Thursday, April 25, 2024

တိုက်ပွဲကြောင့်ထိခိုက်နစ်နာသူများကို ၂ ဖက်လက်နက်ကိုင်များမှတာဝန်ယူရန် သျှမ်းမြောက် လူမှု အဖွဲ့တောင်းဆို

Must read

သျှမ်းမြောက် တိုက်ပွဲအတွင်း သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများကို မြန်မာ့တပ်မတော်နှင့် ညီနောင် မဟာမိတ် အဖွဲ့တို့မှ တာဝန်အပြည့်ယူရန် သျှမ်းမြောက် လူမှု အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

မြန်မာ့တပ်မတော် နှင့် ညီနောင် မဟာမိတ် (၃)ဖွဲ့ တို့သည် သြဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ သျှမ်းပြည်နယ်မြောက်ပိုင်း အတွင်း တိုက်ပွဲများဖြစ်ပွားကာ အရပ်သား ၁၇ ဦး ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၃၀ ခန့် ရှိကြောင်း၊ တိုက်ပွဲ ဖန်တီးသည့် ၂ ဖက် လက်နက်ကိုင် အဖွဲ့တွင် တာဝန်ရှိကြောင်း သျှမ်း ပြည်နယ် မြောက်ပိုင်းလူသားချင်း စာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက် သည့်အဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ဦးဟောင်းဒေါင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ သေဆုံးဦးရေ ၂၀ ဝန်းကျင်ရှိပြီ။ ကျနော်တို့သတင်း လက်လှမ်းမှီ သလောက်ဆိုရင်တော့ ၁၇ ယောက်ရှိပြီ။ ထိခိုက်ဒဏ်ရာရတာ ကတော့ ၃၀ လောက်ရှိသွားပြီ။ ဒီတခါဖြစ်တဲ့ တိုက်ပွဲက အရပ်သား ထိခိုက်မှု ပိုများတယ်။ ကားတွေလည်း မီးရှို့ခံရတယ်။ ကျနော်တို့ မြင်တာ ကတော့ ၂ဖက် လက်နက်ကိုင်တွေမှာ စစ် စည်းကမ်း လုပ်ထုံးလုပ်နည်းလိုတယ်” ဟု ဦးဟောင်းဒေါင် က ဆိုသည်။

တိုက်ပွဲကြောင့် ထိခိုက်နစ်နာသည့် ရွာသား များအတွက် ဘဝပြန်လည် ထူထောင်နိုင်ရန်အဓိက တိုက်ပွဲ ဖန်တီးသည့် ၂ဖက် တာဝန်ရှိကြောင်း၊ နောက်နောင် အရပ်သားပြည်သူများ ရှိသည့် ကျေးရွာ အတွင်း တိုက်ပွဲများမဖြစ်ရန် သျှမ်း ပြည်နယ် မြောက်ပိုင်းလူသားချင်း စာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက် အဖွဲ့ တောင်းဆိုလိုက်သည်။

Photo Credit to Owners- ၂၀၁၉ သြဂုတ်လအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် အစိုးရတပ်မတော်တို့ကြား သျှမ်းပြည်မြောက်ပိုင်းတွင်ဖြစ်ပွါးသောတိုက်ပွဲများကြောင့် သေကြေဒဏ်ရာရသည့်ဒေသခံတချို့

ကွတ်ခိုင်မြို့ – မူဆယ် ပြည်ထောင်စု လမ်းမပေါ်တွင် အရပ်သား ကားများရှို့ ခြင်းကို မပြုလုပ်ရန် နှင့် ကားသမားများလည်း အန္တရာယ်ကြား မသွားရန် လည်း ဦးဟောင်းဒေါင် က ထပ်လောင်းပြောသည်။

“ တိုက်ပွဲဖြစ်ရင်တော့ ပြည်သူတွေ ရှိတဲ့ ရွာတွေဘက် လက်နက်ကြီးတွေ မပစ်ဖို့ မေတ္တာရပ်ခံတယ်။ တကယ်လို့ ဖြစ်သွားရင်လည်း လုပ်တဲ့ အဖွဲ့အစည်း က တာဝန်ယူပေးစေချင်တယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ် ကွန်ရက် (TYN) မှ စိုင်းနော်ဆိုင် က ပြောသည်။

သျှမ်းပြည်နယ် အတွင်း အချိန်တို အတွင်း ဖြစ်ပွားသည့်တိုက်ပွဲကြောင့် အရပ်သား များသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ အိုးအိမ်ဆုံးရှုံး ပျက်စီးမှု အများဆုံးဖြစ်သဖြင့် တိုက်ပွဲဖြစ်ပွားသည့် ၂ ဖက်မှ ထိုက်သင့်သည့် လျော်ကြေး နစ်နာကြေးများ ပေးဆောင်သင့်သည် ဟု စိုင်းနော်ဆိုင် က ဆိုသည်။

အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာ၊ မြို့ နှင့် ပြည်သူများ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာ များ အပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများဖြစ်နေသဖြင့် တိုက်ပွဲဖန်တီးသည့် ၂ ဖွဲ့ လက်နက်ကိုင်သည့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ များကို လေစားလိုက်နာသင့်ကြောင်း သျှမ်းမြောက် လူမှု အဖွဲ့ အစည်းများက ပြောဆိုလိုက်သည်။

သြဂုတ် ၃၁ ရက်နေ့တွင် ကွတ်ခိုင်မြို့ ရပ်ကွက်ပေါ် မြန်မာ့တပ်မတော် နှင့် ညီနောင်မဟာမိတ် (၃)ဖွဲ့ တိုက်ပွဲဖြစ်ပွားကာ ကွတ်ခိုင်မြို့ မော်ဟစ်ကျေးရွာ အနီး တွင် အပြန်အလှန်ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီးများနှင့် လသားအရွယ် ကလေး အပါအဝင် ၅ ဦး သေဆုံးခဲ့ရသည်။

Leave a Comments

- Advertisement -spot_img

Latest article