ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၅ ခု ကို ညီနောင် ၃ တပ် ပေါင်းတိုက်

သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ နှင့် ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) အပါ အဝင် နေရာ ၅ ခုကို သြဂုတ် ၁၅ ရက် မနက် ၅ နာရီမှ စတင်ကာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက် ရေးတပ် မတော် (TNLA) နှင့် ညီနောင် မဟာမိတ်တို့ပူးပေါင်း စစ်ဆင်ရေး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Photo Credit to Myo Thant Aung- နောင်ချို မြို့ အထွက် Oriental Highway (အေးရှာဝေါလ်) တိုးဂိတ်အနီးရှိ မူးယစ်ဂိတ်အား မဟာမိတ်တပ်ဖွဲ့ဝင်များဝင်ရောက်ပစ်ခတ်ထားပုံ

ယနေ့ TNLA နှင့် ညီနောင် မဟာမိတ်ဖြစ်သည့် ကိုးကန့် ( MNDAA) တပ်၊ ရက္ခိုင့်( AA) တို့ပူးပေါင်းပြီး သျှမ်းပြည်နယ်မြောက်ပိုင်းနောင်ချို တွင် ၃ နေရာ၊ ပြင်ဦးလွင် တွင် ၂နေရာ ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေး ကြောင့် ညီနောင်မဟာမိတ် ၃ဖွဲ့ နှင့် မြန်မာအစိုးရတပ်မတော်တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားကာ ပြည်သူများ ထိခိုက်ဒဏ်ရာ များစွာ ရရှိခဲ့သည် ဟု နောင်ချိုဒေသခံများ ပြောပြချက် အရ သိရသည်။

“ မနက်မှာတော့ တိုက်ပွဲ ၅နေရာဖြစ်တယ်။ ၂ နေရာက ပြင်ဦးလွင်၊ ၃ နေရာကတော့ နောင်ချို ဘက်မှာ ဖြစ်တယ်။ ပြင်ဦးလွင် ဘက်က DSTA၊ မြို့ရှောင်လမ်းမှာဖြစ်တယ်။ နောင်ချို က တိုးဂိတ်မှာ တနေရာ၊ ဂုတ်တွင်း နားတနေရာပါ” ဟု TNLA ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် တားအိုက်ကျော် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo Credit to Lashio Media- နောင်ချို ဂုတ်တွင်းရဲကင်းအား မဟာမိတ်တပ်ဖွဲ့ဝင်များဝင်ရောက်ပစ်ခတ်ထားပုံ

သျှမ်းပြည်နယ် မြောက်ပိုင်း တွင် မြန်မာ့တပ်မတော် ဘက်မှ ထိုးစစ်ဆင်မှု များလာပြီး တိုက်ပွဲ ပိုမို ပြင်းထန်လာသဖြင့် ခုခံကာကွယ်သည့် ပုံစံဖြင့် နေရာ ၅နေရာ ကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု တားအိုက်ကျော်က ပြောသည်။

“ တပ်ဘက်က ထိုးစစ်တွေ တော်တော်များလာတယ်။ တိုက်ပွဲတွေကို ပိုပြီး ပြင်ထန်းလာတဲ့အတွက် ကျနော်တို့ လှုပ်ရှားမှု နေရာမှာ တော်တော်လေးကြပ်လာတယ်။ ကျနော်တို့ခုခံကာကွယ် စစ်ပုံစံနဲ့ လုပ်တာဖြစ်တယ်” ဟု တားအိုက်ကျော် က ဆိုသည်။

ပြင်ဦးလွင် မြို့နယ် ရှိ တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) ကို ယနေ့ မနက် ၅နာရီ ၄၀မိနစ်တွင် လက်နက်ကြီးဖြင့် ပစ်ခံရပြီး ကျောင်းတွင်း တာဝန်ထမ်းဆောင်သည့် အရပ်သားတဦး သေဆုံးခဲ့ပြီး၊ စစ်သားတဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု သိရသည်။

ဆက်လက်ပြီး နောင်ချို မြို့ အထွက် Oriental Highway (အေးရှာဝေါလ်) တိုးဂိတ် တွင်လည်း ဝင်ရောက် တိုက်ခိုက်ပြီး၊ နောင်ချိုမူးယစ်ဂိတ် ကိုလည်း မီးရှို့ ခဲ့ကြောင်း၊ ထို့ပြင် နောင်ချို ဂုတ်တွင်း တံတား ကိုလည်း ကားများဖြတ်သန်းသွားမှု မရအောင် ဗုံးခွဲခဲ့သည်ဟု နောင်ချိုဒေသခံ များက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo Credit to Lashio Media- နောင်ချိုဂုတ်တွင်းတံတား မိုင်းခွဲခံရပုံ

