Wednesday, January 28, 2026

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိခိုက်နိုင်သဖြင့် ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် လက်နက်ကိုင် ၁၀ဖွဲ့ စည်းဝေး ပိတ်ပင်ခံရ

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်နိုင်သဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်တွင်ပြုလုပ်သည့် လက်နက်ကိုင် ၁၀ ဖွဲ့ ထိပ်သီးအစည်းအဝေး ပိတ်ပင်ခံရကြောင်း သတင်းရရှိသည်။

Photo by – NCA-S EAO/ယမန်နှစ်က ကျင်းပသော PPST အစည်းအဝေးပုံ

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘာတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက် နက်ကိုင် ၁၀ ဖွဲ့ ကိုယ်စားလှယ်များ၏ အစည်းအဝေးကို ထိုင်းနိုင်ငံ အာဏာပိုင်များက ကန့်ကွက်လိုက်သဖြင့် အစည်းအဝေး ပိတ်ပင်လိုက်ရကြောင်းသိရသည်။

NCA လက်မှတ်ထိုးပြီးသည့် ၃ နှစ်ကျော် ကာလ အတွင်း တိုင်းရင်းသားလက်နက်ကိုင်၏ အစည်းအဝေးကို ပထမဆုံး အကြိမ် ကန့်ကွက် ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ထို ကန့်ကွက်မှုသည် မြန်မာ အစိုးရဘက် မှ ဗိုလ်မှူးချုပ် ခင်ဇော် လက်မှတ်ရေးထိုးကာ ထိုင်းတပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး နိုင်ငံခြား ဆက်ဆံရေး ဌာနခွဲ ကို ဇွန် ရ ရက်စွဲဖြင့် ပေးပို့ခဲ့သည်။

“ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ က PPST နဲ့ ပတ်သတ်ပြီး ဆွေးနွေးဖို့ လုပ်နေတဲ့ ရက်ပါ။ အဓိကတော့ ဒီ အစည်းအဝေးမှာ NCA လက်မှတ်ထိုးတဲ့အဖွဲ့ပဲ မဟုတ်ဘူး။ လက်မှတ်မထိုးရသေးတဲ့အဖွဲ့လည်း ပါတယ်။ မြန်မာ အစိုးရ လုပ်နေတဲ့ ငြိမ်းချမ်းရေးကို ထိခိုက်နို်ငတယ်။ ဒါကြောင့် ပိတ်ပေးဖို့ တောင်းဆိုတယ်လို့ ပြောပါတယ်” ဟု  PPST ၏ အကြံပေး ပုဂ္ဂိုလ် ဦးခွန်စိုင်းက ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် ကော်မတီ PPST ကို ဖျက်သိမ်းခြင်း၊ ဆက်လက်တည်ရှိခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေး မည့် အစည်းအဝေးနေ့ ကို ပိတ်ပင်ခံရခြင်းဖြစ်ကြောင်း၊ ထို PPST ဆွေးနွေးမှုကို ခေတ္တရပ်ဆိုင်းလိုက်ရကြောင်း ဦးခွန်စိုင်းက ပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင် တွင် တိုင်းရင်းသား လက်နက်ကိုင် အပစ်ရပ် ၁၀ ဖွဲ့ သည် ဇွန် ၅ ရက်နေ့မှ ရ ရက်နေ့ထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်တန့်မှု အပေါ် အစိုးရ နှင့် အဖြေရှာ ဆွေးနွေးနိုင်ရေး ကို ဘုံသဘောတူညီမှု ရခဲ့ကြောင်းသိရသည်။

ဇွန် ၈ ရက်မှ ၉ ရက်ထိ PPST နှင့် ပတ်သက်ပြီး ဆွေးနွေးမည်ကို ဆက်လက် မဆွေးနွေးခဲ့ရပေ။

နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ၂၀၂၀ ခုနှစ်နောက်ပိုင်း ထပ်ဖြစ်နိုင် ၊ မဖြစ်နိုင် မသေချာသေးကြောင်း၊ မြန်မာ အစိုးရ အနေဖြင့် ၂၀၂၀ နောက်ပိုင်း ဆွေးနွေးပွဲကို ဆက်ရှိမည်ဟု ပြောဆိုခဲ့သော်လည်း မြန်မာ့တပ်မတော် ဘက် မှ ၂၀၂၀  နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲ ပြီးဆုံးမည် ဟုလည်း ကြားသိရသည်။

“ ၂၀၂၀ နောက်ပိုင်း ကို အားလုံးအတွက် စိတ်ပူရတယ်။ မြန်မာအစိုးရ နှင့် မြန်မာ တပ်မတော် အနေနဲ့ ပွင့်ပွင့်လင်းလင်းရှိဖို့လိုတယ်” ဟု RCSS/SSA အကြံပေး ဦးခွန်စိုင်း ကပြောသည်။

ထိုင်းနိုင်ငံ ချင်းမိုင်တွင် ကျင်းပသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ဖွဲ့ အစည်းအဝေးကို ထိုင်းအာဏာပိုင်ဘက်မှ ပိတ်ပင်ခြင်း မရှိခဲ့ကြောင်း၊ သို့သော် ထိုင်းနိုင်ငံ ချင်းမိုင် တွင် ပြုလုည်မည့် သျှမ်းပြည် ညီညွတ်ရေး ပါတီ (CSSU) အစည်းအဝေး တကြိမ် ပိတ်ခံ ခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

NCA ကို ဆက်လက်ကိုင်စွဲမည်ဟု RCSS ပြော

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ၏ (၆) လပတ် အဖွဲ့အစည်းမှ ဆုံးဖြတ်ချက်အရ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA) စာချုပ်ကို ဆက်လက် စွဲကိုင်ထားကြောင်း သတင်းရရှိသည်။ . အဆိုပါ အစည်းအဝေးကို သြဂုတ် (၁၈- ၂၀) ရက်ထိ ဗဟိုဌာနချုပ်ရှိရာ...

PPST အဖွဲ့ဝင် ၅ ဖွဲ့ စစ်ကောင်စီ နှင့် သွားရောက်တွေ့ဆုံမည်

0
ငြိမ်းချမ်းရေး လုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် NCA-S EAO (၅) ဖွဲ့သည် စစ်ကောင်စီ လက်အောက်ခံ အမျိုးသား စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း...

PPST အဖွဲ့ဝင်များ စစ်ကောင်စီ လက်အောက်ခံ NSPNC ဆိုင်ရာ ကိစ္စရပ်ဆွေးနွေးမည်

0
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် NCA-S-EAO (၇) ဖွဲ့သည် အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီ (NSPNC) ဆိုင်ရာကို ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု စုံစမ်းသိရသည်။ အဆိုပါ...

PPST အဖွဲ့ဝင် အချင်းချင်း ဘာကြောင့် တိုက်ပွဲဖြစ်နေရတာလဲ

0
သျှမ်းပြည် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်းမှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA ရေးထိုးထားတဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့...

စစ်ကောင်စီကြောင့် အရှိန်ရနေသည့် ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များ ရပ်ဆိုင်းရဟု PPST ပြော

0
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး နိုင်ငံတော် အာဏာသိမ်းယူလိုက်သည့် စစ်ကောင်စီကြောင့် အရှိန်ရနေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ရပ်ဆိုင်းရသည့်အကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်မှုကော်မတီ (PPST) က ပြောသည်။ NCA စာချုပ်ကို အခြေခံပြီး လုပ်ဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များသည် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲကြောင့်...