Tuesday, January 27, 2026

နိုင်ငံတကာ ထောက်ပံ့မှု တောင်းခံပါက အစိုးရထံ တင်ပြရမည်ဆိုသည့် အချက် NCA အဖွဲ့ကန့်ကွက်

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA ) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် နိုင်ငံတကာ ထောက်ပံ့မှု ရယူမည်ဆိုပါက အစိုးရအား တင်ပြရမည်ဆိုသည့် အချက် မဖြစ်သင့်ကြောင်း NCA လက်မှတ်ရေးထိုးသည့် အဖွဲ့ များက ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့အထိပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ၏ သတင်းစာ ရှင်းလင်းပွဲ

အောက်တိုဘာလ ၁၂ ရက် ယနေ့ ထိုင်းနိုင်ငံချင်းမိုင်တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ၏ သတင်းစာ ရှင်းလင်းပွဲတွင် မွန်ပြည်သစ်ပါတီ (NMSP) မှနိုင်အောင်မငေး က ပြောကြားခဲ့သည်။

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ နိုင်ငံတကာ အထောက်အပံ့ရယူမည်ဆိုပါက အစိုးရထံတင်ပြရမည်ဆိုသည့် ကိစ္စ မဖြစ်သင့်ကြောင်း၊ ကန့်ကွက်ကြောင်း ကို နိုင်ငံတော် သမ္မတ နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ကို တင်ပြသွားမည် ဟု လည်း နိုင်အောင်မငေး က ပြောသည်။

“ ဒီကိစ္စ တွေဟာ NCA ရဲ့ အပိုဒ် ၂၅မှာကွဲလွဲမှုတွေရှိတယ်။ နိုင်ငံတော် သမ္မတ၊ NRPC ကို စာပြန်ပို့မယ်။ ဒီကိစ္စ က ခွင့်ပြုချက် ရယူပြီးမှ ဆိုတာ မဖြစ်သင့်ဘူး။ ၂ဖက် ပူးပေါင်း ညှိနှိုင်း ပြီး မှ လုပ်သင့်တယ်ဆိုတာ တရားဝင် စာပို့မယ်” ဟု နိုင်အောင်မငေးက ဆိုသည်။

ထိုသို့ ပြုလုပ်ခြင်းသည် NCA အရ မဖြစ်သင့်ကြောင်း ကို ထောက်ပြသွားမည် ဖြစ်ပြီး၊ နှစ်ဖက် ယုံကြည်မှုမှာလည်း တစ်ဆို့ မှုဖြစ်လာနိုင်ကြောင်း ကို တရားဝင် စာပြန်ရေး ပြီး အကြောင်းကြား မည် ဟု လည်း နိုင်အောင်မငေး က ဖြည့်စွက်ပြောသည်။

ဆက်လက်ပြီး ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) မှ ဒေါ်စောမြရာဇာလင်း က “ ကျမတို့ကတော့ အစိုးရနဲ့ ညှိနေပါတယ်။ ကျမတို့ကတော့ မေးပါတယ်။ recomment ပေးဖို့လား တားမြစ်ဖို့လားဆိုတာ မေးပါတယ်။ ကျမတို့ကတော့ လွတ်လွတ်လပ်လပ် လုပ်ချင်ပါတယ်” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည် NCA လက်မှတ်ရေးထိုးခြင်းသည် ပြည်သူလူထု အကျိုး၊ ကို သယ်ပိုးချင်ကြောင်း၊ လွတ်လွတ်လပ်လပ် လုပ်ဆောင်ချင်ကြောင်း ဒေါ်စောမြရာဇာလင်း က ပြောသည်။

“ အစိုးရ အနေနဲ့ပြည်သူလူထု အကျိုး ၊ ပြည်ထောင်စု ဖြစ်ပေါ်ရေး ကို အမှန်တကယ်ကြည့်တယ်။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး ငြိမ်းချမ်းရေး သွားရောက်မှုကို ထိရောက် ဖြစ်စေတယ်ဆိုရင်တော့ အဲ့ကိစ္စကို အပေါ် ဟန့်တားခြင်း လုံးဝ မပြုဘဲ နိုင်ငံတကာ ထောက်ပံ့မှုတွေ ပိုမို ရရှိအောင် ပိုလုပ်ဆောင်ပေးသင့်တယ်” ဟု ဒေါ်စောမြရာဇာလင်း က ပြောဆိုလိုက်သည်။

ထို့ပြင် NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ကာလ အတွင်း ငြိမ်းချမ်းရေး တစ်ဆို့မှုများ ဖြစ်လာခဲ့သော်လည်း တွေ့ဆုံ ဆွေးနွေးမှုများကြောင့် တစ်ဆို့မှုများ ယုံကြည်မှုများ ပြန်လည် ပြေလည်စ ဖြစ်လာကြောင်းလည်း နိုင်အောင်ငေး က ပြောသည်။

