Tuesday, January 27, 2026

လားရှိုးမြို့ နယ် တွင် အမျိုးသားတဦး ဓားခုတ်ခံရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နားအိုက်ခန် ကျေးရွာ အနီးတွင် ယမန်နေ့ ည ၈နာရီ ၌ အမျိုးသားတဦး ဓားခုတ်ခံရကြောင်း သတင်းရရှိသည်။

Photo by ကမ်းလင့်လက်များဆုံဆည်းရာ/ ဓားခုတ်ခံရသည့် အသက် ၄၀ ကျော် အမျိုးသား ပုံ

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၆ရက် ည ၈နာရီတွင် လားရှိုးမြို့ နယ် နားအိုက်ခန် ကျေးရွာမှ ကစား စရာ အရုပ် ရောင်းပြီးဆိုင်ကယ်ဖြင့် ပြန်လာသည့် အသက် ၄၀ အရွယ် အမျိုးသားတဦး ကို လူငယ် (၃) ဦးက ဓားဖြင့်ခုတ်သွားကြောင်း သွားရောက်ကူညီပေးသည့် ကမ်းလင့်လက်များဆုံဆည်းရာ မှ ကိုကိုနိုင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အဓိက လူငယ် ၃ ဦးက ဆိုင်ကယ်လုချင်လို့ ဓားခုတ်သွားတာပါ။ ဓားခုတ် ဒဏ်ရာတွေက နားဖူးနဲ့နားခေါင်းကြားမှာ တချက်၊ နောက် ကျောမှာ တချက်၊ ဘယ်ဖက်လက် တချက် ပါ။ ဒဏ်ရာကတော့များတယ်။ အခု လားရှိုး ပြည်သူ့ဆေးရုံ ခွဲစိတ်ဆောင်မှာပါ” ဟု ကိုကိုနိုင် က ပြောသည်။

Photo by ကမ်းလင့်လက်များဆုံဆည်းရာ/ ဓားခုတ်ခံရသည့် အသက် ၄၀ ကျော် အမျိုးသား ပုံ

အရုပ်ရောင်းသည့် အသက် ၄၀ အရွယ်ကို ဆိုင်ကယ်လုယူရန် ဓားဖြင့် ခုတ်သွားသည့် လူငယ် ၃ဦး သည် လက်ရှိအချိန်ထိ လွှတ်မြောက်နေကြောင်း၊ လားရှိုးရဲစခန်းမှ လိုက်လံ စုံစမ်းစစ်ဆေးနေကြောင်း လည်း သိရသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ယခင်က ထက် ပိုမိုများလာသဖြင့် ခိုး၊လုယက်မှုလည်း တနေ့ထက် တနေ့ ပိုပြီး များလာကြောင်းလည်း လားရှိုးဒေသခံများပြောပြချက် အရ သိရသည်။

“ ဒီမှာ က မှောင်တဲ့နေရာဆို သိပ်မသွားရဲဘူး။ ဆေးသမားတွေ က လုဖို့ ချောင်းနေတာ။ လုယက်မှုကတော့ နေ့တိုင်းလိုလို ရှိတယ်။ ကြောက်နေရတယ်” ဟု လားရှိုးမြို့ရပ်ကွက် (၂) နေထိုင်သည့် စိုင်းညွန့် က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့ တွင် ဆယ်ကျော်သက် လူငယ်တဦး ဓားခုတ်ခံရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ တွင် ယနေ့ ညနေ ၄နာရီ တွင် လူငယ်တဦး ဓားခုတ်ခံရကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ လားရှိုးမြို့ ရပ်ကွက် (၅) အထက်တန်းကျောင်း(အထက ၆) အနောက်ဘက်လမ်းတွင် လူငယ်တဦး ဓားခုတ်ခံရကြောင်း၊ လက်ရှိမှာ လားရှိုးဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း လားရှိုး လူငယ်...

သိန်နီမြို့တွင် အမျိုးသားတဦး ဓားခုတ်ခံရ

0
သျှမ်းပြည် မြောက်ပိုင်း သိန်နီ မြို့တွင် အမျိုးသား တဦး ယနေ့ မနက်ပိုင်း တွင် ဓားခုတ်ခံရကြောင်း သတင်းရရှိသည်။ သျှမ်းပြည် မြောက်ပိုင်း သိန်နီ မြို့တွင် အမျိုးသား တဦး ယနေ့ မနက်ပိုင်း တွင် ဓားခုတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီ ၃) ရက်...

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ထိုင်းကျောင်းသား ၂ ဦးအား ဆာမူရိုင်းဓါးဖြင့် လူတဖွဲ့မှလိုက်ခုတ် ၊ ရွှေ့ပြောင်းအလုပ်သမားများဟု ထိုင်းသတင်းထုတ်ပြန်

0
ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မနက်မိုးမလင်းခင်အချိန်က နာမည်ကြီး ပရတူ ထာ့ဖဲမြို့ရိုးတွင် လာရောက်လည်ပတ်သော ထိုင်းအထက်တန်းကျောင်းသား ၂ ဦးအား ဆာမူရိုင်းဓါးဖြင့်လိုက်လံခုတ်ဖြတ်သည့် လူငယ်အဖွဲ့မှာ ဆာမူရိုင်းဂိုဏ်း ရွှေ့ပြောင်းအလုပ်သမား သျှမ်းလူငယ်အဖွဲ့ ဖြစ်ကြောင်း ထိုင်းရတ်ထိုင်းသတင်း က သတင်းထုတ်ပြန်သည်။ ဇွန်လ ၁၈ ရက်မနက် ၃ နာရီ ခန့်က ပရတူ...

မူးယစ်ကြောင့် လားရှိုးမြို့ခံတဦးက အိမ်နီးချင်းကိုဓါးဖြင့်ခုတ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် အရက်မူးနေသည့် လူတဦးက အိမ်နီးချင်းလင်မယားအား ၀င်ရောက် ခုတ်ထစ်သဖြင့် ဇနီးဖြစ်သူ ဒဏ်ရာပြင်းထန်စွာရရှိပြီးမန္တလေးဆေးရုံသို့ပို့ဆောင်ဆေးကု နေရကြောင်း သိရ သည်။ လားရှိုးမြို့ ရပ်ကွက် ၁၂ နေ စိုင်းဆန်ပန် နှင့် နန်းခမ်းစံ လင်မယားအား သြဂုတ်လ ၅ ရက်နေ့မွန်းလွဲပိုင်းက အိမ်နီးချင်းနေ စိုင်းအိုအေး...

တောင်ကြီးမြို့တွင် နဝမတန်းကျောင်းသူတစ်ဦးဓါး ခုတ်ခံရ

တောင်ကြီးမြို့ တွင် ၉ တန်းကျောင်းသူ တဦးဓါးခုတ်ခံရကြောင်းသိရသည်။ မင်္ဂလာဦးရပ်ကွက် ၊ စန္ဒာလမ်းရှိ Twin Kid အနီးတွင် (၁၄) နှစ်အရွယ် နဝမတန်းကျောင်းသူ တစ်ဦးအား အမျိုး သားနှစ်ဦးက ဆိုင်ကယ် ပေါ်မှဓါးဖြင့် ခုတ်၍ထွက် ပြေး လွှတ်မြောက်နေကြောင်းကာယကံ ရှင်အသိုင်းအဝိုင်းထံ မှသိရသည် ။ ထွက်ပြေးသွားသောအမျိုးသား(၂)ဦးအားတောင်ကြီးမြို့နယ်မြေရဲစခန်းတွင်...