Wednesday, January 28, 2026

ထိုင်းနိုင်ငံ တွင် သေဒဏ်ချခံရသည့် ဝင်းနှင့်ဇော် ထိုင်းဘုရင်ထံ အယူခံဝင်နိုင်ရန် ကြိုးစားနေ

ထိုင်းနိုင်ငံ လိပ်ကျွန်း(Koh Tho၊ ကော်တောဝ်) လူသတ်မှုကြောင့် သေဒဏ်ချခံထားရသည့် မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမား ၂ ဦးအား ဗိုလ်ချုပ်ကြီး မြထွန်းဦးက သွားရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ တွင် သေဒဏ်ချခံရသည့် မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမား ၂ ဦး ဝင်းနှင့်ဇော်

သေဒဏ်ချခံနေရသည့် မြန်မာအလုပ်သမား ၂ဦး ဖြစ်သည့် ဝင်းဇော်ထွန်း နှင့်ဇော်လင်း ကို မြန်မာ တပ်မတော်မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး က စက်တင်ဘာလ ၂ ရက် နေ့လည် ၂ နာရီက ထိုင်းနိုင်ငံ ဘန်ခွမ် ဗဟိုအကျဉ်းထောင် သို့ ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မှ ထုတ်ပြန်ထားသည်။

အကျဉ်းချနေသည့် ဝင်းဇော်ထွန်း နှင့် ဇော်လင်း တို့သည် ကျန်းမာရေး အခြေအနေ ကောင်းမွန်မှု ရှိကြောင်းနှင့် အကျဉ်းထောင်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ကောင်းမွန်စွာ လိုက်နာနေထိုင်ကြောင်း လည်း ဖော်ပြထားသည်။

အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ဦး ကိစ္စနှင့် ပတ်သတ်ပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ အနေဖြင့် ထိုင်းဘုရင်မင်းမြတ်ထံ အယူခံဝင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

စက်တင်ဘာလ ၃ ရက် ၂၀၁၉ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ကျန်အိုချာနှင့် တွေ့ဆုံခဲ့စဉ်

ယမန်နေ့တွင် လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ကျန်အိုချာနှင့် တွေ့ဆုံခဲ့စဉ်တွင် သေဒဏ်ချမှတ်ခံရသည် ရွှေ့ပြောင်းအလုပ်သမား ၂ဦးကိစ္စ ပါထည့်သွင်း ပြောဆိုခဲ့သည်ဟု သိရသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦး သည် ထိုင်းနိုင်ငံ လိပ်ကျွန်း(Koh Tho) တွင် ၂၀၁၄ ခုနှစ် စက်တင် ဘာ အတွင်း ဖြစ်ပွားခဲ့သည့် ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရသည့် ဖြစ်စဉ်တွင် ကျူးလွန်သူများဟု စွပ်စွဲခံရပြီး ထောင်ချတရားစွဲဆိုရာ သြဂုတ်လ ၂၉ ရက် ၂၀၁၉ က ထိုင်းနိုင်ငံဗဟိုတရားရုံးမှ ၄င်းတို့အား သေဒဏ်ချမှတ်စီရင်ထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သုံးလကြာ နမ့်ခုတ်ချောင်းပြဿနာအား ထိုင်းအစိုးရမှဖြေရှင်းရန်ပျက်ကွက်ပြီးနောက် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးရန် ထိုင်းအမတ်ပြော

0
ထိုင်း-မြန်မာနယ်စပ်တလျောက် ချင်းရိုင်နှင့် ချင်းမိုင်ခရိုင်ကို ဖြတ်သန်းစီးလာသော နမ့်ခုတ်မြစ်ရေညစ်ညမ်းမှု ပြဿနာကို သုံးလကြာ ထိုင်းအစိုးရမှ ဖြေရှင်းရန်ပျက်ကွက်ပြီးနောက် လက်ရှိဝန်ကြီးချုပ်ရာထူးမှ နှုတ်ပေးရန် ထိုင်းအတိုက်အခံ အမတ်ဖြစ်သူ ကန်နဝီက The Reporters သတင်းတွင် ပြောသည်။ မိုင်းဆတ်မြို့နယ် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသရှိ တရုတ်သတ္တုလုပ်ငန်း များမှ စွန်ပစ်ပစ္စည်းများကြောင့်...

စစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေး ဖိတ်သည့်ကိစ္စ ထိုင်းဝန်ကြီးချုပ် ဖြေရှင်းပေးရန် ထိုင်းလွှတ်တော်အမတ် တောင်းဆို

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပနေသည့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တက်ရောက်ရန် ထိုင်းဝန်ကြီးချုပ်မှ ဖိတ်ကြားခဲ့ခြင်းကိစ္စ ဖြေရှင်းပေးရန် ထိုင်းလွှတ်တော်အမတ် ကန်နာဝီက တောင်းဆိုလိုက်သည်။ ယနေ့ (ဧပြီလ ၃ ရက်) တွင် ကျင်းပသည့် ထိုင်းအောက်လွှတ်တော် အစည်းအဝေးအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဘင်းမ်စတက်...

ထိုင်းရေလုပ်သား ၄ ဦးကို ပြန်လွှတ်ပေး၍ စစ်ကောင်စီကို ထိုင်းဝန်ကြီးချုပ်က ကျေးဇူးတင်

0
မြန်မာရေပိုင်နက်အတွင်း ငါးဖမ်းနေစဉ် ယမန်နှစ်ကဖမ်းဆီးထားသော ထိုင်းငါးဖမ်းလှေပေါ်မှ သင်္ဘော ၄ ဦးကို ယမန်နေ့( မတ်လ ၂၇ )ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း ကော့သောင်း အကျဉ်းထောင်၌...

ကျားဖြန့်အခြေစိုက်ရာ မြဝတီမြို့အား လျှပ်စစ်မီးဖြတ်တောက်ရန် ထိုင်းဝန်ကြီးချုပ် အမိန့်ပေး

0
ကျားဖြန့်လုပ်ငန်းများ အခြေစိုက်ထားသည့် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အား လျှပ်စစ်မီးနှင့် လောင်စာဆီ ချက်ချင်းဖြတ်တောက်ရန် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ကအတည်ပြု ပြောဆိုလိုက်သည်။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ကျားဖြန့်ငွေလိမ်ဂိုဏ်များသည် ထိုင်းနိုင်ငံဘက်မှ ပေးသွင်းသော လျှပ်စစ်မီးနှင့် လောင်စာဆီများကို အသုံးပြုနေသည်။ ယင်းကြောင့် တိုင်းပြည်သူများနှင့် နိုင်ငံ၏ ပုံရိပ်အပေါ် ကြီးမားသည့် သက်ရောက်မှုရှိနေ၍...

ထိုင်းသံရုံး အွန်လိုင်းတိုကင်သာ လက်ခံ၊ တရားမဝင် လာရောက်ပါက အရေးယူခံရမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

0
ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားခြင်းများနှင့် ပတ်သက်၍ အွန်လိုင်းတိုကင်စနစ်ဖြင့် ပြောင်းလဲသွားမည်ဖြစ်ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၀ ရက်)တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ ဗီဇာလျှောက်ထားခြင်းနှင့် ပတ်သတ်၍ သံရုံးရှေ့တွင် လူကိုယ်တိုင် တန်းစီစနစ်အား ဖျက်သိမ်းပြီး ဖေဖော်ဝါရီလ ၂၂ ရက်မှ စတင်၍ အွန်လိုင်းမှတဆင့်...