၂၀၂၀ ရွေးကောက်ပွဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ရိုက်ခတ် နိုင်

၂၀၂၀ ရွေးကောက်ပွဲသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ရိုက်ခတ် သက်ရောက် နိုင်သည့်အတွက် သတိ ဖြင့် ဆောင်ရွက်ရန် PPST ယာယီ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောကြားလိုက်သည်။

Photo by SHAN -အောက်တိုဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြုလုပ်သည့် PPST အလွှတ်သဘောအစည်းအဝေး အဖွင့်မိန့်ခွန်းပြောကြားနေသော ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့ မှ စတင်ကာ အောက်တိုဘာ ၁၂ ရက်ထိ ထိုင်းနိုင်ငံ ချင်းမိုင် မြို့ တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

“ ၂၀၂၀ ရွေးကောက်ပွဲ ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် အနည်းနဲ့ အများ ရိုက်ခတ် သက်ရောက်နိုင်တဲ့ အတွက် ဒီကာလ တွေမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်တဲ့အပေါ် အသိ၊ သတိ နဲ့ ဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် က မိန့်ခွန်းတွင် ပြောကြားသည်။

၂၀၂၀ တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ရှိနေသည့် အတွက် ရွေးကောက်ပွဲ မတိုင်မီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် လိုအပ်သည့် အခြေခံအုဋ်မြစ်များ ၂၁ ရာစု ပင်လုံတွင် ချမှတ်အတည်ပြုထားရန် လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး ယွက်စစ် က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

အောက်တိုဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ပြုလုပ်သည့် PPST အလွှတ်သဘောအစည်းအဝေး

အပစ်ခတ်ရပ်စဲရေး သဘောတူညီ စာချုပ် ( NCA) တွင် ပြဌာန်းထားသည့်အတိုင်း ပြည်ထောင်စု သဘောတူစာချုပ် အရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ပြီး ဖက်ဒရယ် ပြည်ထောင်စု ကို တည်ဆောက်သွားရမည် ဖြစ်ပြီး၊ NCA နိုင်ငံရေး လမ်းပြမြေပုံ (၇)ဆင့် တိုင်း ဆောင်ရွက်သွားရမည်ဟုလည်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ထပ်လောင်း ပြောသည်။

လွှတ်တော်တွင်း ဆောင်ရွက်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် NCA လမ်းကြောင်းအရ ဆောင်ရွက်နေသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး တို့သည် လိုက်လျောညီထွေဖြစ်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

၃ ရက်ကြာ ကျင်းပမည့် PPST အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိရေး၊ တရားဝင် ဆွေးနွေးပွဲများ ပြန်လည် ကျင်းပနိုင်ရေး ၊ ၂၀၂၀ အတွင်း စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံ ကျင်းပနိုင်ရေးတို့ကို ရည်မှန်းပြီး တစ်ဆို့မှု ကျော်လွှားရေး အတွက် အစိုးရ ညှိနှိုင်းရေး အဖွဲ့ နှင့် NCA-S-EAO ညှိနှိုင်းရေး အဖွဲ့ တို့ဆွေးနွေးပွဲ နှင့် အကြောင်းအရာများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဥပရော ခရီးစဉ်အတွင်း ပြုလုပ်ခဲ့သည့် NCA-S-EAO ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ်စားလှယ်များ၏ အလွှတ်သဘော တွေ့ဆုံမှု ရလဒ်များ၊ NCA (၄) နှစ်ပြည့် အခမ်းအနားကျင်းပရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ဆက်စပ်သည့် အခြားအရေး စသည့် အကြောင်း အရာများကို လည်း ဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။

PPST အစည်းအဝေးတက်ရောက်သည့် NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ဖွဲ့ မှာ ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ၊ ချင်း အမျိုးသား လွတ်မြောက်ရေး ပါတီ(CNF) ၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော်(DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...