ကွတ်ခိုင်တွင်လက်နက်ကြီးကြောင့်အရပ်သားသေဆုံးမှု နှစ်ဖက်တပ် အပြန်အလှန်စွပ်စွဲ

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း လက်နက်ကြီးများ ကျသဖြင့် အရပ်သားများ သေဆုံးသည့် ကိစ္စ နှစ်ဖက်တပ် အပြန်အလှန်စွပ်စွဲနေကြသည်။

Credit to Kachin Youth – ကွတ်ခိုင်တွင်လက်နက်ကြီးကြောင့်အရပ်သားသေ

သြဂုတ် ၃၁ ရက် မနက် ၉ နာရီ ကျော် ကွတ်ခိုင်မြို့နယ် မော်ဟိတ်စုစည်းကျေးရွာ တွင် လက်နက်ကြီးကျကာ အမျိုးသမီး များနှင့် လသားကလေးငယ် အပါအဝင် ၅ ဦး သေဆုံးမှုသည် ညီနောင် မဟာမိတ် (၃)ဖွဲ့ ၏ လက်ချက် ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး မှ စက်တင်ဘာ ၂ ရက်နေ့ က ထုတ်ပြန်ခဲ့သည်။

ညီနောင် မဟာမိတ် (၃) ဖွဲ့သည် သြဂုတ် ၃၁ ရက် မနက် ၉ နာရီ မှ ၁၁ နာရီ အထိ ကွတ်ခိုင်မြို့တွင် နှင့် နယ်မြေခံတပ်ရင်း ဌာနချုပ် နေရာ ၂နေရာ မှ လက်နက်ကြီးများဖြင့် လာရောက် နှောက်ယှက် ပစ်ခတ်ခဲ့ရာ မော်ဟိတ်စုစည်း ရွာ အတွင်း ကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသမီးများနှင့် ကလေးငယ် အပါအဝင် ၅ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာ ရရှိကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

တဖက်တွင်လည်း တအာင်း(ပလောင် ) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) ၏ သတင်းဝက်ပ်ဆိုဒ်တွင် ကွတ်ခိုင်အခြေစိုက် မြန်မာ့စစ်တပ် ခလရ ၂၄၁ မှ မမ ၁၂၂ လက်နက်ကြီးပစ်ခတ်မှုကြောင့် မော်ဟိတ် စုစည်း ရွာ အတွင်း ပေါက်ကွဲရာ အပြစ်မဲ့ ပြည်သူ ၅ဦးထိမှန်သေဆုံးခဲ့ကြောင်း စက်တင်ဘာ (၂)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကွတ်ခိုင်မြို့နယ် မော်ဟိတ်စုစည်းကျေးရွာ တွင် ကျသည့် လက်နက်ကြီးများအားတွေ့ရစဉ်

သျှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စု လမ်းမတလျှောက် ဖြစ်ပွါးသော တိုက်ပွဲများတွင် အရပ်သား ထိခိုက်၊ သေဆုံးမှု များ နှင့် ပတ်သက်ပြီး မည်သည့်လက်နက်ဖြစ်ကြောင်း ကြည့်ရုံဖြင့် သိနိုင်သည်ဟု နိုင်ငံတော် သမ္မတ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေး က သြဂုတ် ၃၁ ရက့် သတင်းစာရှင်လင်းပွဲတွင် ပြောဆိုထားသည်။

“ လက်နက်တွေ ကြည့်လိုက်ရင် သိနိုင်ပါတယ်။ အဲ့ဒါဘယ်ဟာက တိုက်တဲ့ဟာလဲဆိုတာ ကြည့်လိုက်ပါ။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရှိတယ်။ ကြည့်လိုက်ရင် ဘယ်သူ့လက်ချက် ဆိုတာ သိလိမ့်မယ်” ဟု ဦးဇော်ဌေး က သတင်းထောက်များ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့သည်။

ဆက်လက်ပြီး ရက္ခိုင်တပ်မတော်(AA) ဒု စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် က လည်း“ ကျနော်တို့ ပြည်သူတွေဒုက္ခရောက်အောင် ဘယ်တော့မှမလုပ်ဘူး။ ရခိုင်မှာဆို ရခိုင်လူမျိုးတွေဖြစ်တယ်။ တအာင်းမှာဆို တအာင်းလူမျိုးတွေဖြစ်တယ်။ ကချင်မှာဆို ကချင်လူမျိုးတွေဖြစ်တယ်။ ကိုယ့်လူမျိုးတွေ ကိုသတ်တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး” ဟု သြဂုတ် ၃၁ရက် ကျိုင်းတုံ တွေ့ဆုံဆွေးနွေးအပြီး မီဒီယာများ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ကွတ်ခိုင်မြို့နယ် မော်ဟိတ်စုစည်းကျေးရွာ တွင် ကျသည့် လက်နက်ကြီးများအားတွေ့ရစဉ်

တိုက်ခိုက်နေကြသည့် နှစ်ဘက်တပ်များမှ အပြစ်မဲ့သော အရပ်သားများ ထိခိုက်နစ်နာဆုံးရှုံးမှု များကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန် သျှမ်းမြောက် လူသားချင်းစာနာ ထောက်ထားမှု ပူးပေါင်း အဖွဲ့ မှ လည်း ပြောဆိုထားသည်။

လက်ရှိ သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် လက်နက်ကြီးကြောင့် အရပ်သားများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုသည် ပိုင်ရှင်မဲ့ လက်နက်ကြီးများလား ဟုလည်း ဒေသခံများက မေးခွန်းထုတ် ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်မှလာသော ငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတွင် ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်းမှ တင်သွင်းလာသော ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ယမန်နေ့ (ဧပြီလ ၈ ရက်) တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ စိတ်ကြွဆေးပြား...

စက်သုံးဆီပြဿနာကြောင့် ကွတ်ခိုင်-မန္တလေး အရေးပေါ်လူနာပို့ခ ကျပ်သိန်း ၂၀ ထိရှိလား

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကွတ်ခိုင်ကို MNDAA အလုံးစုံထိန်းချုပ်၊ မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီး ပြန်ဖွင့်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အလုံးစုံ ထိန်းချုပ်လိုက်ပြီးနောက် မူဆယ်-လားရှိုး တိုက်ရိုက်သွားလာနိုင်ရန် ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ အလုံးစုံ တိုက်ခိုက်ထိန်းချုပ်လိုက်ပြီးနောက်...

ကွတ်ခိုင်-နမ့်ခမ်းကြား TNLA နှင့် MNDAA တိုက်ပွဲပြင်းထန်၊ မိုင်းယုလေးဒေသကို MNDAA ထိန်းချုပ်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA ကြား မြေပြင်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး နမ့်ခမ်းမြို့ဘက်သို့ ဦးတည်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၃ နာရီကျော်မှ စတင်၍ ကွတ်ခိုင်မြို့ပြင်ဘက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...