လားရှိုးမြို့ရှိ ဘုန်းကြီးကျောင်းများကစစ်ရှောင်များ စိုးရိမ်ထိတ်လန့်မှုကြားက နေရပ်ပြန်ရ

 

တိုက်ပွဲကြောင့် သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူ ဘုန်ကြီးကျောင်းသို့ရောက်ရှိခိုလှုံသည့် စစ်ဘေးရှောင်များမှာ စိုးရိမ် ထိတ်လန့်မှု ကြား နေရပ်ပြန်သွားကြရကြောင်း သိရသည်။

Credit to Sai Tiger Tai- ဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ကလေးများ

လက်ရှိ လားရှိုးမြို့နယ်အတွင်း တိုက်ပွဲများငြိမ်သက်နေပြီဖြစ်သဖြင့် သီရိမင်္ဂလာ မန်ဆူ ဘုန်းကြီးကျောင်းသို့ ရောက်ရှိခိုလှုံနေကြသော စစ်ဘေးရှောင် များ နေရပ်သို့ စိုးရိမ်စိတ်ဖြင့် ပြန်သွားကြပြီဖြစ်ကြောင်း စစ်ဘေးရှောင်များကူညီပေးနေသည့် သျှမ်းလူငယ်များ အဖွဲ့ မှ စိုင်းဟန် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ တကယ်တော့ လားရှိုးမြို့ နယ် အနီးတဝိုက်မှာတိုက်ပွဲတွေမရှိပါဘူး။ တပ်မတော်ကို ကြောက် လို့့သူတို့ထွက်ပြေးကြတာပါ။ ခုလည်း စစ်ကြောင်းတွေက ရွာတွေနားရှိနေသေးတယ်။ ကြောက်လည်း ပြန်ရမှာပဲလေ လယ်ယာဝင်ရတော့မှာကိုး မတတ်နိုင်ဘူးလေ။ နောက် တပ်က လက်နက်ကြီး ပစ်ချင်တဲ့ နေရာပစ်လေ့ရှိတယ်ဆိုတော့ လုံးအေး လို့ထိမှာလည်း ကြောက်ကြတယ်
” ဟု စိုင်းဟန် က ဆိုသည်။

နယ်မြေရှင်းလင်းရေးဟုဆိုကာ လားရှိုးမြို့နယ်ရှိ ကျေးရွာများတွင် တပ်မတော် များရှိသေးကြောင်း၊ ၄င်းတို့ ရွာအတွင်းဝင်ရောက်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း စိုင်းဟန်က ဆိုသည်။

လားရှိုးမြို့အရှေ့မြောက်ဘက်ရှိ ကုန်းဆာကျေးရွာ နှင့် မတ်ချီနူ ဒေသခံများလည်း ခိုလှုံသည့်ဘုန်းကြီးကျောင်းမှ ရပ်ရွာနေအိမ်သို့ ယမန်နေ့က ပြန်သွားကြပြီဖြစ်ကြောင်းသိရသည်။

ကုန်ဆာကျေးရွာ လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားသည့် လုံအေး အမျိုးသမီး နန်းကိန် က “ ကျမတို့ ကြောက်လည်း ပြန်ရမှာပဲ။ ဆုတောင်းပြီး နေရမှာပဲ။ အိမ်ပြန်ရောက်ရင် ကျမ အမျိုးသားအတွက် အလှူလည်း လုပ်ပေးရအုံးမယ်” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း တွင် တိုက်ပွဲများ ရပ်တန့်ခြင်းမရှိသေးသဖြင့်စစ်ရှောင်များ မိမိနေရပ်သို့ ပြန်သော်လည်း စိုးရိမ် ထိတ်လန့်မှု မျိုးစုံဖြင့် ပြန်ရကြောင်း၊ တိုက်ပွဲများ ချုပ်ငြိမ်းပြီး လယ်ယာ စိုက်ပျိုးရေး ပြန်လည် ပြုလုပ်လိုကြောင်းလည်း စစ်ရှောင်များက ပြောသည်။

လက်ရှိ သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မူဆယ် ပြည်ထောင်စု လမ်းမပေါ်တွင် တိုက်ပွဲများပြင်းထန်နေသေးရာ ကွတ်ခိုင်မြို့နယ်တွင်လည်း စစ်ဘေးရှောင်များ ရှိနေသေးသည်ဟုသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...