Wednesday, January 28, 2026

နမ္မတူမြို့ တွင် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့ တွင် ယမန်နေ့ ည တွင် အမျိုးသား တဦး သေနတ်ပစ်ခံရကြောင်း သတင်း ရရှိသည်။

Photo by နမ္မတူ ဒေသခံတဦး

ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာ ၇) ရက်နေ့ တွင် ည ၆နာရီကျော်တွင် အသက် ၂၇ နှစ် အရွယ် အမျိုးသား တဦး ကို အမည်မသိ လက်နက်ကိုင် အဖွဲ့ မှ လာရောက် ပစ်သတ်ခဲ့ကြောင်း နမ္မတူမြို့ မှ ဒေသခံ လုံးကျော်လှ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ သေနတ်ပစ်သတ်ခံရတဲ့သူက နမ္မတူမြို့ ဒေသခံ တော့မဟုတ်ဘူး။ နမ့်ဆန်ဘက်ကနေလာနေတဲ့သူပါ။ မနေ့ က လူ ၄ယောက်က ဆိုင်ကယ်နဲ့ လာပြီး ပစ်သတ်တာပါ။ သတ်ခံရတဲ့သူက မူးယစ်ဆေးသုံးတဲ့သူလို့ ပြောကြတယ်” ဟု လုံးကျော်လှ က ဆိုသည်။

လက်ရှိ မှာ အသက် ၂၇နှစ် အရွယ် အမျိုးသားအား သေနတ်ပစ်သည့် အဖွဲ့ကို စုံစမ်းနေဆဲဖြစ်ကြောင်း လုံးကျော်လှ က ပြောသည်။

သေနတ်ပစ်သတ်ခံရသည့် အမျိုးသားသည် မူးယစ်ဆေးဝါး သုံးစွဲသူ တဦးဖြစ်ပြီး၊ ရွာသားများထံ ငွေကြေးတောင်းလေ့ရှိသူတဦး ဖြစ်သည်ဟု ဒေသခံများပြောပြချက် အရ သိရသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့ နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံနှင့် မြန်မာ့တပ်မတော် တို့လှုပ်ရှားသည့်နေရာ ဖြစ်ကြောင်း သိရသည်။

ယခုလ အတွင်း သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့လည်ခေါင် စားသောက်ဆိုင် တွင် မိုင်းတင်း ကျေးရွာအုပ်ချုပ်ရေးမှူး၊ နားမွန်းကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် အမျိုးသားတဦး သေနတ်ပစ်သတ်ခံရပြီး၊ ထိုနည်းတူ ကွတ်ခိုင်မြို့ နယ် ပန်လော့ကျေးရွာတွင်လည်း အမျိုးသား တဦး သေနတ်ခံရကာ ဆေးကုသနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ သက်ငယ်မုဒိမ်းကျူးလွန်သည့် တရားခံ အချုပ်ခန်းထွက်ပြေးရန် ကြိုးစားနေချိန် သေနတ်ပစ်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ တွင် သက်ငယ်မုဒိမ်းကျူးလွန်ခဲ့သည့် တရားခံ သူရိန်ထွန်းသည် ရဲအချုပ်ခန်းမှ ထွက်ပြေးနေစဉ် သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ တာချီလတ်မြို့ အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးအလောင်းဖျက်မှုဖြင့် အရေးယူခံထားရသည့် သူရိန်ထွန်းသည် သြဂုတ် ၆ ရက် နေ့လယ်ပိုင်းတွင် ရဲအချုပ်ခန်းမှ...

သိန္နီမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် လူငယ်တစ်ဦး အမည်မသိ လက်နက်ကိုင် သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် သိန္နီမြို့နယ် မောက်စလီကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် မြေးဖြစ်သူ လူငယ်တစ်ဦးတို့ အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခြင်း ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၃ ရက်) ညပိုင်းတွင် သိန္နီမြို့နယ် မောက်စလီ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် မြေးဖြစ်သူ လူငယ်တို့ နှစ်ဦးသည် လားရှိုး-သိန္နီ...

ကျိုင်းတုံမြို့နယ် ဆယ်အိမ်မှူးတစ်ဦး သေနတ်ပစ်ခံရ

0
သျှမ်းပြည် ကျိုင်းတုံမြို့နယ်မှ ဆယ်အိမ်မှူး တစ်ဦးသည် သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ကျိုင်းတုံမြို့၊ ပန်ယောင်းကျေးရွာမှ အသက် (၃၅) နှစ် ဆယ်အိမ်မှူး တစ်ဦးသည် အမျိုးသမီးဖြစ်သူ နှင့်...

နမ္မတူမြို့ကို TNLA တပ်ဖွဲ့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ၊ ကျောင်းဆရာမတစ်ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရ

0
သျှမ်းပြည် နမ္မတူမြို့နယ်ကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က အလုံးစုံထိန်းချုပ်နိုင်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၂၈ ရက်တွင် နမ္မတူမြို့အခြေစိုက် စစ်ကောင်စီတပ် ခမရ-၃၂၄ တပ်ရင်းကို တအာင်း(ပလောင်)တပ်ဖွဲ့ TNLA က...

လဲချားမြို့နယ် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ

0
သျှမ်းပြည် လဲချားမြို့နယ် ဟိုဖိုင်ကျေးရွာအတွင်း နေထိုင်သည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ၎င်းနေအိမ်အနီးသို့ လာရောက်ပစ်ခတ်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၈ ရက်) ညပိုင်း ၇ နာရီဝန်းကျင်တွင် လဲချားမြို့နယ် ဟိုဖိုင်ကျေးရွာနေ အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးအား ဆိုင်ကယ်တစ်စီးနှင့်...