Tuesday, January 27, 2026

နမ့်ခမ်း အရပ်သားတဦးအား ဒေသတွင်းလက်နက်ကိုင်အဖွဲ့တဖွဲ့ရိုက်နှက် ဆေးကုနေရ

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် အရပ်သားအမျိုးသားတဦးအား ဒေသတွင်းပြည်သူ့စစ်အဖွဲ့မှ ဖမ်းဆီးရိုက်နှက်သဖြင့် လက်ရှိဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။

Photo Credit to Numkham Youth- နမ့်ခမ်းပြည်သူ့ဆေးရုံ

ဖြစ်စဉ်မှာ စက်တင်ဘာ ၈ ရက် ည ၆ နာရီ က နမ့်ခမ်းမြို့ ပေါက်နေကွက်သစ်ရပ်ကွက်နေ အသက် ၅၀ ကျော် အရွယ် ဒေသခံ ဦးညီမောင်စံ ၏ နေအိမ်ခြံသို့ ဒေသတွင်းပြည်သူ့စစ် များက ဝင်ရောက်လာပြီး အိမ်ရှင်အား လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက်ခဲ့ကြောင်း အိမ်ရှင်၏ သမီးဖြစ်သူက ပြောသည်။

အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့နှင့် အဆင်မပြေမှုတစုံတရာမရှိခဲ့သော်လည်း လွန်ခဲ့သည် လ အနည်းငယ်က ဦးညီမောင်စံ ထံ မိတ်ဆွေတဦး မှ ဆိုင်ကယ်လာရောက် ပေါင်နှံရာ အဆိုပါဆိုင်ကယ်သည် ပြည်သူ့စစ်တပ်ဖွဲ့နှင့်ပတ်သက်ဆက်နွယ်သည့် တရုတ်လူငယ်တဦး၏ အခိုးခံရဆိုင်ကယ်ဖြစ်နေသဖြင့် အဖမ်းခံရခြင်းဖြစ်ကြောင်း ဦးညီမောင်စံ၏သမီးဖြစ်သူ မခင်ကြည်ကပြောသည်။

“ တကယ်တော့ မိတ်ဆွေအချင်းချင်း ကူညီရာကနေ ဖြစ်သွားတာ။ အဖေကလည်း မသိဘူး။ ငွေယူမယ်။ဆိုင်ကယ်ထားခဲ့မယ်ဆိုတော့ လက်ခံလိုက်တာပါ။ အခိုးခံရတဲ့ဆိုင်ကယ်ဖြစ်နေတာလည်း အဖေမသိဘူး” မခင်ကြည်က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ထိုကိစ္စသည် ရဲအရေးပိုင် ကိစ္စ ဖြစ်ပြီး ရဲစခန်းတွင် ဖြေရှင်းရမည်ဖြစ်သော်လည်း ပြည်သူ့စစ်များက ယခုကဲ့သို့ လာရောက်ခေါ်ဆို ရိုက်နှက်ခြင်း ကို လက်မခံနိုင်ကြောင်း သမီးဖြစ်သူ က ပြောသည်။

ရိုက်နှက်မှုကြောင့် ဒဏ်ရာများရရှိကာ လက်ရှိမှာ နမ့်ခမ်းပြည်သူ့ဆေးရုံ အရိုးဆောင်တွင် ဆေးကုသမှုခံယူနေရကြောင်း မခင်ကြည် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo Credit to Numkham Youth- နမ့်ခမ်းပြည်သူ့ဆေးရုံ

“ တကိုယ်လုံး ရိုက်ထားတာ။ ညိုပုတ်နေတာပဲ။ ပေါင်တွေရော၊ ခေါင်းတွေရောရိုက်ထားတယ်။ အဖေက အခု ခေါင်းမူးနေတယ်လို့ပြောတယ်။ ဆေးရုံ အရိုးကုဆောင်မှာ ဆေးကုနေရတယ်” ဟု မခင်ကြည် က ဆိုသည်။

ထိုသို့ ရိုက်နှက်ပြီးနောက် မိသားစုဝင်များအား တနာရီ အတွင်း ငွေကျပ် ၁၅ သိန်းဖြင့် လာရောက် ရွေးယူရန် ဖုန်းဆက်ပြောဆိုခဲ့သည် ဟု မခင်ကြည် က ဆိုသည်။

ဦးညီမောင်စံ သည် နမ်းခမ်းမြို့တွင်နေထိုင်သူ ဖြစ်ပြီး လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းဖြင့်သာအသက်မွေးဝမ်း ကြောင်းပြုသဖြင့် အဆိုပါငွေများအတွက် ဆွေမျိုးများနှင့်ရပ်ကွက်အတွင်း ချေးယူပြီးပေးလိုက်ရကြောင်းလည်း သမီးဖြစ်သူကပြောသည်။

