Wednesday, January 28, 2026

သျှမ်းမြောက်တွင် မတရားအသင်း ၁၇(၁) ဖြင့် တရားစွဲဆိုခံရသူ ၁၄ ဦး ရှိ

သျှမ်းပြည် မြောက်ပိုင်း တွင် မတရားအသင်း နှင့် ဆက်သွယ်သည့် ပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံရသူ ၁၄ဦး ရှိကြောင်း သျှမ်းပြည် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် က ပြောကြားလိုက်သည်။

ကျောက်မဲ မဲဆန္ဒနယ် အမှတ်(၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်

ဇွန် ၁၀ ရက်နေ့ ၂၀၁၉ ယမန်နေ့က ကျင်းပသည့် ဒုတိယ အကြိမ် သျှမ်းပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန် အစည်းအဝေး တွင် ကျောက်မဲ မဲဆန္ဒနယ် အမှတ်(၂) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် ၏ “ သျှမ်းပြည် မြောက်ပိုင်း အတွင်း မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နှင့် အမှု ရင်ဆိုင် နေရသည့် အမှု နှင့် တရားခံ အရေး အတွက် သိရှိလိုကြောင်း ကြယ်ပွင့်ပြမေးခွန်း” ကို တရားသူကြီး ချုပ် ဦးကြွယ်ကြွယ် မှ ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် တွင် မတရားအသင်း ဆက်သွယ် မှု ၁မှု နှင့် တရားခံ ၁ ဦး၊ လားရှိုးမြို့နယ် တွင် ၃ မှု နှင့် တရားခံ ၅ ဦး၊ ကျောက်မဲမြို့နယ်တွင် ရ မှု နှင့် တရားခံ ၈ ဦး ရှိကြောင်း၊ စုစုပေါင်း တရားစွဲဆို ခံထား ရသူ ၁၄ ဦး ရှိပြီး၊ အမှုပေါင်း ၁၁ မှု ရှိသည် ဟု ဦးကြွယ်ကြွယ် က ဖြေကြားခဲ့သည်။

သျှမ်းပြည် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်

ပလောင် နှင့် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသများတွင် ၁၇(၁) ၊ ၁၇ (၂) ဖြင့် တရားစွဲဆိုခံထားရသူ မရှိကြောင်း လည်း ဦးကြွယ်ကြွယ်က ပြောကြားခဲ့သည်။

သျှမ်းပြည် မြောက်ပိုင်း ဒေသသည် လက်နက်ကိုင် များ သွားလာလှုပ်ရှားနေသည့် နေရာ ဒေသဖြစ်ပြီး၊ လက်နက်ကိုင်များကို အရပ်သားပြည်သူများအနေဖြင့် မလွန်ဆန်နိုင်သည့် အတွက် ဆက်ဆံနေရကြောင်း၊ အရပ်သားပြည်သူများကို လက်နက်ကိုင် အဖွဲ့အစည်းနှင့် ဆက်သွယ် ၊ထောက်ပံ့၊ကူညီနေသည် ဟုဆိုကာ သက်ဆိုင်ရာ ရဲစခန်းများကို လွှဲအပ်ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ၁၇(၁) နှင့် တရားစွဲနေသည် မှာ များစွာ ရှိကြောင်း ဦးစိုင်းထွန်းဉာဏ် က ပြောသည်။

ယခု အချိန်သည် တိုင်းရင်းသားများ အားလုံး ငြိမ်းချမ်းရေး ကို ကြိုးစားတည်ဆော်ကနေရသည့် အချိန် ကာလဖြစ်ပြီး ၊ စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ကို တည်ဆောက်နေရသည့် ကာလဖြစ်သည့်အတွက် ၁၇(၁) နှင့် တရားစွဲဆိုနေခြင်းကို လွှတ်တော် ကိုယ်စားလှယ် အနေဖြင့် အထူး စိုးရိမ်ကြောင်းလည်း ဦးစိုင်းထွန်းဉာဏ် က ပြောကြားသည်။

