ကောင်စီတပ် အပါအဝင် SSPP/SSA နှင့် RCSS/SSA...

နမ့်ဆန်မြို့ ဗုံးပေါက်ကွဲ စစ်ကောင်စီ ရဲတပ်ဖွဲ့(၅)ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ စာသင်ကျောင်းအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ မှ ရဲစခန်းမှူးအပါအဝင် (၅) ဦးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ မေ (၂၀) ရက် ည ၉ နာရီခန့်တွင် နမ့်စန်မြို့ရှိ အထက (၁) ခွဲ ကျောင်းအနီးရှိ ကပေါ်တွင် ဗုံးထောင်ထားပြီး၊...

RCSSနှင့် CRPH တွေ့ဆုံမှုအပြီး မိုင်းနောင်မြို့နယ် RCSS နှင့် တပ်မတော်တိုက်ပွဲဖြစ်

0
RCSS/SSA နှင့် CRPH အလွတ်သဘောတွေ့ဆုံပြီးနောက် ယမန်နေ့ (မတ် ၉ )ရက် ညနေ ၄နာရီကျော်မှာ RCSS/SSAနှင့် မြန်မာ့တပ်မတော်တို့ သည် သျှမ်းတောင် မိုင်းနောင်မြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မတ် (၉ )ရက်တွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော် (RCSS/SSA)...