Tuesday, January 27, 2026

ကွတ်ခိုင်တွင်လက်နက်ကြီးကြောင့်အရပ်သားသေဆုံးမှု နှစ်ဖက်တပ် အပြန်အလှန်စွပ်စွဲ

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း လက်နက်ကြီးများ ကျသဖြင့် အရပ်သားများ သေဆုံးသည့် ကိစ္စ နှစ်ဖက်တပ် အပြန်အလှန်စွပ်စွဲနေကြသည်။

Credit to Kachin Youth – ကွတ်ခိုင်တွင်လက်နက်ကြီးကြောင့်အရပ်သားသေ

သြဂုတ် ၃၁ ရက် မနက် ၉ နာရီ ကျော် ကွတ်ခိုင်မြို့နယ် မော်ဟိတ်စုစည်းကျေးရွာ တွင် လက်နက်ကြီးကျကာ အမျိုးသမီး များနှင့် လသားကလေးငယ် အပါအဝင် ၅ ဦး သေဆုံးမှုသည် ညီနောင် မဟာမိတ် (၃)ဖွဲ့ ၏ လက်ချက် ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး မှ စက်တင်ဘာ ၂ ရက်နေ့ က ထုတ်ပြန်ခဲ့သည်။

ညီနောင် မဟာမိတ် (၃) ဖွဲ့သည် သြဂုတ် ၃၁ ရက် မနက် ၉ နာရီ မှ ၁၁ နာရီ အထိ ကွတ်ခိုင်မြို့တွင် နှင့် နယ်မြေခံတပ်ရင်း ဌာနချုပ် နေရာ ၂နေရာ မှ လက်နက်ကြီးများဖြင့် လာရောက် နှောက်ယှက် ပစ်ခတ်ခဲ့ရာ မော်ဟိတ်စုစည်း ရွာ အတွင်း ကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသမီးများနှင့် ကလေးငယ် အပါအဝင် ၅ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာ ရရှိကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

တဖက်တွင်လည်း တအာင်း(ပလောင် ) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ၏ သတင်းဝက်ပ်ဆိုဒ်တွင် ကွတ်ခိုင်အခြေစိုက် မြန်မာ့စစ်တပ် ခလရ ၂၄၁ မှ မမ ၁၂၂ လက်နက်ကြီးပစ်ခတ်မှုကြောင့် မော်ဟိတ် စုစည်း ရွာ အတွင်း ပေါက်ကွဲရာ အပြစ်မဲ့ ပြည်သူ ၅ဦးထိမှန်သေဆုံးခဲ့ကြောင်း စက်တင်ဘာ (၂)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကွတ်ခိုင်မြို့နယ် မော်ဟိတ်စုစည်းကျေးရွာ တွင် ကျသည့် လက်နက်ကြီးများအားတွေ့ရစဉ်

သျှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စု လမ်းမတလျှောက် ဖြစ်ပွါးသော တိုက်ပွဲများတွင် အရပ်သား ထိခိုက်၊ သေဆုံးမှု များ နှင့် ပတ်သက်ပြီး မည်သည့်လက်နက်ဖြစ်ကြောင်း ကြည့်ရုံဖြင့် သိနိုင်သည်ဟု နိုင်ငံတော် သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး က သြဂုတ် ၃၁ ရက့် သတင်းစာရှင်လင်းပွဲတွင် ပြောဆိုထားသည်။

“ လက်နက်တွေ ကြည့်လိုက်ရင် သိနိုင်ပါတယ်။ အဲ့ဒါဘယ်ဟာက တိုက်တဲ့ဟာလဲဆိုတာ ကြည့်လိုက်ပါ။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရှိတယ်။ ကြည့်လိုက်ရင် ဘယ်သူ့လက်ချက် ဆိုတာ သိလိမ့်မယ်” ဟု ဦးဇော်ဌေး က သတင်းထောက်များ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့သည်။

ဆက်လက်ပြီး ရက္ခိုင်တပ်မတော်(AA) ဒု စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် က လည်း“ ကျနော်တို့ ပြည်သူတွေဒုက္ခရောက်အောင် ဘယ်တော့မှမလုပ်ဘူး။ ရခိုင်မှာဆို ရခိုင်လူမျိုးတွေဖြစ်တယ်။ တအာင်းမှာဆို တအာင်းလူမျိုးတွေဖြစ်တယ်။ ကချင်မှာဆို ကချင်လူမျိုးတွေဖြစ်တယ်။ ကိုယ့်လူမျိုးတွေ ကိုသတ်တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး” ဟု သြဂုတ် ၃၁ရက် ကျိုင်းတုံ တွေ့ဆုံဆွေးနွေးအပြီး မီဒီယာများ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ကွတ်ခိုင်မြို့နယ် မော်ဟိတ်စုစည်းကျေးရွာ တွင် ကျသည့် လက်နက်ကြီးများအားတွေ့ရစဉ်

တိုက်ခိုက်နေကြသည့် နှစ်ဘက်တပ်များမှ အပြစ်မဲ့သော အရပ်သားများ ထိခိုက်နစ်နာဆုံးရှုံးမှု များကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် သျှမ်းမြောက် လူသားချင်းစာနာ ထောက်ထားမှု ပူးပေါင်း အဖွဲ့ မှ လည်း ပြောဆိုထားသည်။

လက်ရှိ သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် လက်နက်ကြီးကြောင့် အရပ်သားများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုသည် ပိုင်ရှင်မဲ့ လက်နက်ကြီးများလား ဟုလည်း ဒေသခံများက မေးခွန်းထုတ် ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖယ်ခုံ စစ်တပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးပြန်ရိတ်ရန်ခက်ခဲနေ

0
ဖသျှမ်းပြည် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စပါးသွားရိတ်ရန် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် အောက်တိုဘာလ နောက်ဆုံးပတ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ နှစ်ဘက်ထိတွေ့ တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်ကော်မရှင်တပ်မှ လက်နက်ကြီးဖြင့်...

ကွတ်ခိုင်မြို့ အသက် (၈) နှစ် မိန်းကလေးကို သတ်ခဲ့သည့် တရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲ

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် အသက် (၈) နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့သည့် တရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက် နေ့လယ် ၃ နာရီခွဲအချိန်က ကွတ်ခိုင်မြို့ ရပ်ကွက် (၈) တွင် နေထိုင်သော အသက် (၈)...

ကွတ်ခိုင်တွင် MNDAA ရုံးထဲ မြန်မာနိုင်ငံအလံလွှင့်ထူ၊ TNLA မှ စာသင်ကျောင်းများ အရေးပေါ်ပိတ်ထား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ရုံးများထဲတွင် မြန်မာနိုင်ငံတော်အလံကို ပြန်လည်လွှင့်ထူထားပြီး TNLA ဘက်မှလည်း စာသင်ကျောင်းများ အရေးပေါ် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) တွင် ကွတ်ခိုင်မြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ဘက်ခြမ်းရှိ ဌာနဆိုင်ရာ ရုံးများထဲတွင်...

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံး၊ နှစ်ဦး အပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံးပြီး၊ နှစ်ဦးအပြင်းထန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( ဩဂုလတ် ၂၇) ရက် နံနက် ၂ နာရီ လူအိပ်ချိန်တွင် ရုတ်တရက် တောင်ပြိုပြီး တောင်ကျရေနှင့်အတူ ကျောက်တုံး၊...