Tuesday, January 27, 2026

စစ်တိုင်းမှူးအဆက်ဆက်နှင့် ပြည်တွင်းပြည်ပ ဒကာများကိုးကွယ်သည့် သျှမ်း-အရှေ့သံဃာ့ ဒု-ဥက္ကဌ၏ စျာပန အောက်တိုဘာ လကုန်ပြုလုပ်မည်

သျှမ်းပြည်အရှေ့ပိုင်း သျှမ်းနှင့်ထိုင်း လူထုများအပြင် တိုင်းမှူးအဆက်ဆက် ယုံကြည် ကိုးကွယ်သည့် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီး မှဆရာတော် ဘဒ္ဒန္တ ပညာသာမိ ဘဝနတ်ထံပျံလွန်တော်မူလေရာ အန္တိမ အဂ္ဂိစျာပနအခမ်းအနားကို အောက်တိုဘာလကုန်တွင် ပြုလုပ်မည်ဟု သတင်းရရှိသည်။


Photo Credit to သျှမ်း-အရှေ့ သံဃာ့အဖွဲ့- တာချီလိတ်မြို့ မဟာမြတ်မုနိ ဘုရားကြီး စာသင်တိုက် ပဓာန နယက ဆရာတော် အဂ္ဂမဟာ    သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ သက်တော် (၈၅) နှစ်၊ ဝါတော် (၆၅) ဝါ

တာချီလိတ်မြို့ မဟာမြတ်မုနိ ဘုရားကြီး စာသင်တိုက် ပဓာန နယက ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ သက်တော် (၈၅) နှစ်၊ ဝါတော် (၆၅) ဝါ သည် စက်တင်ဘာ (၇) ည ၈ နာရီကျော်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီဖြစ်သည်။

ဆရာတော်၏ အန္တိမ  အဂ္ဂိ စျာပနအခမ်းအနား ကို အောက်တိုဘာ ၃၀ ရက်နေ့တွင် ဇာတိဖြစ်သော တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာ အုပ်စု၊ ဆီလီငေါ့ကျေးရွာ တွင် ပြုလုပ်မည် ဖြစ်ကြောင်း သျှမ်းပြည်နယ် အရှေ့ပိုင်း သံဃာ့အဖွဲ့ မှ ဘဏ္ဍာရေးတာဝန်ခံ ဆရာတော် ဦးကုလိသ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဆရာတော်က သက်ကြီးရောဂါနဲ့ဘဲပျံလွန်တော်မူပါတယ်။ ရုပ်ကလပ်ကိုတော့ ဆရာတော်ထိုင်တဲ့ ကျောင်းမှာ ၄၅ ရက်ထားပြီး၊ အဲဒီနောက်မှာတော့ ဆရာတော်ရဲ့ ဇာတိမြေမှာပဲ ယူသွားသဂြိုလ်ပါမယ်” ဟု ဦးကုလိသ က ဆိုသည်။

Photo Credit to သျှမ်း-အရှေ့ သံဃာ့အဖွဲ့-၂၀၁၉ စက်တင်ဘာလ ၇ ရက်နေ့က ဘဝနတ်ထံပျံလွန်တော်မူသွားသည့်ဆရာတော် ဘဒ္ဒန္တပညာသာမိ (သျှမ်းပြည်နယ်လုံးဆိုင်ရာသံဃာ့အဖွဲ့ချုပ် ၏ အနုနာယက)

ဆရာတော်သည် သျှမ်းပြည်နယ်လုံးဆိုင်ရာသံဃာ့အဖွဲ့ချုပ် ၏ အနုနာယက ဖြစ်ပြီး၊သျှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဒုတိယ ဂိုဏ်းချုပ် ဆရာတော်(၂) လည်းဖြစ်သည်။

ဆရာတော် ကို သျှမ်းပြည်နယ် အရှေပိုင်း ပြည်သူများ သာမက စစ်ဘက်ဆိုင်ရာ အရာရှိများဖြစ်သည့် ကာကွယ် ရေး ဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန် ၊ တြိဂံစစ်တိုင်းမှူးများ အဆက်ဆက်မှ ယနေ့တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင် တို့ ယုံကြည်ကိုးကွယ်ခဲ့ကြသည့်ဆရာတော်တပါး ဖြစ်သည်။

ထို့အပြင် ထိုင်းနိုင်ငံဘက်ခြမ်းမှ အစိုးရ ဌာနဆိုင်ရာများ၊ ပြည်သူများလည်း ဆရာတော်ကို ယုံကြည် ကိုးကွယ်ကြ သည်။

