Tuesday, January 27, 2026

မြောက်ပိုင်းတိုက်ခိုက်မှုမှ သိမ်းဆည်းရမိ ဒုံးသီးများနှင့်အတူ ထိခိုက်ပျက်ပြားသေဆုံးမှုများ တပ်မတော်ထုတ်ပြန်

မန္တလေးတိုင်း ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ် အနီးရှိ တောင်ကုန်းပေါ်တွင် ဘတ္တရီအိုး၊ ဝါယာကြိုးများ နှင့် ချိတ်ဆက်ထားသည့် ဒုံးသီး ၆ လုံး နှင့် ဘတ္တရီ ၁ လုံး တွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက် အရ သိရသည်။

Photo – cincds statement

အဆိုပါ ဒုံးသီး ၆ လုံးသည့် Type 63 ၁၀၇ မီလီမီတာ အမျိုးအစားဖြစ်ပြီး၊ ဘတ္တရီအိုး၊ ဝါယာကြိုးများဖြင့် ချိတ်ဆက်ထားကာ ရှော့တိုက်ဒုံးများ ပစ်ခတ်ရန် အသင့်ပြုလုပ်ထားသည့် နေရာများကို တွေ့ရသည် ဟုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ၏ ထုတ်ပြန်ချက် တွင် ရေးသားထားသည်။

တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) တောင်ကုန်းပေါ် ထောင်ထားသည့် ရှော့တိုက်ဒုံးသီး များနှင့် ပတ်သက်ပြီး TNLA ပြောရေး ဆိုခွင့် ပုဂ္ဂိုလ် ဗိုလ်မှူး တားအိုက်ကျော် ကို သျှမ်းသံတော်ဆင့် မှ မေးမြန်းရာ “ ဒီဗုံးကိစ္စနဲ့ ပတ်သတ်ပြီး ကျနော် မသိရသေးဘူး” ဟု ပြောဆိုလိုက်သည်။

သျှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ နှင့် မန္တလေးတိုင်း ပြင်ဦးလွင် တပ်မတော်နည်းပညာ တက္ကသိုလ် (DSTA) အပါအဝင် နေရာ ၅ နေရာ ကို သြဂုတ် ၁၅ရက် မနက် ၅ နာရီ တွင် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက် ရေး တပ်မတော် (TNLA) နှင့် ညီနောင် မဟာမိတ် တို့ ပူးပေါင်း စစ်ဆင်ရေး ပြုလုပ်ခဲ့သည်။

ယမန်နေ့ ညီနောင် မဟာမိတ် ၃ဖွဲ့ နှင့် မြန်မာ့ တပ်မတော် တိုက်ပွဲကြောင့် ၁၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရ ခဲ့ သည် ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယခုဖြစ်ပွားနေသည့် တိုက်ပွဲ အကြာင်းရင်းသည် ဇူလိုင် ၂၅ ရက်နေ့ ကွတ်ခိုင်မြို့နယ် ရှောက်ဟော်ကျေးရွာ အရှေ့တောင်ဘက် ချောင်းဆုံ နေရာ တဝိုက် မူးယစ်ဆေးဝါး စုစုပေါင်း တန်ဖိုး ငွေ ၁၆ ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါး ရိုက်စက် အပါအဝင် ဆက်စပ်ပစ္စည်းများ ဘိန်းချက်စခန်း များအားလည်းကောင်း၊ သြဂုတ် ၈ ရက်တွင် ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် ရက်ခုံ တိုင်ကျေးရွာ မှ မူးယစ်ဆေးဝါး တန်ဖိုး ကျပ် ၅ ဘီလီယံခန့်၊ ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း တပ်မတော် မှ သိမ်းဆည်း ရရှိသည့်အပေါ် ကျေနပ်မှု မရှိခြင်းကြောင့်လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကိစ္စနှင့် ပတ်သတ်ပြီးဗိုလ်မှူး တားအိုက်ကျော် က “ မူးယစ်ဆေးဝါး နဲ့ ကျနော်တို့ ပတ်သက်မှု မရှိပါဘူး။ မူးယစ်ဆေးဝါးတွေကို ကျနော်တို့ တိုက်ဖျက်နေတယ်။ ဒါက တမင် သက်သက် စွပ်စွဲချက်ပါပဲ။ ကွတ်ခိုင် မူးယစ်ဆေးဝါး က ကျနော်တို့နဲ့ ပတ်သက်မှု လုံးဝ မရှိပါဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြင်ဦးလွင် DSTA တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းတိုက်ခိုက်မှု တွင် အရပ်သားတဦးသေဆုံးပြီး၊ တပ်မတော်သား တဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ နောင်ချိုမြို့နယ် ဂုတ်တွင်းရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ တပ်မတော် အရာရှိ၊စစ်သည် ရ ဦး၊ မူးယစ်ဆေးဝါး စစ်ဆင်ရေးဂိတ်တွင် စစ်သည် ၂ ဦး သေဆုံးကြောင်း၊ အရပ်သား ၁ ဦး မီးရှို့ခံရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးအနက် ၅ ဦးမှာ ပြင်ဦးလွင် စစ်ဆေးရုံသို့ ိုပို့ဆောင်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အိမ်စောင့်တပ်နှင့်ကိုးကန့်တပ် တိုက်ပွဲကြောင့် မူဆယ်ခရိုင်ကျေးလက်လူထုအခက်တွေ့

