Wednesday, January 28, 2026

ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၅ ခု ကို ညီနောင် ၃ တပ် ပေါင်းတိုက်

သျှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ နှင့် ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) အပါ အဝင် နေရာ ၅ ခုကို သြဂုတ် ၁၅ ရက် မနက် ၅ နာရီမှ စတင်ကာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက် ရေးတပ် မတော် (TNLA) နှင့် ညီနောင် မဟာမိတ်တို့ပူးပေါင်း စစ်ဆင်ရေး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Photo Credit to Myo Thant Aung- နောင်ချို မြို့ အထွက် Oriental Highway (အေးရှာဝေါလ်) တိုးဂိတ်အနီးရှိ မူးယစ်ဂိတ်အား မဟာမိတ်တပ်ဖွဲ့ဝင်များဝင်ရောက်ပစ်ခတ်ထားပုံ

ယနေ့ TNLA နှင့် ညီနောင် မဟာမိတ်ဖြစ်သည့် ကိုးကန့် ( MNDAA) တပ်၊ ရက္ခိုင့်( AA) တို့ပူးပေါင်းပြီး သျှမ်းပြည်နယ်မြောက်ပိုင်းနောင်ချို တွင် ၃ နေရာ၊ ပြင်ဦးလွင် တွင် ၂နေရာ ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေး ကြောင့် ညီနောင်မဟာမိတ် ၃ဖွဲ့ နှင့် မြန်မာအစိုးရတပ်မတော်တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားကာ ပြည်သူများ ထိခိုက်ဒဏ်ရာ များစွာ ရရှိခဲ့သည် ဟု နောင်ချိုဒေသခံများ ပြောပြချက် အရ သိရသည်။

“ မနက်မှာတော့ တိုက်ပွဲ ၅နေရာဖြစ်တယ်။ ၂ နေရာက ပြင်ဦးလွင်၊ ၃ နေရာကတော့ နောင်ချို ဘက်မှာ ဖြစ်တယ်။ ပြင်ဦးလွင် ဘက်က DSTA၊ မြို့ရှောင်လမ်းမှာဖြစ်တယ်။ နောင်ချို က တိုးဂိတ်မှာ တနေရာ၊ ဂုတ်တွင်း နားတနေရာပါ” ဟု TNLA ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် တားအိုက်ကျော် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

Photo Credit to Lashio Media- နောင်ချို ဂုတ်တွင်းရဲကင်းအား မဟာမိတ်တပ်ဖွဲ့ဝင်များဝင်ရောက်ပစ်ခတ်ထားပုံ

သျှမ်းပြည်နယ် မြောက်ပိုင်း တွင် မြန်မာ့တပ်မတော် ဘက်မှ ထိုးစစ်ဆင်မှု များလာပြီး တိုက်ပွဲ ပိုမို ပြင်းထန်လာသဖြင့် ခုခံကာကွယ်သည့် ပုံစံဖြင့် နေရာ ၅နေရာ ကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု တားအိုက်ကျော်က ပြောသည်။

“ တပ်ဘက်က ထိုးစစ်တွေ တော်တော်များလာတယ်။ တိုက်ပွဲတွေကို ပိုပြီး ပြင်ထန်းလာတဲ့အတွက် ကျနော်တို့ လှုပ်ရှားမှု နေရာမှာ တော်တော်လေးကြပ်လာတယ်။ ကျနော်တို့ခုခံကာကွယ် စစ်ပုံစံနဲ့ လုပ်တာဖြစ်တယ်” ဟု တားအိုက်ကျော် က ဆိုသည်။

ပြင်ဦးလွင် မြို့နယ် ရှိ တပ်မတော် နည်းပညာ တက္ကသိုလ် (DSTA) ကို ယနေ့ မနက် ၅နာရီ ၄၀မိနစ်တွင် လက်နက်ကြီးဖြင့် ပစ်ခံရပြီး ကျောင်းတွင်း တာဝန်ထမ်းဆောင်သည့် အရပ်သားတဦး သေဆုံးခဲ့ပြီး၊ စစ်သားတဦး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု သိရသည်။

ဆက်လက်ပြီး နောင်ချို မြို့ အထွက် Oriental Highway (အေးရှာဝေါလ်) တိုးဂိတ် တွင်လည်း ဝင်ရောက် တိုက်ခိုက်ပြီး၊ နောင်ချိုမူးယစ်ဂိတ် ကိုလည်း မီးရှို့ ခဲ့ကြောင်း၊ ထို့ပြင် နောင်ချို ဂုတ်တွင်း တံတား ကိုလည်း ကားများဖြတ်သန်းသွားမှု မရအောင် ဗုံးခွဲခဲ့သည်ဟု နောင်ချိုဒေသခံ များက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo Credit to Lashio Media- နောင်ချိုဂုတ်တွင်းတံတား မိုင်းခွဲခံရပုံ

