NCA ၄ နှစ်ပြည့်ရက်တွင် RCSS/SSA နှင့် အစိုးရတပ်မတော် တိုက်ပွဲဖြစ်

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA  လက်မှတ်ရေးထိုး သည့် ၄ နှစ်ပြည့်နေ့ တွင် သျှမ်းပြည်တပ်မတော် RCSS/SSA  နှင့် အစိုးရတပ်မတော် တို့ မိုင်းပန်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် နောင်ဟီး ကျေးရွာ အုပ်စု ဝမ့်ကန့်ကန်ရွာအနီး အောက်တိုဘာ ၁၅ ရက်  မနက် ၉ နာရီ ခွဲက  အစိုးရတပ်မတော် နှင့် RCSS/SSA တို့ ထိတွေ့မှု တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ယနေ့ အောက်တိုဘာ ၁၅ ရက်သည် တိုင်းရင်းသား လက်နက်ကိုင် (EAOs) နှင့် အစိုးရ၊ အစိုးရတပ်မတော် တို့ NCA လက်မှတ်ရေးထိုးခဲ့သည်မှာ ၄ နှစ်ပြည့်သည့် ရက်ဖြစ်သည်။

“ အစိုးရတပ်မတော် က ကျနော်တို့ လှုပ်ရှားတဲ့နေရာထဲကို အကြောင်းမကြားဘဲ ဝင်လာလို့ ထိတွေ့မှု ဖြစ်တာပါ။ သူတို့က လမ်းမကြီးဘက်ကနေမသွားဘဲ။ ကျနော်တို့ရှိတဲ့တောထဲကို ဝင်လာလို့ပါ။ ထိတွေ့မှုက မိနစ် ၂၀ ပါပဲ” ဟု ဒုဗိုလ်မှူးကြီး စိုင်းဦး က ဆိုသည်။

အဆိုပါ ထိတွေ့ ပစ်ခတ်မှုတွင် RCSS/SSA ဘက်မှ တပ်သား များ ထိခိုက်ဒဏ်ရာမရရှိကြောင်း၊အစိုးရတပ်မတော် ဘက်တွင် ထိခိုက်မှု သတင်းမရရှိသေးကြောင်းလည်း ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။

တိုက်ပွဲကြောင့် ပြည်သူများထိခိုက်မှု နှင့် ပတ်သက်ပြီး ဒုဗိုလ်မှူးကြီး စိုင်းဦး က “ ကျေးရွာနဲ့ ဝေးတယ်။ စစ်ရှောင်တွေ တော့ မရှိဘူး” ဟု လည်း ဒုဗိုလ်မှူးကြီး စိုင်းဦးက ထပ်လောင်းပြောသည်။

Photo Credit to RCSS- RCSS စစ်သည်များအား တောတွင်းတနေရာတွင်တွေ့ရပုံ

အစိုးရတပ်မတော် ၏ တဖက်သက် အပစ်ရပ်ကာလ စက်တင်ဘာ ၂၁ ရက်တွင် ကုန်ဆုံးပြီးနောက် RCSS/SSA နှင့် မိုင်းကိုင်မြို့နယ် အတွင်း ထိတွေ့မှု တကြိမ်ရှိခဲ့ကြောင်းသိရသည်။

NCA လက်မှတ်ရေးထိုးပြီးနောက် အစိုးရတပ်မတော် နှင့် RCSS/SSA တို့ထိတွေ့မှု အသေးစားမကြာခဏ ဖြစ်ပွားခဲ့ကြောင်းကြားသိရပြီး  စာရင်းများအရမှာမူ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ အထိ တိုက်ပွဲ ၅၂ ကြိမ်နှင့် ယခု ၂၀၁၉ ခုနှစ်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွါးခဲ့ကြောင်း ဒုဗိုလ်မှူးကြီးစိုင်းဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

ယနေ့ ဖြစ်ပွားသည့် အစိုးရတပ်မတော် နှင့် RCSS/SSA တို့ ထိတွေ့မှုနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းဌာနမှ တပ်မတော် သတင်းမှန်ပြန်ကြားရေး မှ ပြောရေးဆိုခွင့် ရှိသူကို ဆက်သွယ်ခဲ့ရာ မရရှိခဲ့ပေ။

 

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...