Wednesday, January 28, 2026

သိန္နီ တွင် လက်နက်ကြီးကျ  ကိုယ်ဝန်သည်အမျိုးသမီး တဦး နှင့် အမျိုးသား တဦးထိမှန်

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့ အတွင်း ယနေ့ နံနက် ၅ နာရီခွဲက လက်နက်ကြီး ကျကာ ကိုယ်ဝန်သည်လင်မယား ၂ ဦး ကျည်စထိမှန် ကြောင်း သတင်းရရှိသည်။

သိန္နီမြို့

အောက်တိုဘာလ ၁၁ ရက် ယနေ့ မနက် ၅ နာရီခွဲက သိန္နီမြို့ ရပ်ကွက် ၃ တွင် လက်နက်ကြီးထပ်ကျ သဖြင့် အသက် ၂၀ နှစ် အရွယ် ကိုယ်ဝန်သည် အမျိုးသမီး တဦး နှင့်အသက် ၂၅ နှစ်အရွယ် အမျိုးသား တို့ လက်နက်ကြီးစ ထိမှန်ကာ လက်ရှိမှာ လားရှိုးမြို့ ဆေးရုံတွင် ဆေးကုသ ခံယူနေရကြောင်း သိန္နီမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဦးခမ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အမျိုးသမီးမှာက ကိုယ်ဝန်ရှိနေတယ်။ သူက  တတောင်ဆစ်မှာထိတယ်။ အမျိုးသားကတော့ ခြေထောက်ထိတယ်။ ကျည်စတွေက အနက်ကြီးစိုက်ဝင်ထားလို့အခု လားရှိုးဆေးရုံ ပို့ထားတယ်” ဟု စိုင်းဦးခမ်း က ဆိုသည်။

လက်ရှိ  သိန္နီမြို့အတွင်း ပစ်ခတ်မှု မရှိသော်လည်း ဒေသခံပြည်သူများမှာ စိုးရိမ်ထိတ်လန့်မှုဖြင့် နေထိုင်နေရကြောင်း သိရသည်။

Photo by SHAN/ အောက်တိုဘာလ ၁၀ ရက်မနက်ပိုင်းက သိန္နီ တွင်ပစ်ခတ်မှုဖြစ်ပွားရာ လူနေအိမ်အပေါ်လက်နက်ကြီးကျည်များကျရောက်

အဆိုပါ ပစ်ခတ်မှုသည် မည်သည့် အဖွဲ့ မှပစ်ခတ်သည် ကို သေချာ မသိကြောင်း၊ မြန်မာ့ တပ်မတော်ဘက်မှ တဖက်တည်း ပစ်ခတ်နေသည် ဟု ပြောဆိုနေသူများလည်း ရှိသည်။

“ မသင်္ကာတဲ့ သူကိုတွေ့လို့ မြန်မာ့တပ်မတော်က လိုက်ပစ်တာလို့ ကြားတယ်။ အခုတော့ငြိမ်နေတယ်။ လူတော့ ၂ယောက်ထိသွားတယ်” ဟု သိန္နီဒေသခံ တဦးဖြစ်သည့် စိုင်းလောဝ် က ပြောသည်။

သိန္နီမြို့ တွင် အောက်တိုဘာ ၉ ရက်နေ့တွင် မြန်မာ့ တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ပစ်ခတ်မှု ဖြစ်ပွားကား အရပ်သား ၇ဦး ထိခိုက်ဒဏ်ရာရရှိပြီး မြန်မာ့ တပ်မတော် ဘက်မှ ၃ဦး ကျဆုံးခဲ့သည်။

ယခုရက်ပိုင်း သိန္နီမြို့တွင်း  ပစ်ခတ်မှုများတွင် အရပ်သား ၉ ဦးထိခိုက်မှု ရှိရာ အမျိုးသမီး ၆ ဦး ပါဝင်ကြောင်း သိရသည်။

“ ကျနော်   ပြောချင်တာကတော့ လက်နက်ကိုင်တွေ အနေနဲ့ ပြည်သူတွေ ရှိတဲ့နေရာမှာမပစ်ခတ်ဖို့  ပြည်သူတွေ ထိအောင် မပစ်ကြဖို့  ပါဘဲ” ဟု သိန္နီမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဦးခမ်း က ပြောသည်။

သြဂုတ် ၁၅ ရက်နေ့မှ စတင်ကာ ညီနောင် မဟာမိတ် (၃)ဖွဲ့ နှင့် မြန်မာ့ တပ်မတော် တို့သည် မူဆယ်-မန္တလေး လမ်းမပေါ် တိုက်ပွဲဖြစ်ပွားကာ အရပ်သား ၁၄ဦး သေဆုံးကာ ၂၅ ဦး အထက် ဒဏ်ရာရရှိကြောင်း သိရသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အယ်ဒီတာပေးစာ