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ် - ပန်ဆိုင်းမြို့နယ်ခွဲအတွင်း ကျေးရွာအချို့အတွင်း အိမ်စောင့် တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် တောတောင်အတွင်းသို့တိမ်းရှောင်နေရသည့် ကျေးလက်ဒေသခံများ စားဝတ်နေရေးအခက်အခဲများကြုံတွေ့နေရသည်ဟုသတင်းရရှိသည်။ သြဂုတ်လဆန်းပိုင်းမှယနေ့အထိ စစ်ကောင်စီတပ်နှင့်မြောက်ပိုင်းမဟာမိတ်တပ်တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် မူဆယ်ခရိုင် ကြူကုတ် - ပန်ဆိုင်း မြို့နယ်ခွဲ ဖေါင်းဆိုင် ကျေးရွာအုပ်စု ဖိုင်ကောင်းကျေးရွာအတွင်း...

အာဏာသိမ်းတပ် နှင့် သျှမ်းပြည်တပ်မတော် RCSS တို့ ယနေ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်

0
အာဏာသိမ်းတပ် နှင့် သျှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ သျှမ်းပြည်တောင်ပိုင်းအတွင်း ယနေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟုသိရသည်။ ၂၀၂၁ ခု ဧပြီလ ၂၂ ရက် နံနက်ပိုင်း တွင် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း တွင်လည်းကောင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် အတွင်းနှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ...

သီပေါမြို့နယ် RCSS နှင့် အစိုးရတပ် ရက်ဆက်တိုက်ပွဲဖြစ်

0
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် အစိုးရတပ် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်မှုဖြစ်ပွားနေကြောင်းစုံစမ်းသိရသည်။ သီပေါမြို့နယ် မိုင်းတုံကျေးရွာအုပ်စု ပန်ခါးကျေးရွာ အနီးတွင် RCSS/SSA နှင့် အစိုးရတပ် တို့သည် ယမန်နေ့ (ဖေဖော်ဝါရီ ၁၁)ရက်တွင် တိုက်ပွဲပြင်းထန်မှုဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ တပ်သား ၂ဦး...

SSPP/SSA နှင့် တပ်မတော် ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် မြန်မာ့တပ်မတော်တို့သည် ယနေ့ (ဖေဖော်ဝါရီ ၁၁)ရက် မနက်ပိုင်းတွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။ SSPP/SSA နှင့် မြန်မာ့တပ်မတော်သည် ကွတ်ခိုင်-နမ့်ဖက်ကာကြား နမ့်အုမ်ကျေးရွာ အနီးတဝှိက်တွင် ယနေ့ မနက် ၈နာရီ မှ စတင်ဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်...

RCSS/SSA နှင့် တပ်မတော် သီပေါမြို့နယ် တွင် ၂ရက် တိုက်ပွဲဖြစ်

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)နှင့် တပ်မတော်တို့သည် ၂ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ RCSS/SSA နှင့် တပ်မတော်သည် ဖေဖော်ဝါရီ (၉ )ရက် နေ့လည်ပိုင်း တွင် သီပေါမြို့နယ် မိုင်းတုံကျေးရွာ အုပ်စု ခိုင်းဆင်ကျေးရွာ တွင် တကြိမ်၊ ယနေ့ ဖေဖော်ဝါရီ (၁၀)ရက်...