“ တိုက်ပွဲက အခုထိဆက်ဖြစ်နေတုန်းပဲ။ အေးရှားဝေါလ် တိုးဂိတ်နားကို နေရာယူထားတယ်။ ဝန်ထမ်းတွေကိုလည်း ဖမ်းထားတယ်။ မူးယစ် ဂိတ်ကို မီးရှို့ထားတယ်။ ဆေးရုံမှာ ထိခိုက်ဒဏ်ရာရ တဲ့သူ ၁၄၊ ၁၅ ယောက်ရှိတယ်” ဟု နောင်ချိုမြို့ဒေသခံ စိုင်းအောင်လွင် က သို့ ပြောသည်။

လက်ရှိ အချိန်ထိ တိုက်ပွဲများ ဆက်လက် တင်းမာနေသဖြင့် ထိခိုက်ဒဏ်ရာ ရရှိသည့် လူနာများ တချို့တိုက်ပွဲအတွင်း ပိတ်မိနေသေးကြောင်း၊ နောင်ချိုဆေးရုံ အနီးတွင်လည်း သေနတ်လာရောက် ပစ်သဖြင့် ဆေးရုံတက် လူနာများထိတ်လန့်နေရကြောင်း နောင်ချိုမြို့နယ် SNLD ပါတီ စိုင်းအောင်လွင် က ပြောသည်။

“ ခုဏက ကျနော် ဆေးရုံသွားကြည့်သေးတယ်။ ထိခိုက်ဒဏ်ရာ လူနာ ၁၄၊ ၁၅ယောက်ရှိတယ်။ အခုထိ ဒဏ်ရာရတဲ့သူ ထုတ်လို့ မရသေးတာ ရှိသေးတယ်။ အတိအကျ တော့ပြောမရသေးဘူး။ ခဏက ဆေးရုံနား သေနတ်သံကြားရလို့ လူနာတွေ ထိတ်လန့်နေကြတယ်” စိုင်းအောင်လွင် ကဆိုသည်။

လက်ရှိ မှာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ထိခိုက်ဒဏ်ရာရသည့် လူဦးရေ အတိအကျ မသိရသေးကြောင်း၊ တိုက်ပွဲဖြစ်ပွားနေသဖြင့် လူနာများလည်း ပြင်ဦးလွင် ဆေးရုံသို့ ပို့ဆောင်ရန် ခက်ခဲနေသည်။

“ဒဏ်ရာရတဲ့သူ ပြင်ဦးလွင် ဆေးရုံပို့ လို့ မရသေးဘူး။ ကျောက်မဲဘက်ရော ပြင်ဦးလွင်ဘက်ရော သွားလို့ မရသေးဘူး” ဟု စိုင်းအောင်လွင် က ပြောသည်။

ယနေ့ မနက် ဖြစ်ပွားသည့်တိုက်ပွဲကြောင့် နောင်ချိုအေးရှာဝေါလ် တိုးဂိတ် အနီးတွင် ဆိုင်ဖွင့်သည့် ပြည်သူ တဦး ဒဏ်ရာရရှိခဲ့သည်။

“ ကျနော်သူငယ်ချင်း တယောက် ဒီနေ့ မနက် အစောပိုင်း သေနတ်သံ ကြားတယ်ဆိုပြီ တံခါးဖွင့် ကြည့်လိုက်တာ သေနတ်ပစ်ခံရတယ်။ အခု နောင်ချို ဆေးရုံ ရောက်နေတယ်။ နောင်ချိုမှာတော့ ဘယ်သူမှ အိမ်ထဲကနေ ဘယ်သူမှ မထွက်ရဲကြဘူး ” ဟုလည်း စိုင်းအောင်လွင် က ထပ်လောင်းပြောသည်။

မြန်မာ အစိုးရ တပ်မတော် အနေဖြင့် ဇူလိုင် ၁ ရက် မှ သြဂုတ် ၃၁ ရက်အထိ တိုင်းစစ်ဌာနချုပ် ၅တိုင်း ကို စစ်ရေး လှုပ်ရှားမှု ထပ်မံ ရပ်ဆိုင်ခဲ့သည်။

သို့သော် သြဂုတ် လဆန်း မှ စတင်က သျှမ်းပြည်နယ် မြောက်ပိုင်း အတွင်း မြန်မာ့ တပ်မတော် မှ TNLA နှင့် သျှမ်းပြည်နယ် တိုးတက်ရေး ပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA) တို့အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...