0
သို့သျှမ်းသံတော်ဆင့်သတင်းဌာန သိန္နီမြို့ရဲ့ ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ တာဝန်ရှိတဲ့သူတွေ ဒုက္ခတွေကြားထဲမှာ ရုန်းကန်နေရတဲ့ ဒေသခံပြည်သူတွေဆီ ဝန်ဆောင်ခအများအပြားကောက်ယူနေတဲ့အကြောင်းလေး ရင်ဖွင့်ချင်လို့ပါ။ ကျမတို့ သိန္နီမြို့သေးသေးလေးက “၁၀၂၇ စစ်ဆင်ရေး” ဆိုတဲ့တိုက်ပွဲဒဏ်ကြီးကလဲ ခံထားရတော့ စီးပွားရေးက အခုထက်ထိ ကောင်းကောင်းခေါင်းမထောင်နိုင်သေးပါဘူး။ အရောင်းအဝယ်ပိုင်းမှာလည်း အရင်လို အလုပ်မဖြစ်တော့ ဝင်ငွေက ပုံမှန်မရတင်မကဘူး တချို့ရက်ဆို အရင်းတောင်ရောင်းမရတော့ ခက်ခဲတာပေါ့။ တိုက်ပွဲဖြစ်ပြီးတဲ့...
Hsenwi_MNDAA_ID_1

သိန္နီမြို့တွင် MNDAA မှ ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း စတင်လုပ်ပေး

0
သျှမ်းပြည် သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဒေသခံစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ စတင်ပြုလုပ်ပေးနေကြောင်း စုံစမ်းသိရသည်။

တရုတ်လမုန့် ပွဲ နာမည်ခံ သိန္နီမြို့ လောင်းကစားပွဲတော်

0
ဘောလုံးကွင်း တကွင်းစာခန့်ရှိသော မြေလွတ်တစ်နေရာတွင် လူတွေက “ဖားဖား…၊ ကျားကျား..၊ ဆင်ဆင်..”ဟု အော်သူကအော်ပြီး ဆော့သူကဆော့ကာ အများအကြိုက် လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်နှင့် ဖဲဝိုင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ဆော့ကစားနေကြသည်။ အများသူဌာသည် လမုန့်စားပွဲတော်ဟု နှုတ်ကနေပြောဆိုသော်လည်း အမှန်တကယ်တွင် လောင်းကစား ပွဲတော်ပင် ဖြစ်နေသည်။ ထိုနေရာသည် တချိန်တခါက သျှမ်းစော်ဘွား နန်းစိုက်ရာ...

စစ်ကော်မရှင် ဌာနဆိုင်ရာဝန်ထမ်းများ ပြန်ဝင်မည်ဟု သတင်းထွက်ပေါ်နေသည့် သိန္နီမြို့တွင် လောင်းကစားဝိုင်းများ ပြန်ဖွင့်နေ

0
ကိုးကန့် တပ် (MNDAA) ထိန်းချုပ်သည့် သိန္နီမြို့တွင် လောင်းကစားဝိုင်းများ ပြန်လည် ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ ယခု စက်တင်ဘာလဆန်းပိုင်းတွင် စစ်ကော်မရှင် လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများသည် သိန္နီမြို့သို့ ပြန်ဝင်လာမည်ဟု သတင်းထွက်ပေါ်လာသေးသည်။ ထိုသတင်းထွက်ပေါ်လာပြီးသည့်နောက်ပိုင်း စက်တင်ဘာလ ၁၄ ရက်မှ စတင်ပြီး သိန္နီမြို့ ရပ်ကွက် (၃) အတွင်းရှိ...

သိန္နီမြို့ထဲ စစ်ကော်မရှင် ဌာနဆိုင်ရာဝန်ထမ်းများ ပြန်ဝင်မည်

0
ကိုးကန့်တပ် MNDAA အခိုင်အမာ ပြင်ဆင်တည်ဆောက်ထားသည့် သိန္နီမြို့ကို ပြန်ပေးရန် စစ်ကော်မရှင်ဘက် တောင်းဆိုနေလျက်ရှိရာ ယခုလမှစ၍ သိန္နီမြို့ထဲ စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများ ပြန်ဝင်လာတော့မည်ဟု ဒေသခံများက ပြောသည်။ သိန္နီမြို့ကို တစ်နှစ်ခွဲကျော် ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် စက်တင်ဘာလအတွင်း ထပ်မံတပ်ဆုတ်ရမည်ဟု ပြီးခဲ့သော...