Wednesday, January 28, 2026

သျှမ်း/အရှေ့မိုင်းယောင်းတွင် တရားမဝင် တရုတ် ၄ ဦး ဖမ်းဆီးရမိ

သျှမ်းပြည် အရှေ့ပိုင်း  မိုင်းယောင်းမြို့နယ်တွင် တရားမဝင် ခိုးဝင် လာသည့် တရုတ်နိုင်ငံသား ၄ ဦး ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

Photo Credit to myanmaalinn- မိုင်းယောင်းမြို့နယ်တွင် ဖမ်းဆီးရမိ တရုတ်နို်င်ငံသား ၄ ဦး

ဇွန် ၅ ရက် မနက် ရ နာရီခွဲက မိုင်းယောင်းမြို့အဝင် ဘီးခွန်ဂိတ်တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၄ ဦး နှင့် ယာဉ်မောင်း စိုင်းအောင် တို့ကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံသား ၄ ဦးအား တဦးလျှင် တရုတ်ငွေ ယွမ် ၁၅၀၀ နှုန်းကောက်ခံကာ အထူးဒေသ (၄)၊ နမ့်ပန်းရှိ ကျင်းရဲသို့ ပို့ဆောင်ပေးရန် တာချီလိတ်မှ တင်လာကြောင်း သိရသည်။

ထို တရုတ် ၄ ဦး သည် ကမ္ဘေားဒီးယား နိုင်ငံရှိ စားသောက်ဆိုင် တွင် အလုပ်လုပ်ရန် သွားရောက်ခဲ့ပြီး လွန်ခဲ့သည့် နှစ်ရက်ခန့်ကမှ ထိုင်းနိုင်ငံသို့ ရောက်ခဲ့ကြောင်း၊ ဇွန် ၅ ရက် နံနက် ၄ နာရီခွဲ တွင် တာချီလိတ်မှ ကျင်းရဲ သို့ ထွက်ခွာ ခြင်းဖြစ်ကြောင်းဆိုပါသည်။

ယင်း ဖမ်းဆီးခံရသည့် တရုတ် အမျိုးသား ၄ ဦး နှင့် ကားမောင်းခေါ်ဆောင်လာသည့် ယာဉ်မောင်း စိုင်းအောင် ကို မိုင်းယောင်းမြို့မ ရဲစခန်း မှ စစ်ဆေးနေကြောင်း မြန်မာ့အလင်းသတင်းတွင်ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့နယ်ထဲ ဖမ်းမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆၆ ဦးကို UWSA မှ တရုတ်ရဲလက်အပ်

0
သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၆၆) ဦးတို့ကို ‘ဝ’တပ်ဖွဲ့ UWSA မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ (၁) ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဝင်ရောက်တပ်စွဲထားသည့် တန့်ယန်းမြို့နယ်အတွင်း ဖမ်းဆီးရမိသော အွန်လိုင်းကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၆၆)...

ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၀၀ ကျော်ကို မိုင်းလားနယ်စပ်ဂိတ်မှတဆင့် စစ်ကောင်စီလွှဲပေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့ရှိ တာလော့ဂိတ်မှတဆင့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၂၀၇) ဦးကို စစ်ကောင်စီမှ တရုတ်နှင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။ ဇွန်လ (၂၄) ရက်တွင် မိုင်းလားတပ်ဖွဲ့ NDAA နှင့် စစ်ကောင်စီတို့ ပူးတွဲထိန်းချုပ်ထားသည့် မိုင်းလားမြို့ တာလော့နယ်စပ်ဂိတ်တွင် မြန်မာနိုင်ငံအတွင်း နယ်စပ်လမ်းကြောင်းများမှတဆင့် တရားမဝင်...

ကလောမြို့နယ် ဘော်ဆိုင်းသတ္တုတွင်းမှ တရားမဝင် တရုတ်နိုင်ငံသား (၇) ဦးကို စစ်ကောင်စီရဲများ ဖမ်းဆီးထား

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စုတွင် တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား (၇)ဦးကို စစ်ကောင်စီ လက်အောက်ခံ ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် မတ်လ (၁၆) ရက် ည ၇ နာရီခန့်၌ ကလောမြို့နယ် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးက...

တန့်ယန်းမြို့နယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၁၆၅)ဦးကို စစ်ကောင်စီဖမ်းဆီး

0
သျှမ်းပြည် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု ပိန်းမုံကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၁၆၅) ဦးကို စစ်ကောင်စီမှ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၁၂ ရက်တွင် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု ပိန်းမုံ(ပဵင်းမူင်ႈ) ကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူများကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် မိုင်းဟပြည်သူ့စစ်တို့...

ထိုင်း-မြန်မာနယ်စပ် တလျှောက် လူကုန်ကူးမခံရအောင် သတိပေးဆိုင်းဘုတ်ထောင်

0
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ တဆင့် မြန်မာဘက်သို့ လူကုန်ကူးခံရသည့် တရုတ်မင်းသား ဖြစ်ရပ်ပြီးနောက် ထိုင်းအာဏာပိုင်များသည် ကျားဖြန့်လုပ်ငန်းဖြင့် လူကုန်ကူးမှုမခံရအောင် သတိပေးဆိုင်းဘုတ်များကို နယ်စပ်မျဉ်းတလျှောက်တွင် စိုက်ထူးကြေညာထားသည်။  ထိုသတိပေးဆိုင်းဘုတ်တွင်လည်း တရုတ်ဘာသာစကား၊ ထိုင်းဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားတို့ဖြင့် ရေးသားသတိပေးထားသည်။  ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တဆင့် မြန်မာနိုင်ငံ​...