စစ်တိုင်းမှူးအဆက်ဆက်နှင့် ပြည်တွင်းပြည်ပ ဒကာများကိုးကွယ်သည့် သျှမ်း-အရှေ့သံဃာ့ ဒု-ဥက္ကဌ၏ စျာပန အောက်တိုဘာ လကုန်ပြုလုပ်မည်

သျှမ်းပြည်အရှေ့ပိုင်း သျှမ်းနှင့်ထိုင်း လူထုများအပြင် တိုင်းမှူးအဆက်ဆက် ယုံကြည် ကိုးကွယ်သည့် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီး မှဆရာတော် ဘဒ္ဒန္တ ပညာသာမိ ဘဝနတ်ထံပျံလွန်တော်မူလေရာ အန္တိမ အဂ္ဂိစျာပနအခမ်းအနားကို အောက်တိုဘာလကုန်တွင် ပြုလုပ်မည်ဟု သတင်းရရှိသည်။


Photo Credit to သျှမ်း-အရှေ့ သံဃာ့အဖွဲ့- တာချီလိတ်မြို့ မဟာမြတ်မုနိ ဘုရားကြီး စာသင်တိုက် ပဓာန နယက ဆရာတော် အဂ္ဂမဟာ    သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ သက်တော် (၈၅) နှစ်၊ ဝါတော် (၆၅) ဝါ

တာချီလိတ်မြို့ မဟာမြတ်မုနိ ဘုရားကြီး စာသင်တိုက် ပဓာန နယက ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ သက်တော် (၈၅) နှစ်၊ ဝါတော် (၆၅) ဝါ သည် စက်တင်ဘာ (၇) ည ၈ နာရီကျော်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီဖြစ်သည်။

ဆရာတော်၏ အန္တိမ  အဂ္ဂိ စျာပနအခမ်းအနား ကို အောက်တိုဘာ ၃၀ ရက်နေ့တွင် ဇာတိဖြစ်သော တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာ အုပ်စု၊ ဆီလီငေါ့ကျေးရွာ တွင် ပြုလုပ်မည် ဖြစ်ကြောင်း သျှမ်းပြည်နယ် အရှေ့ပိုင်း သံဃာ့အဖွဲ့ မှ ဘဏ္ဍာရေးတာဝန်ခံ ဆရာတော် ဦးကုလိသ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဆရာတော်က သက်ကြီးရောဂါနဲ့ဘဲပျံလွန်တော်မူပါတယ်။ ရုပ်ကလပ်ကိုတော့ ဆရာတော်ထိုင်တဲ့ ကျောင်းမှာ ၄၅ ရက်ထားပြီး၊ အဲဒီနောက်မှာတော့ ဆရာတော်ရဲ့ ဇာတိမြေမှာပဲ ယူသွားသဂြိုလ်ပါမယ်” ဟု ဦးကုလိသ က ဆိုသည်။

Photo Credit to သျှမ်း-အရှေ့ သံဃာ့အဖွဲ့-၂၀၁၉ စက်တင်ဘာလ ၇ ရက်နေ့က ဘဝနတ်ထံပျံလွန်တော်မူသွားသည့်ဆရာတော် ဘဒ္ဒန္တပညာသာမိ (သျှမ်းပြည်နယ်လုံးဆိုင်ရာသံဃာ့အဖွဲ့ချုပ် ၏ အနုနာယက)

ဆရာတော်သည် သျှမ်းပြည်နယ်လုံးဆိုင်ရာသံဃာ့အဖွဲ့ချုပ် ၏ အနုနာယက ဖြစ်ပြီး၊သျှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဒုတိယ ဂိုဏ်းချုပ် ဆရာတော်(၂) လည်းဖြစ်သည်။

ဆရာတော် ကို သျှမ်းပြည်နယ် အရှေပိုင်း ပြည်သူများ သာမက စစ်ဘက်ဆိုင်ရာ အရာရှိများဖြစ်သည့် ကာကွယ် ရေး ဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန် ၊ တြိဂံစစ်တိုင်းမှူးများ အဆက်ဆက်မှ ယနေ့တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင် တို့ ယုံကြည်ကိုးကွယ်ခဲ့ကြသည့်ဆရာတော်တပါး ဖြစ်သည်။

ထို့အပြင် ထိုင်းနိုင်ငံဘက်ခြမ်းမှ အစိုးရ ဌာနဆိုင်ရာများ၊ ပြည်သူများလည်း ဆရာတော်ကို ယုံကြည် ကိုးကွယ်ကြ သည်။

“ ဆရာတော်မှာ ဒကာတွေတော့များတယ်။ မနေ့က တော့ တိုင်းမှူးခင်လှိုင်နဲ့ ဌာနဆိုင်ရာတွေ လည်းလာတယ်။ သမ္မတဟောင်း ဦးသိန်းစိန် လည်း ဒကာဖြစ်ခဲ့တယ်။နောက် မင်းအောင်လှိုင်လည်း ဖြစ်တယ်။ ထိုင်းကလည်း ဆရာတော် ဒကာတွေရှိတယ်” ဆရာတော် ဦးကုလိသ  က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ဆရာတော် ဘဒ္ဒန္တပညာသာမိသည် ၁၉၃၆ ခုနှစ်က တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာ အုပ်စု ဆီလီငေါ့ ကျေးရွာ ဇာတိ ဖြစ်ပြီး ငယ်နာမည် မှာ စိုင်းဖတ် ဖြစ်သည်။

စိုင်းဖတ်သည် အသက် ၁၁ နှစ် အရွယ်တွင် ယန်းခမ်း ဆရာတော် အရှင် သောဘိတမထေရ် ထံ တွင် ကိုရင်ဝတ် ပြီး သာသနာ့ဘောင်အတွင်း စတင်ဝင်ရောက်ခဲ့သည်။

၁၉၆၈ ခုနှစ်တွင် တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီး ကျောင်းတိုက်တွင် စတင်ဖွင့်လှစ်သည့် ဒမ္မောဒယ ပရိယတ္တိစာသင်တိုက်တွင် စာချ အဖွဲ့ ခေါင်းဆောင်အဖြစ် သာသနာ့ တာဝန်ထမ်းဆောင်ရင်း ၁၉၇၈ ခုနစ် ဧပြီ(၃) ရက်နေ့တွင် ရဟန်းသက် (၁၈) ဝါ တွင် ကျောင်းထိုင်ဆရာတော် အဖြစ် ကျောင်းအပ်နှံခံရရာမှ ယနေ့တိုင်လူထုယုံကြည်အားကိုးရသောဆရာတော်တပါး ဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...