ရပ်စောက်နဲ့ သီပေါမှာ ပထမဆုံးအကြိမ် သျှမ်းလူငယ်များနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်

မတ်လ ၁ ရက်နေ့မှာကျရောက်တဲ့ သျှမ်းလူငယ်များနေ့မှာ သျှမ်းလူငယ်ကွန်ယက်TYN ကနေ တောင်ကြီးခရိုင်ရပ်စောက်မြို့နဲ့ သီပေါမြို့နယ်တို့မှာ သျှမ်းလူငယ်များနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြု လုပ်မှာဖြစ်ပါတယ်။


သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ရပ်စောက်မြို့မှာ လူငယ်တွေ့ဆုံပွဲတရပ်ပြုလုပ်မှာဖြစ်ပြီး သျှမ်း လူငယ်များနေ့ အထိမ်းအမှတ် ပထမဆုံးအကြိမ်လှုပ်ရှားမှုအဖြစ် စာပေဟောပြောပွဲကို ပါပြုလုပ် မှာဖြစ် ကြောင်းသိရပါတယ်။

“TYN အဖွဲ့ဝင်ဖြစ်တဲ့ ရပ်စောက်လူငယ်တွေကနေ ဖိတ်ခေါ်လို့ လာပြီးဟောပြောရတာဖြစ်တယ်။ ဟော ပြောမှာ ကတော့ လားရှိုးခရိုင် ကျားခေါင်းပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စိုင်းဝမ်းလျန်းခမ်းနဲ့ သျှဲန်ပိုင်းဂျာနယ် အယ်ဒီတာ ခွန်ယုံးချိုတို့ဖြစ်ပါတယ်။ သျှမ်းလူငယ်တွေ စည်းလုံးညီညွတ်ရေး၊ ပညာရေးပိုင်းဆိုင်ရာမှာ တိုးတက် မြင့် မားအောင်ဟောပြောကြမှာပါ။ ပြီးတော့ သျှမ်းပြည်အမျိုးသားတေးသီချင်း ရေးစပ်သီကုံးသူ ဒေါက်တာ ဘဉာဏ်ရဲ့ အတ္ထုပ္ပတ္တိကို ဟောပြောကြမှာပါ။ ဘာလိုလဲဆိုတော့ သျှမ်းလူငယ်များနေ့က သူ့ရဲ့မွေးနေ့ (မတ်လ ၁ ရက်နေ့) ကိုအစွဲပြုပြီး သတ်မှတ်ထားတယ်ဆိုတော့လေ။” – လို့ သျှမ်းလူငယ်များကွန်ယက် TYN ပြောရေး ဆိုခွင့် ရှိသူ စိုင်းဆုကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပဲခူးတိုင်းဒေသကြီး သပြေတန်းရွာမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာသျှမ်း လူငယ်ကွန်ယက်ညီလာခံကြီးကနေ မတ်လ ၁ ရက်နေ့ စာဆိုတော်ကြီး ဒေါက်တာဘဉာဏ်ရဲ့မွေးနေ့ကို သျှမ်းလူငယ်များနေ့အဖြစ်သတ်မှတ်ဖို့ ဆွေးနွေးသဘောတူခဲ့ကြပြီးတဲ့နောက် အခု လှုပ်ရှားမှုဟာ သျှမ်းလူငယ် များ နေ့အထိမ်အမှတ် ပထမဆုံးအကြိမ် လှုပ်ရှားမှုဖြစ်ကြောင်းသိရပါတယ်။ ဒေါက်တာဘဉာဏ် ဟာ သျှမ်းပြည် အမျိုးသားတေးသီချင်းရေးစပ်သီကုံးခဲ့သူဖြစ်ပြီး သျှမ်းစာပေကိုအထူးမြတ်နိုးတဲ့ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။

လူငယ်တွေဒေါက်တာဘဉာဏ်လို မိမိဘာသာစာပေချစ်မြတ်နိုးတတ်ဖို့ ဒေါက်တာဘဉာဏ်ရဲ့သမိုင်း ကိုပြန် လည်ပြောပြမှာဖြစ်ပါတယ် – ဟုလည်း သီပေါ မြို့ကျားခေါင်းပါတီဥက္ကဌ စိုင်းသိန်းကပြောပါတယ်။

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှာတော့ သီပေါမြို့ကျားခေါင်းပါတီဥက္ကဌ စိုင်းသိန်းနဲ့ သျှမ်းစာပေ ယဉ်ကျေး မှုအဖွဲ့က ပူးပေါင်းပြီး ကမကထပြု ရှင်းလင်း မွမ်းမံထားတဲ့ ဒေါက်တာဘဉာဏ်နဲ့ ဇနီးဖြစ်သူတို့ရဲ့အုဋ်ဂူ ရှေ့မှာလူငယ်တွေတွေ့ဆုံပြီး ဒေါက်တာဘဉာဏ်ရဲ့ အတ္တုပ္ပတ္တိအကြောင်းဟောပြောကြမယ်လို့သိရပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

0
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး...

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...