“ တိုက်ပွဲက အခုထိဆက်ဖြစ်နေတုန်းပဲ။ အေးရှားဝေါလ် တိုးဂိတ်နားကို နေရာယူထားတယ်။ ဝန်ထမ်းတွေကိုလည်း ဖမ်းထားတယ်။ မူးယစ် ဂိတ်ကို မီးရှို့ထားတယ်။ ဆေးရုံမှာ ထိခိုက်ဒဏ်ရာရ တဲ့သူ ၁၄၊ ၁၅ ယောက်ရှိတယ်” ဟု နောင်ချိုမြို့ဒေသခံ စိုင်းအောင်လွင် က သို့ ပြောသည်။

လက်ရှိ အချိန်ထိ တိုက်ပွဲများ ဆက်လက် တင်းမာနေသဖြင့် ထိခိုက်ဒဏ်ရာ ရရှိသည့် လူနာများ တချို့တိုက်ပွဲအတွင်း ပိတ်မိနေသေးကြောင်း၊ နောင်ချိုဆေးရုံ အနီးတွင်လည်း သေနတ်လာရောက် ပစ်သဖြင့် ဆေးရုံတက် လူနာများထိတ်လန့်နေရကြောင်း နောင်ချိုမြို့နယ် SNLD ပါတီ စိုင်းအောင်လွင် က ပြောသည်။

“ ခုဏက ကျနော် ဆေးရုံသွားကြည့်သေးတယ်။ ထိခိုက်ဒဏ်ရာ လူနာ ၁၄၊ ၁၅ယောက်ရှိတယ်။ အခုထိ ဒဏ်ရာရတဲ့သူ ထုတ်လို့ မရသေးတာ ရှိသေးတယ်။ အတိအကျ တော့ပြောမရသေးဘူး။ ခဏက ဆေးရုံနား သေနတ်သံကြားရလို့ လူနာတွေ ထိတ်လန့်နေကြတယ်” စိုင်းအောင်လွင် ကဆိုသည်။

လက်ရှိ မှာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ထိခိုက်ဒဏ်ရာရသည့် လူဦးရေ အတိအကျ မသိရသေးကြောင်း၊ တိုက်ပွဲဖြစ်ပွားနေသဖြင့် လူနာများလည်း ပြင်ဦးလွင် ဆေးရုံသို့ ပို့ဆောင်ရန် ခက်ခဲနေသည်။

“ဒဏ်ရာရတဲ့သူ ပြင်ဦးလွင် ဆေးရုံပို့ လို့ မရသေးဘူး။ ကျောက်မဲဘက်ရော ပြင်ဦးလွင်ဘက်ရော သွားလို့ မရသေးဘူး” ဟု စိုင်းအောင်လွင် က ပြောသည်။

ယနေ့ မနက် ဖြစ်ပွားသည့်တိုက်ပွဲကြောင့် နောင်ချိုအေးရှာဝေါလ် တိုးဂိတ် အနီးတွင် ဆိုင်ဖွင့်သည့် ပြည်သူ တဦး ဒဏ်ရာရရှိခဲ့သည်။

“ ကျနော်သူငယ်ချင်း တယောက် ဒီနေ့ မနက် အစောပိုင်း သေနတ်သံ ကြားတယ်ဆိုပြီ တံခါးဖွင့် ကြည့်လိုက်တာ သေနတ်ပစ်ခံရတယ်။ အခု နောင်ချို ဆေးရုံ ရောက်နေတယ်။ နောင်ချိုမှာတော့ ဘယ်သူမှ အိမ်ထဲကနေ ဘယ်သူမှ မထွက်ရဲကြဘူး ” ဟုလည်း စိုင်းအောင်လွင် က ထပ်လောင်းပြောသည်။

မြန်မာ အစိုးရ တပ်မတော် အနေဖြင့် ဇူလိုင် ၁ ရက် မှ သြဂုတ် ၃၁ ရက်အထိ တိုင်းစစ်ဌာနချုပ် ၅တိုင်း ကို စစ်ရေး လှုပ်ရှားမှု ထပ်မံ ရပ်ဆိုင်ခဲ့သည်။

သို့သော် သြဂုတ် လဆန်း မှ စတင်က သျှမ်းပြည်နယ် မြောက်ပိုင်း အတွင်း မြန်မာ့ တပ်မတော် မှ TNLA နှင့် သျှမ်းပြည်နယ် တိုးတက်ရေး ပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA) တို့အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...