သျှမ်းလူငယ်ကွန်ယက် TYN မှ လူငယ် တထောင်ခန့် ရ၁ နှစ်မြောက်သျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးကင်းဝေးရေး ၈ ကြိမ်မြောက်တောင်တက်

သျှမ်းပြည်နှင့်အဝှမ်း လူငယ်များအပြင် ရန်ကုန်၊ မန္တလေးနှင့်ကချင်ပြည်နယ်ရှိ သျှမ်းလူငယ်ကွန်ယက်မှ လူငယ်အဖွဲ့ဝင် ထောင်ဂဏန်းက မူးယစ်ဆေးဝါးကင်းစင်ရေး ၊ သဘာဝထိန်းသိမ်းရေးလှုပ်ရှားမှုအဖြစ် သမိုင်းဝင် မွေတော်ဟိုလိန်းဘုရားရှိရာ တောင်ပေါ်သို့ စုပေါင်းတက်ကြသည်ဟု သိရသည်။

သျှမ်းလူငယ် ကွန်ယက်အဖွဲ့ဝင် မြို့နယ် ၂၇ ခုမှ သျှမ်းလူငယ် တထောင်နီးပါးက ဖေဖော်ဝါရီလ ၁၈ ရက်နေ့က သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် ပျက်ကန့်အုပ်စု အမြင့်ပေ ၁၀၉၀ ပေရှိမွေတော်ဟိုလိန်းစေတီတော် တည်ရှိရာတောင်အား တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

“၇၁ နှစ်ပြည် သျှမ်းပြည်အမျိုးသားနေ့အထိမ်းအမှတ်အနေနဲ့ပါ။ ကျနော်တို့ လူငယ်တွေအနေနဲ့ ဒီတောင်ကိုတက်ရခြင်းကနေရရှိတဲ့အကျိုးကျေးဇူးတွေကတော့ သဘာဝပတ်ဝန်းကျင် ကိုလေ့လာခွင့်ရခဲ့တယ်။ သစ်ပင်သစ်တောဖျက်ဆီးမှုကြောင့်ရရှိတဲ့အကျိုးကျေးဇူး တွေကိုလေ့လာခွင့်ရခဲ့တယ်။ သျှမ်းလူငယ်တွေ စုပေါင်းညီညွတ်မှုအင်အားကိုရရှိခဲ့တယ်။ အမျိုးသားရေးအတွက်ဘာတွေ လက်တွဲဆောင်ရွက်ရသလဲ ဆိုတာကိုလည်း သိရှိခဲ့ရတယ်။ ဒေသတွင်းလူထုကလည်း ကျနော်တို့ကို ကောင်းမွန်စွာ ဂရုစိုက်ပါတယ် ။ ”- ဟု TYN သျှမ်းလူငယ်ကွန်ယက်ပြောခွင့်ရစိုင်းဆုကပြောသည်။

အဆိုပါ တောင်တက်ခြင်းလှုပ်ရှားမှုတွင် ဘာသာစာပေအကြောင်းနှင့် အမျိုးသားရေးအကြောင်း ဟောပြောမှုလည်းရှိခဲ့ကြောင်း ဆိုပါသည်။

“၁၉ ရက်နေ့ မှာတော့ တောင်တက်လူငယ်တွေဟာ ကာလိမြို့နယ်ခွဲ လွယ်တိုင်းလီ မှာပြုလုပ်တဲ့ ဟောပြောပွဲကိုလာရောက်နားထောင်တယ်။ အဲဒီမှာ စာရေးဆရာ ခူးဟင်းကာယန်းက အမျိုးသားရေး ၊နိုင်ငံရေးအကြောင်း၊ စလေးကော်မိန်းက ဘာသာစကားနဲ့စာပေယဉ်ကျေးမှုအကြောင်း ဟောပြောပါတယ်။ ”- ဟု စိုင်ဆုကပြောသည်။

စာပေဟောပြောပွဲကျင်းပသော ကွန်ဟိန်းမြို့နယ် ကာလိမြို့ လွယ်တိုင်းလီမှာ တောင်ကြီးမြို့ အရှေ့ဘက် ၁၄၉ မိုင်အကွာတွင်ရှိပြီး မွေတော်ဟိုလိန်းမှာ ကာလိ မြို့အရှေ့ဘက် သံလွင်မြစ်ကူးတို့ဆိပ်မှ အထက်ဘက်သို့ ၁ နာရီခန့်အကြာစက်လှေစီးမှ သာရောက်ရှိကြောင်းသိရပါသည်။

မူးယစ်ဆေးဝါးကင်းဝေးစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လူငယ်များ ချစ်ခင်စည်းလုံးမှုရရှိရေးအတွက်ရည်ရွယ်ကာ သျှမ်းလူငယ်ကွန်ယက် TYN က တောင်တက်လှုပ်ရှားမှုများ ပြုလုပ်လာသည်မှာ ယခုတကြိမ်အပါအဝင် ၈ ကြိမ်မြောက်ရှိပြီဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...