“ ဆရာတော်မှာ ဒကာတွေတော့များတယ်။ မနေ့က တော့ တိုင်းမှူးခင်လှိုင်နဲ့ ဌာနဆိုင်ရာတွေ လည်းလာတယ်။ သမ္မတဟောင်း ဦးသိန်းစိန် လည်း ဒကာဖြစ်ခဲ့တယ်။နောက် မင်းအောင်လှိုင်လည်း ဖြစ်တယ်။ ထိုင်းကလည်း ဆရာတော် ဒကာတွေရှိတယ်” ဆရာတော် ဦးကုလိသ  က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ဆရာတော် ဘဒ္ဒန္တပညာသာမိသည် ၁၉၃၆ ခုနှစ်က တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာ အုပ်စု ဆီလီငေါ့ ကျေးရွာ ဇာတိ ဖြစ်ပြီး ငယ်နာမည် မှာ စိုင်းဖတ် ဖြစ်သည်။

စိုင်းဖတ်သည် အသက် ၁၁ နှစ် အရွယ်တွင် ယန်းခမ်း ဆရာတော် အရှင် သောဘိတမထေရ် ထံ တွင် ကိုရင်ဝတ် ပြီး သာသနာ့ဘောင်အတွင်း စတင်ဝင်ရောက်ခဲ့သည်။

၁၉၆၈ ခုနှစ်တွင် တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီး ကျောင်းတိုက်တွင် စတင်ဖွင့်လှစ်သည့် ဒမ္မောဒယ ပရိယတ္တိစာသင်တိုက်တွင် စာချ အဖွဲ့ ခေါင်းဆောင်အဖြစ် သာသနာ့ တာဝန်ထမ်းဆောင်ရင်း ၁၉၇၈ ခုနစ် ဧပြီ(၃) ရက်နေ့တွင် ရဟန်းသက် (၁၈) ဝါ တွင် ကျောင်းထိုင်ဆရာတော် အဖြစ် ကျောင်းအပ်နှံခံရရာမှ ယနေ့တိုင်လူထုယုံကြည်အားကိုးရသောဆရာတော်တပါး ဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ထိုင်း-သျှမ်းနယ်စပ် တာချီလိတ်မြို့က တာလော့စျေး ဆိုင်ခန်းစျေးနှုန်း ချသော်လည်း ငှားရမ်းသူမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း က တာချီလိတ်မြို့ ရေကြီးရေလျှံမှု မကြာခဏ ကြုံနေရသည့် တာလော့စျေးတွင် ဆိုင်ခန်းပိုင်ရှင်များက ငှားရမ်းခ ချပေးသော်လည်း ငှားရမ်းသူမရှိကြောင်း ဒေသခံ စျေးသည်များ ပြောပြချက်အရသိရသည်။ ထိုင်း- မြန်မာနယ်စပ်ရှိ တာလော့စျေးတွင် ရေကြီးရေလျှံမှု မကြာခဏကြုံရသဖြင့် စျေးဆိုင်ခန်းငှားခ ၃ ဆနီးပါးကျဆင်းပြီး ငှားရမ်းသူမရှိသည့်အပြင် နဂိုရှိရင်း စျေးသည်များ...

တာချီလိတ်မြို့ရှိ ရေကြောင်းရဲတပ်ဖွဲ့ ဝမ်ပုံစခန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်

0
သျှမ်းပြည် တာချီလိတ်မြို့ရှိ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရေကြောင်းရဲတပ်ဖွဲ့ခွဲ ဝမ်ပုံစခန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်ခဲ့ကြောင်း သတင်းသိရသည်။ မေလ ၂၅ ရက်တွင် မြန်မာ-ထိုင်း-လာအိုနယ်စပ် ရွှေတြိဂံဒေသရှိ တာချီလိတ်မြို့သို့ စစ်ကောင်စီ၏ ဌာနဆိုင်ရာများနှင့်အတူ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အဖွဲ့တို့ သွားရောက်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု...

တာချီလိတ်မြို့နယ် စစ်မှုထမ်းထောက်ပံ့ကြေး တစ်အိမ် ဘတ် ၁၃၀၀ ကောက်ခံနေ

0
မြန်မာ-ထိုင်းနိုင်ငံနယ်စပ်ဒေသ တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က စစ်မှုထမ်းထောက်ပံ့ကြေးဟုဆိုပြီး တစ်အိမ် လျှင် ထိုင်းဘတ် ၁,၃၀၀ (မြန်မာငွေ ကာလပေါက်ဈေး တစ်သိန်း ၃သောင်းကျပ်) ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။ တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စုတစ်စုကို စစ်မှုထမ်းရန် လူ ၇ ဦးခေါ်ယူမည်ဖြစ်သဖြင့်...