NCA အနှစ်သာရ သည် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ် ကို နိုင်ငံရေး ဆွေးနွေးပွဲ ရလဒ်နှင့် အညီ ဆောင်ရွက်သွားရန်ဖြစ်ပြီး၊ နိုင်ငံရေး ပြဿနာကို ညှိနှိုင်းဆွေးနွေးသည့် နည်းလမ်းဖြင့် ဝိုင်းဝန်းဖြေရှင်းကြရန်ဖြစ်ကြောင်း သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊သျှမ်းပြည်တပ်မတော် မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည်။

NCA လက်မှတ်ရေးထိုးပြီး ၄ နှစ်တာ အတွင်းမှာ အစိုးရ ဘက်မှ မသိမသာ တင်းကြပ်မှုများရှိလာကြောင်းလည်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

“ အစိုးရ ဘက်က တင်းကြပ်မှုတွေ ကတော့ မသိမသာလေးရှိတယ်ဆိုတဲ့ သဘောထား တော့မြင်ပါတယ်။ ညှိနှိုင်းရမယ့် အပိုင်းတွေလည်းရှိပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်း ကဆိုသည်။

ထို့ပြင် NCA လက်မှတ်ရေးထိုးပြီး ၄ နှစ်တာ ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် လွတ်လပ်စွာ သွားလာခွင့်၊ အစိုးရ နှင့် အတူ ဆွေးနွေးခွင့်ရှိသည့် အပြင် ထိရောက်သည့် လက်ဆုပ်လက်ကိုင် ပြနိုင်သည့် အာနိသင်မရှိသေးကြောင်းလည်း ဒေါ်စောမြရာဇာလင်း ကပြောသည်။

“ ကျမတို့ထိထိရောက်ရောက် လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အာနိသင် ကျမတို့မှာ သိပ်မရှိသေးဘူး။ အရမ်းကို နည်းသေးတယ်။ အများကြီး ကြိုးစားရအုံးမယ်” ဟု ဒေါ်စောမြရာဇာလင်း က ထပ်လောင်းပြောကြားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အောက်တိုဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ၃ ရက် တာကာလအတွင်း ကျင်းပသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး တွင် NCA ၄ နှစ် ပြည့် ကျင်းပရေး၊ ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်၊ ရခိုင် နှင့် သျှမ်းပြည်နယ် တိုက်ပွဲ အမြန်ရပ်တန့် ပြီး ငြိမ်းချမ်းရေး နည်းလမ်းဖြင့် ဖြေရှင်နိုင်ရန် တို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ၂၀၁၉ ခုနှစ် လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့ နှံ့သည့် နိုင်ငံတော် သမ္မတရုံး၏ လုံခြုံရေး အထူး ဂရုပြုရန် ညွှန်ကြားစာတွင် NCA လက်မှတ်ရေးထိုးထားသည့် KNU နှင့် CNF တို့အပေါ် PPST ကန့်ကွက်ကြောင်း တို့ကိုထည့်သွင်းဆွေးနွေးခဲ့သည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

NCA ကို ဆက်လက်ကိုင်စွဲမည်ဟု RCSS ပြော

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ (၆) လပတ် အဖွဲ့အစည်းမှ ဆုံးဖြတ်ချက်အရ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA) စာချုပ်ကို ဆက်လက် စွဲကိုင်ထားကြောင်း သတင်းရရှိသည်။ . အဆိုပါ အစည်းအဝေးကို သြဂုတ် (၁၈- ၂၀) ရက်ထိ ဗဟိုဌာနချုပ်ရှိရာ...

PPST အဖွဲ့ဝင် ၅ ဖွဲ့ စစ်ကောင်စီ နှင့် သွားရောက်တွေ့ဆုံမည်

0
ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် NCA-S EAO (၅) ဖွဲ့သည် စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း...

PPST အဖွဲ့ဝင်များ စစ်ကောင်စီ လက်အောက်ခံ NSPNC ဆိုင်ရာ ကိစ္စရပ်ဆွေးနွေးမည်

0
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် NCA-S-EAO (၇) ဖွဲ့သည် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီ (NSPNC) ဆိုင်ရာကို ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု စုံစမ်းသိရသည်။ အဆိုပါ...

PPST အဖွဲ့ဝင် အချင်းချင်း ဘာကြောင့် တိုက်ပွဲဖြစ်နေရတာလဲ

0
သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်းမှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA ရေးထိုးထားတဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့...

စစ်ကောင်စီကြောင့် အရှိန်ရနေသည့် ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းရဟု PPST ပြော

0
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး နိုင်ငံတော် အာဏာသိမ်းယူလိုက်သည့် စစ်ကောင်စီကြောင့် အရှိန်ရနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ရပ်ဆိုင်းရသည့်အကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်မှုကော်မတီ (PPST) က ပြောသည်။ NCA စာချုပ်ကို အခြေခံပြီး လုပ်ဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များသည် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့်...