“ အဖေ့ချွေးမက ငွေတွေရှာပြီးသွားပေးမှ ပန်းဆေးပြည်သူ့စစ်တွေ အဖေ့ကိုလက်ထိပ်ဖြေပေးတာ။ ” ဟု မခင်ကြည် က ဆိုသည်။

ထိုသို့ ပြည်သူ့စစ်မှ ရပ်ကွက်သားများအပေါ် လုပ်ဆောင်နေမှုကြောင့် ့ အရပ်သားပြည်သူများက လုံခြုံရေး စိုးရိမ်ထိတ်လှန့့််နေ သည်ဟုလည်းဆိုပါသည်။

လက်ရှိမှာ ဦးညီမောင်စံအနေဖြင့် နမ့်ခမ်းရဲစခန်းကို ရာဇာသတ်ကြီး ပုဒ်မ ၃၂၅/ ၃၄၂ /၃၈၄ /၁၁၄ ဖြစ်သည့် အပြင်အထန် နာကျင်စေမှု၊ မတရား ချုပ်နှောင်ထားမှု၊ ခြိမ်းခြောက် ငွေကြေး တောင်းယူမှု၊ ပြစ်မှု ကျူးလွန်ရာတွင် အားပေး ကူညီသူ ကိုယ်တိုင်ရှိနေခြင်း အစရှိ ပုဒ်မများဖြင့် ပန်းဆေး ပြည်သူ့စစ် အဖွဲ့အား အမှုဖွင့်တိုင်ကြား ထားကြောင်းသိရသည်။

ထို့အပြင် သက်ဆိုင်ရာဌာန ပေါင်းစုံ၊နမ့်ခမ်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ နမ့်ခမ်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီများ၊သျှမ်း စာပေနှင့် ယဉ်ကျေးမှု (နမ့်ခမ်း)၊ တအာင်း(ပလောင်) စာပေနှင့် ယဉ်ကျေးမှု (နမ့်ခမ်း)တို့ထံ သို့လည်းသွားရောက်တိုင်ကြားထားကြောင်း ရိုက်နှက်ခံရသည့်မိသားစုဝင်ကပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နမ့်ခမ်းရဲတပ်ဖွဲ့ မှ အမှုစစ် ဒုရဲအုပ်အောင်ရဲဇံ ကို သျှမ်းသံတော်ဆင့် မှ ဖုန်းဆက်မေးမြန်းရာ ဖုန်းလက်ခံ ပြောဆိုခြင်း မရှိပေ။

သျှမ်းပြည်နယ် မြောက်ပိုင်း ပြည်သူ့စစ်များသည် ပြည်သူလူထုအား မကြာခဏ ရိုက်နှက်၊ ခြိမ်းခြောက် မှုရှိနေသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက ဝင်ရောက် ဖြေရှင်းပေးခြင်းမရှိကြောင်း နမ့်ခမ်း ဒေသခံများက ပြောသည်။

“ ဒီနမ့်ခမ်း မူဆယ်မှာတော့ ပြည်သူ့စစ်တွေကို ကြောက်နေရတယ်။ သေနတ် တွေ နဲ့ မြို့ထဲ သွား၊ မကျေနပ်ရင်လည်း ရိုက်၊ ဘာမှ မဖြစ်ရင်တောင် သူတို့ စိတ်မကြည်ရင် ရိုက်တယ်။ သက်ဆိုင်ရာကလည်း လွတ်ထားတဲ့သဘောပါပဲ” ဟု နမ့်ခမ်း ဒေသခံ စိုင်းမျိုး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယခု ၂၀၁၉ ခုနှစ်အတွင်း ပြည်သူ့စစ်တပ်ဖွဲ့၏ဖမ်းဆီးရိုက်နှက်ခံရသော နမ့်ခမ်းဒေသခံ အရပ်သား ၆ ဦး ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...
Pindaya_Polling_Station

ပင်းတယ မဲရုံများမှာ ပြည့်သူ့စစ် လုံခြုံရေးယူပေး၊ ပြည်သူများ စိုးရိမ်မှုဖြင့် မဲထည့်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က လုံခြုံရေးယူပေးနေပြီး ပြည်သူများက မဲမထည့်လျှင် ဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် မဲထည့်နေရကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို ပင်းတယမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ်...
Namsang_Polling_Station

နမ့်စန်နှင့် လင်း‌ခေးမြို့နယ်တို့တွင် ရွေးကောက်ပွဲနေ့ စစ်တပ် လုံခြုံရေးတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင်...

ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

အင်းလေးတွင် PNO တပ်ဖွဲ့ဝင်က ရွာသားတစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မကျီးဆိပ်ကျေးရွာနေ ရွာသားတစ်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက အသက် သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် ည ၁၁ နာရီအချိန်တွင် ညောင်ရွှေမြို့နယ် မကျီးဆိပ်ကျေးရွာမှ အသက် (၄၂)...