Tuesday, January 27, 2026

၂၀၂၀ ရွေးကောက်ပွဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ရိုက်ခတ် နိုင်

၂၀၂၀ ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ရိုက်ခတ် သက်ရောက် နိုင်သည့်အတွက် သတိ ဖြင့် ဆောင်ရွက်ရန် PPST ယာယီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောကြားလိုက်သည်။

Photo by SHAN -အောက်တိုဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြုလုပ်သည့် PPST အလွှတ်သဘောအစည်းအဝေး အဖွင့်မိန့်ခွန်းပြောကြားနေသော ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့ မှ စတင်ကာ အောက်တိုဘာ ၁၂ ရက်ထိ ထိုင်းနိုင်ငံ ချင်းမိုင် မြို့ တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

“ ၂၀၂၀ ရွေးကောက်ပွဲ ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် အနည်းနဲ့ အများ ရိုက်ခတ် သက်ရောက်နိုင်တဲ့ အတွက် ဒီကာလ တွေမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်တဲ့အပေါ် အသိ၊ သတိ နဲ့ ဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် က မိန့်ခွန်းတွင် ပြောကြားသည်။

၂၀၂၀ တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ရှိနေသည့် အတွက် ရွေးကောက်ပွဲ မတိုင်မီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် လိုအပ်သည့် အခြေခံအုဋ်မြစ်များ ၂၁ ရာစု ပင်လုံတွင် ချမှတ်အတည်ပြုထားရန် လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး ယွက်စစ် က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အောက်တိုဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြုလုပ်သည့် PPST အလွှတ်သဘောအစည်းအဝေး

အပစ်ခတ်ရပ်စဲရေး သဘောတူညီ စာချုပ် ( NCA) တွင် ပြဌာန်းထားသည့်အတိုင်း ပြည်ထောင်စု သဘောတူစာချုပ် အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ပြီး ဖက်ဒရယ် ပြည်ထောင်စု ကို တည်ဆောက်သွားရမည် ဖြစ်ပြီး၊ NCA နိုင်ငံရေး လမ်းပြမြေပုံ (၇)ဆင့် တိုင်း ဆောင်ရွက်သွားရမည်ဟုလည်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ထပ်လောင်း ပြောသည်။

လွှတ်တော်တွင်း ဆောင်ရွက်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် NCA လမ်းကြောင်းအရ ဆောင်ရွက်နေသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး တို့သည် လိုက်လျောညီထွေဖြစ်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

၃ ရက်ကြာ ကျင်းပမည့် PPST အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိရေး၊ တရားဝင် ဆွေးနွေးပွဲများ ပြန်လည် ကျင်းပနိုင်ရေး ၊ ၂၀၂၀ အတွင်း စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံ ကျင်းပနိုင်ရေးတို့ကို ရည်မှန်းပြီး တစ်ဆို့မှု ကျော်လွှားရေး အတွက် အစိုးရ ညှိနှိုင်းရေး အဖွဲ့ နှင့် NCA-S-EAO ညှိနှိုင်းရေး အဖွဲ့ တို့ဆွေးနွေးပွဲ နှင့် အကြောင်းအရာများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဥပရော ခရီးစဉ်အတွင်း ပြုလုပ်ခဲ့သည့် NCA-S-EAO ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ်စားလှယ်များ၏ အလွှတ်သဘော တွေ့ဆုံမှု ရလဒ်များ၊ NCA (၄) နှစ်ပြည့် အခမ်းအနားကျင်းပရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ဆက်စပ်သည့် အခြားအရေး စသည့် အကြောင်း အရာများကို လည်း ဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။

PPST အစည်းအဝေးတက်ရောက်သည့် NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ဖွဲ့ မှာ ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ၊ ချင်း အမျိုးသား လွတ်မြောက်ရေး ပါတီ(CNF) ၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော်(DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အရက်ဖြူဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံ လမ်းပန်းတွင် ဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆောင်းရာသီပွဲတော်အတွင်း ဆူပူသောင်းကျန်းရန် ပြင်ဆင်နေသည့် အရက်ဖြူ ဂိုဏ်းခေါင်းဆောင်ကို ချင်းမိုင်ခရိုင် လမ်းပန်း (Lampang) မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Chiang Mai News သတင်းက ဖော်ပြသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆) ရက်တွင် အမှတ် ၅ နယ်မြေဒေသ၊ ရဲဗိုလ်ချုပ်ကြီး...

ချင်းမိုင်တွင် အရက်ဖြူဂိုဏ်းဝင် လူငယ်များကို လက်နက်များနှင့်အတူ အဖမ်းခံရ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူစုလူဝေးပြုလုပ်ပြီး ပြစ်မှူးကျူးလွန်ရန် ပြင်ဆင်နေသော အရက်ဖြူ (Lao Khao) ဂိုဏ်းဝင် လူငယ်များကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း Chiang Mai News က ဖော်ပြသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းတွင် အမှတ် (၅) နယ်မြေရဲတပ်ဖွဲ့၊...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...
Collaborative Media Monitoring

စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲအား နိုင်ငံတကာနှင့် မြန်မာမီဒီယာများ ပူးပေါင်းစောင့်ကြည့်

0
ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ကော်မရှင်ဘက်မှ စတင်ပြုလုပ်နေသည့် ရွေးကောက်ပွဲ ပထမပိုင်းကို ပူးပေါင်းစောင့်ကြည့်ရန် မီဒီယာများ စုဝေးပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Thai PBS North ရုံးတွင် ပြုလုပ်လျက်ရှိသည်။ အတုအယောင်ရွေးကောက်ပွဲကို မီဒီယာများ ပူးပေါင်းစောင့်ကြည့်မှု (Collaborative Media Monitoring) အပြင် ရွေးကောက်ပွဲနှင့်...

ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင်...