ယခု နှစ် ဧပြီ ၂၆ ရက်ကလည်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်ဟူးတောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းတင်ချိုသည် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် သျှမ်းပြည် တိုးတက်ရေး ပါတီ(SSPP) အတွက် ငွေကြေး ကောက်ခံပေးနေသည် ဟု ဆိုကာ အစိုးရ တပ်မတော် မှ ဖမ်းဆီးကာ ၁၇(၁) ဖြင့် တရားစွဲဆိုထားပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖုန်းအသုံးပြုသည့် သီပေါဒေသခံ (၄၀)ကျော် TNLA ဖမ်းဆီး

0
သျှမ်းပြည် သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဒေသခံအရွယ်စုံ (၄၀) ဦးထက်မနည်းကို ဖုန်းအသုံးပြုသည့် အကြောင်းပြချက်ဖြင့် TNLA တပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ပထမပတ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်တွင် တားမြစ်ထားသည့်ကြားက ဖုန်းပြောဆို ဆက်သွယ်သည်ဟုဆိုကာ စံဖိတ်ကျေးရွာရှိ ဒေသခံ အရွယ်စုံ...

ရွာငံသို့ ခရီးသွားများထံမှ စစ်ကောင်စီ ဂိတ်ငွေတောင်း မပေးလျှင် ဖမ်းဆီး

0
ရွာငံသို့လာရောက်လည်ပတ်ကြသည့် ခရီးသွားများထံမှ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ငွေတောင်းပြီး မပေးရင် ဖမ်းဆီးမှုတွေ ပြုလုပ်နေကြောင်း ခရီးသွားများပြောပြချက်အရသိရသည်။ သျှမ်းတောင်၊ ရွာငံမြို့နယ်ရှိ ဂဏန်းကျရေတံခွန်၊ ရေပြာအိုင်၊ ရေပြာစမ်းနှင့် အခြားသော သဘာဝ ရှု့ခင်းများဆီသို့လာရောက်လည်ပတ်ကြသည့် အနယ်အနယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များကို ပင်းတယ ကျုံး ဂိတ်နှင့် ရွာငံမြင်းကျဒိုး စစ်ကောင်စီ ဂိတ်တို့တွင်...

စစ်ကောင်စီ ဖမ်းသွားသည့် ရွာငံ ပြည်သူများ ယနေ့ထိ အဆက်အသွယ် မရသေး

0
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်မှ စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သားများ ယနေ့ အထိ အဆက်အသွယ်မရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက်တွင် စစ်ကောင်စီမှ ဖမ်းဆီးသွားသည့် ရွာငံမြို့နယ် ကျောက်ဂူပြင်ကျေးရွာမှ အရပ်သား ၉ ဦးသည် ယနေ့ အထိ အဆက်အသွယ်မရကြသေး သဖြင့်...

ကျောက်မဲမြို့နယ်အတွင်း ဒေသခံများကို TNLA တပ်ဖွဲ့က လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းသိရသည်။ ယမန်နေ့ မတ်လ ၂၈ ရက်နေ့ နံနက် ၂ နာရီခွဲဝန်းကျင်တွင် ကျောက်မဲမြို့နယ် ခိုမုန်းကျေးရွာအုပ်စု နမ့်ဟူးကျေးရွာ အတွင်းသို့...

သား စိုင်းစံလှ ထံ ဖခင်ဖြစ်သူရေးတဲ့ ပေးစာ …

0
"မမေ့နိုင်" သားတစ်ယောက်ဘဝ တိုးတက်ရေးအတွက် မိဘက အလုပ်တွေ ဘယ်လောက်ဘဲ ခက်ခဲလုပ်ရပါစေ မောတယ်ပန်းတယ်ကိုမရှိပါဘူးသားရယ်။ ဒီလို နိုင်ငံရေး ရှုပ်ထွေးနေချိန် ခရီးမထွက်ဖို့ အဖေ နဲ့ အမေ က သားကို သတိပေးတားခဲ့ပါသေးတယ်။ အဲ့နေ့က ည (၈) နာရီခွဲ အချိန် မထင်မှတ်ဘဲ ဖုန်းဝင်လာလို့ လက်ခံနားထောင်လိုက်ချိန် တဖက်လူက...