တာချီလိတ် အတွင်း ပိုင်ရှင်မဲ့ မူးယစ်ဆေး ကျပ်သိန်း ၄ သောင်းကျော်နှင့် လက်နက်များ သိမ်းဆည်းရမိ

တာချီလိတ်မြို့နယ် အတွင်း ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး တန်ဖိုး ကျပ်ငွေ သိန်း ၄ သောင်းကျော် နှင့် လက်နက်များ သိမ်းဆည်း ရကြာင်း သတင်းရရှိသည်။

Photo Credit to Ye Zar Ni Facebook

တာချီ်လိတ်မြို့နယ် ပါခါးကျေးရွာရှိ ရေမြောင်းအနီး၌ ဇွန် ၁၄ ရက် နေ့လည် ၃နာရီ တွင် မူးယစ်ဆေးဝါး တာလပတ်စ/သစ်ကိုင်းများဖြင့် ဖုံးကွယ်ထားသည့် မသင်္ကာဖွယ် ဆာလာအိတ် ၂၁ အိတ်ကို စစ်ဆေးရာ စိတ်ကြွဆေးပြား ၄၂.၅၄ သိန်းပြား(၁ ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးကျပ် ၄၂,၅၄၀ သိန်း)၊ စိတ်ကြွဆေးမှုန့် ၁.၉ ကီလို(၁ ကီလိုလျှင်ကျပ် ၁၀၀ သိန်းနှုန်းဖြင့် တန်ဖိုးကျပ် ၁၉၀ သိန်း)၊ ကတ်တမင်း ၉၀၀ ဂရမ်(၁ ဂရမ်လျှင် ၁၀,၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးကျပ် ၉၀ သိန်း)၊ ဘိန်းညိုမှုန့် ၅ ကီလို(၁ ကီလိုလျှင် ကျပ်သိန်း ၁၂၀ နှုန်းဖြင့် တန်ဖိုးကျပ် ၆၀၀ သိန်း)တို့ကို တပ်မတော်နှင့် မြန်မာ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။

ထိုပြင် သေနတ် အမျိုးအစား အစုံ ၉ လက်၊ ကျည်အိမ် ၈ ခု၊ ခဲယမ်းမျိုးစုံ ၁၉,၂၇၉ တောင့်၊ စကားပြောစက် ၄ လုံးတို့အားပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

Photo Credit to Ye Zar Ni Facebook

ထို့နည်းတူ ဇွန်လ ၁၄ ရက် နေလည် ၁ နာရီခန့် တွင် လည်း တာချီလိတ်မြို့နယ်၊ ရေပူစမ်းကျေးရွာအနီးရှိ ၁ ထပ်တိုက် ကို မသင်္ကာ၍ ဝင်ရောက်ရှင်းလင်းရာ ဘိန်းဖြူ ၅.၃ ကီလို ( ၁ ကီလိုလျှင် ကျပ် ၁၆၀ သိန်းနှုန်းဖြင့် တန်ဖိုးကျပ် ၈၄၈ သိန်း)နှင့် မူးယစ်ဆေးဝါးပြုလုပ်ရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

တာချီလိတ်မြို့ အွန်လိုင်းလောင်းကစားရုံ စီးနင်းခံရ၊ နိုင်ငံခြားသား ၅၀ ဦးခန့် ဖမ်းဆီးရမိ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အွန်လိုင်း လောင်းကစားရုံတစ်ခု ဝင်ရောက်စီးနင်းခံရပြီး နိုင်ငံခြားသား ၅၀ ဦးခန့် နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သိရသည်။ ယမန်နေ့ (ဧပြီလ ၂ ရက်) နေ့လယ်ပိုင်းတွင် တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ (Regina)ဟိုတယ်ကို စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ တာဝန်ရှိသူများက...

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...