Wednesday, January 28, 2026

ကလေးသူငယ် ကာကွယ်စောင့်ရှောက်မှု ဆိုင်ရာ သဘောတူညီချက်ကို RCSS လက်မှတ်ရေးထိုး

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော်( RCSS/SSA) သည် ကလေးသူငယ် ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ သဘာတူညီချက် ကို လက်မှတ်ရေးထိုး လိုက်ကြောင်း သတင်းရရှိသည်။

Photo by Tai Freedom

“ သျှမ်းပြည် ဟာ လမ်းတွေပြတ်တောက် ပြီး ဒေသခံတွေ အနိုင်ကျင့်ခံရတာလည်းကြာပါပြီ။ သျှမ်းလူမျိုးတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတာ နေရပ်ကနေ ထွက်ပြေးရတာ။ ဘယ်နေရာမှ ခိုလှုံလို့မရဘူး။ အခုတော့ တံခါးပိတ်ရမယ့် အချိန်မဟုတ်တော့ဘူး။ Geneva call နဲ့ပူးပေါင်းပြီး တံခါးဖွင့်လိုက်တာပါ” ဟု RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောကြားသည်။

ယနေ့ခေတ်ရေစီးကြောင်း ပြောင်းလဲလာသည်နှင့်အမျှ သျှမ်းလူမျိုးများလည်း ခေတ်နှင့်အညီ ပြောင်းလဲဖို့ လိုအပ်ပြီး၊ လူငယ်များကို ပညာရေး ကောင်းမွန်စွာ သင်ကြားစေလိုသည့် စိတ်ကြောင့် လက်မှတ်ရေးထိုးခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။

Photo by Tai Freedom

ကလေးသူငယ်များသည် တိုင်းပြည်၏ အနာဂတ် များဖြစ်သည့် အတွက် အသက် ၁၈နှစ် မပြည့်ပါက RCSS/SSA ထဲသို့ ပေးမဝင်ရန် လည်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ယမန်နေ့ အခမ်းအနားတွင် ပြောဆိုလိုက်သည်။

“ လူငယ်တွေ ၁၈နှစ် မပြည့်ရင် စစ်သားမလုပ်ဖို့။ မိမိဆန္ဒအလျောက်ကလေးတွေ စစ်မှုထမ်းဖို့ ဝင်လာရင်လည်း ဒါကိုသေချာရှင်းပြရမယ်။ မိဘ အိမ်ပြန်ဖို့ပြောရမယ်” ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

Photo by Tai Freedom

စေတနာ၊ လူမျိုးချစ်စိတ်ဖြင့် တပ်ထဲဝင်လာမည့် အသက် ၁၈နှစ် မပြည့်သေးသည့်သူများ မိမိနေရပ် မပြန်လိုပါက လွိုင်တိုင်းလျန်းတွင် ဖွင့်လှစ်ထားသည့်ကျောင်းတွင် တက်ရောက်ပညာသင်ယူစေပြီး အသက် ၁၈ နှစ်ပြည့်မှသာ စစ်ပညာသင်စေလိုကြောင်းလည်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ထပ်လောင်းပြောသည်။

လွန်ခဲ့သည့် နှစ်ကာလများစွာတွင် လူ့အခွင့်ချိုးဖောက်ခံရပါက တိုင်ကြားရန် ခက်ခဲ ခဲ့ပြီး မည်သည့်နေရာတွင် တိုင်ကြားရမည်ကိုလည်း မသိကြကြောင်း ဗိုလ်ချုပ်ကြီး ယွက်ဆစ် က ပြောသည်။

Photo by Tai Freedom

“ ပြည်သူတွေ အနေဖြင့် ကျနော်တို့ နဲ့ပူးပေါင်းပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရရင် စာတင်ကြဖို့ သတင်းတွေ ပို့ကြဖို့ ပြောချင်ပါတယ်” ဟု လည်း ဗိုလ်ချုပ်ကြီး က ဆိုသည်။

Geneva Call အဖွဲ့ နှင့် ချုပ်ဆိုသည့် နားလည်မှု စာချွန်လွှာ သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီ (NMSP) နှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ က ၂၀၁၂ ခုနစ် သြဂုတ် ၂ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ၌ တရားဝင် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ကမူ ၂၀၁၃ ခုနှစ် ဂျူလိုင်လ ၂၄ ရက်ကလည်းကောင်း ၊ ချင်းအမျိုးသားတပ်ဦး CNF က ၂၀၁၄ ခုနှစ် မတ်လ ၂၀ ရက်နေ့ကလည်းကောင်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO က ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက် ကလည်းကောင်း အသီးသီး Geneva call စာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည်။

ဂျီနီဗာ လုပ်ဆောင်ချက်များမှာ ကမ္ဘာ့အရပ်ရပ်တွင် ကလေး သူငယ်ကာကွယ်ရေး၊ အမျိုးသမီးဘဝလုံခြုံရေးနှင့် မြေမြုပ်မိုင်း အသုံးမပြုရေးစသည့် ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

ညီနောင်မဟာမိတ်ဆန့်ကျင်ကြောင်း စစ်ကော်မရှင်ဆန္ဒပြခိုင်းမှု တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေဟု RCSS ပြော

0
သျှမ်းပြည်တောင်ပိုင်း ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း RCSS/SSA ဘက်က ပြောဆိုလိုက်သည်။ ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းရှိ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တို့မှ ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများမှ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA...

နမ့်စန်မြို့နယ် မွေတော်ဘုရားပွဲသို့ RCSS ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် တက်ရောက်ခဲ့

0
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စုရှိ မွေတော်ဘုရား ဓမ္မာရုံ ရေစက်ချလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၉ ရက်) မွန်းလွဲပိုင်း၌ နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စု ဟိုတိကျေးရွာရှိ တိလုံမွေတော်ဘုရားတွင် ပြုလုပ်သည့် စေတီရေစက်ချ...

မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ...