မူဆယ် – ကွတ်ခိုင် ရှောင်လမ်းတွင် လက်နက်ကိုင်အဖွဲ့မှ ငွေကြေးကောက်ခံနေဟုဆို

သျှမ်းပြည်နယ် မြောက်ပိုင်း ပြည်ထောင်စု ကားလမ်းပေါ်တွင် တိုက်ပွဲများ ဆက်လက်ရှိနေသဖြင့် နမ့်အွမ်- တီးမ လမ်းအား ကားသမားများ အသုံးပြုနေရာ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့မှ ကားများအား ငွေကြေးကောက်ခံနေကြောင်း သိရသည်။

Photo Credit to ကားသမားတဦး- သြဂုတ်လ ၂၂ ရက်နေ့က နမ့်အွမ်-တီးမ- တာမိုးညဲလမ်းတွင် ကားသမားများအားတားမြစ်ဆက်ကြေးကောက်နေသော လက်နက်ကိုင်အဖွဲ့

ကားများသည် မူဆယ်မှ ပြည်ထောင်စုလမ်းအတိုင်းမသွားဘဲ နမ့်ဖတ်ကာတွင်ဖြစ်ပွါးနေသော တိုက်ပွဲများအား ရှောင်ကွင်းရန် မူဆယ်မှထွက်သည်နှင့် နမ့်အွမ်-တီးမ- တာမိုးညဲ-ကွတ်ခိုင် သို့ သွားသောလမ်းကို အသုံးပြုကြကြောင်း၊ အဆိုပါလမ်းတွင် ယာဉ်ငယ်များသာ သွားလာနိုင်ပြီး၊ သြဂုတ် ၂၂ ရက်နေ့မှ စတင်ကာ ခရီးသည် ယာဉ်ငယ်တစီးလျှင်ငွေကျပ် ၅ သောင်းကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့မှ ကောက်ခံနေကြောင်း မူဆယ်မြို့ မှ ကားသမား ကိုအားတီ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ မူဆယ် – ကွတ်ခိုင် ပြည်ထောင်စု လမ်းမ က ပိတ်ထားတော့ နမ့်အွမ် တီးမ တာမိုးညဲဘက်ကနေလှည့်သွားတာ။ အဲ့ဘက်မှာဆက်ကြေး ကောက်တယ်။ ဖုန်းတွေ့ွ့ရင် ဖုန်းသိမ်းတယ်။ ” ဟု ကားသမား ဦးညို ကလည်း ပြောသည်။

Photo Credit to ကားသမားတဦး- ဆက်ကြေးဖြတ်ပိုင်း

ငွေကောက်ခံသည့် ဖြတ်ပိုင်းသည် ကချင်စာဖြင့်ရေးသားထားပြီး ကချင် လွတ်မြောက်ရေး တပ်မတော် ( KIA) အဖွဲ့ံ့က ကောက်ခံသည်ဟု ဖော်ပြထားကြောင်း ကားသမားတဦးကပြောသည်။

“ အဲ့လမ်းက တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိတဲ့လမ်းပါ။ လက်နက်ကိုင် ၂ ဖွဲ့့လာကောက်တာ။ တဖွဲ့့က ကချင်၊ နောက်တဖွဲ့က TNLA ပါ” ဟု ဆက်ကြေး ပေးရသည့် အဆိုပါကားသမားက ပြောသည်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ က မြေပြင် သတင်း သေချာ မသိရှိရသေးကြောင်း၊ ငွေကောက်ခံခြင်း (ဆက်ကြေး) ကိစ္စ မသိရှိရသေးကြောင်း သျှမ်းသံတော်ဆင့်သို့့ ပြောသည်။

“ KIA ဟုတ်တယ် မဟုတ်ဘူးဆိုတာ တိကျ ပြောလို့့မရဘူး။ မြေပြင်က သတင်းလည်း မတက်ဘူး။ မဟုတ်ဘူးလို့့ ငြင်းတာမဟုတ်ဘူး။ အဲ့ဒေသမှာ လက်ရှိက တိုက်ပွဲဖြစ်နေတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေလည်း များတယ်။ နောက် KIA နာမည်ခံပြီးလည်း ကောက်နိုင်ပါတယ်” ဟု ဗိုလ်မှူးကြီး နော်ဘူ က ထပ်လောင်းပြောသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော် က “ နမ့်အွမ် – တီးမ- တာမိုးညဲ လမ်းကြောင်းမှာ ကျနော်တို့့အဖွဲ့့ငွေတောင်းခံတာ မရှိပါဘူး” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိ ပြည်ထောင်စု လမ်းမပေါ်တွင် တိုက်ပွဲများ ရှိနေသေးသဖြင့် အဆိုပါ ရှောင်လမ်း ကို သာ အသုံးပြုရကာ ကားသေးများသာ သွားနေရကြောင်း သိရသည်။

ယခုရက်ပိုင်း မူဆယ်- မန္တလေး မြို့ ကို သွားပါက ခရီးသည် တဦးလျှင် ကျပ်ငွေ ၅သောင်းကျော် ဝန်းကျင် ပေးရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...